ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
စာစဉ် 3
Chapter 7 Blacktooth မျိုးနွယ်စု
အထီးကျန် မြက်ခင်းလွင်ပြင်ပေါ်မှာတော့ အနက်ရောင် သတ္တဝါကြီး ၃ကောင်ဟာ ဒုန်းစိုင်း ပြေးနေကြပါတယ်။ နင် နဲ့ အဖွဲ့သားတွေ အကုန်လုံးဟာ မျက်နှာမှာ ပျော်ရွှင်တဲ့ အမူအရာတွေ ပေါ်နေပါတယ်။ သူတို့တွေအခု အရှေ့ပိုင်းတောင် နွံတောကနေ အိမ်ကိုပြန်လာတဲ့ အပြန်လမ်းမှာပါ။ အနောက်ပိုင်း မြို့တော်နဲ့ တဖြည်းဖြည်း နီးကပ်လာခဲ့ပါပြီ။
"သခင်လေး"
ဆောင်းဦးသစ်ရွက်လေး အော်ခေါ်လိုက်ပါတယ်။
"အင်း.."
နင် သူမကို လှည့်ကြည့်လိုက်ပါတယ်။
ဆောင်းဦးသစ်ရွက်လေး မြန်မြန်ပြောလိုက်ပါတယ်။
"ကျွန်မတို့တွေ Serpentwing ရေကန်ကို သွားတဲ့လမ်းမှာ နွေဦးမြက်ပင်လေးရဲ့ Blacktooth မျိုးနွယ်စု နေရာကို ဖြတ်သွားရလိမ့်မယ်။ သူ့ဆီကို ဝင်လည်ကြရင် မကောင်းဘူးလား။ ကျွန်မလည်း သူနဲ့ မတွေ့ရတာ တော်တော်ကြာနေပြီ ဆိုတော့ တော်တော် သတိရနေမိတယ်။"
"နွေဦးမြက်ကလေး..."
နင်တချက်တွေဝေသွားခဲ့တယ်။ သူ့နှလုံးသားမှာလည်း သတိရမှုတွေ လျှံကျလာပါတယ်။ ဆောင်းဦးသစ်ရွက်လေး နဲ့ နွေဦးမြက်ကလေး ၂ယောက်လုံးက သူနဲ့ ငယ်ငယ်လေးထဲက အတူတူ ကြီးပြင်းခဲ့ကြတာလေ။ သူတို့တွေက သူ့ရဲ့ အမရင်းချာတွေလိုပါပဲ။ သူမနဲ့ မခွဲ ခွာချင်ပေမဲ့ နင်ဟာ နွေဦးမြက်ကလေး ဝမ်းနည်းနေရမှာကို မမြင်ချင်ခဲ့ပါဘူး။ ဒါကြောင့် သူမ အဖေနဲ့ လိုက်သွားဖို့ကို ခွင့်ပြုခဲ့တာပါ။ အခု နွေဦးသစ်ရွက်လေး အကြောင်းကြားရတော့ နင် စိတ်လှုပ်ရှားသွားရပါတယ်။
"ကောင်းသားပဲ။ သွားဝင်လည်ကြရအောင်လေ။"
"ကျေးဇူးတင်ပါတယ် သခင်လေးရှင့်.."
ဆောင်းဦးသစ်ရွက်လေး အရိုအသေပေးပြီး ပြောလိုက်ပါတယ်။
"ငါလည်း သွားလည်ချင်နေလို့ပါ။"
နင် ပြောပြီးတာနဲ့ သူ့ရဲ့ အနက်ရောင် စီးတော် သတ္တဝါကြီးကို တစ်ချက် ပုတ်လိုက်ပြီးတော့ ဦးတည်ချက်ပြောင်းလိုက်ပါတယ်။
أنت تقرأ
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)
خيال (فانتازيا)အကျဉ်းချုံး Xianxia world ( ဗုဒ္ဓ နှင့် တာအို ဝါဒကို အခြေခံထားတဲ့ သိုင်း ဝတ္ထု အမျိုးအစား) Desolate era လို့ခေါ်တဲ့ အဆုံးမဲ့ ပျက်စီးမှုတွေသာရှိတဲ့ အချိန်ကာလမှာ မျိုးနွယ်စုတွေဟာ အသက်ရှင်ဖို့အတွက် မိုးကောင်းကင် ၊ ကမ္ဘာမြေကြီး နဲ့ နတ်ဆိုးတွေကို တိုက်ခိ...
