ရေအောက်နန်းတော်

2.1K 226 0
                                        

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

စာစဉ် ၃

Chapter 14 ရေအောက်နန်းတော်

အချိန်စကြာဝဠာ ပြောင်းလဲသွားတာကို ဂျိနင် ခံစားမိလိုက်ပါတယ်။ သူ့ ပြန်လည်ဝင်စားခြင်း တံခါးကြီး ၆ပေါက်ထဲ ထပ်ပြီးတော့ ခုန်ဝင်လိုက်ရသလို ခံစားလိုက်ရပါတယ်။

နှလုံး တခုန်စာ အကြာမှာတော့ အရာရာဟာ ငြိမ်သက်သွားခဲ့ပါတယ်။

"ဒီနေရာ...."

နင် ပတ်ဝန်းကျင်ကို တစ်ချက် လေ့လာကြည့်လိုက်တော့ သူက အရမ်းကို ကျယ်ဝန်းတဲ့ စြင်္ကန် လမ်း တစ်ခုမှာ ရောက်နေတာ တွေ့လိုက်ပါတယ်။ စြင်္ကန်လမ်းရဲ့ အမိုးဟာ မီတာ ၃ရာကျော်လောက် မြင့်ပြီးတော့ အကျယ်ကလည်း မီတာ ၃၀၀ ကျော်ကျယ်ဝန်းတာ တွေ့လိုက်ရပါတယ်။ သူလာရာလမ်းကို ကြည့်လိုက်တော့ ဂိတ်ပေါက်ကြီး တစ်ခုကို တွေ့လိုက်ရပြီး ဂိတ်ပေါက်ကြီးရဲ့ တခြားဖက်ဟာ ရေအောက် ကမ္ဘာ ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ဒီ ရေတွေဟာ ဂိတ်ပေါက်ကို ကျော်ပြီးတော့ စြင်္ကလမ်းထဲကို ဝင်မလာနိုင်တာကို တွေ့လိုက်ရပါတယ်။ မမြင်ရတဲ့ အကာအကွယ် တံတိုင်းတစ်ခုက ဂိတ်ပေါက်မှာ တားဆီးပေးထားသလိုပါပဲ။

"ဘာဖြစ်သွားတာလည်း မသိဘူး။ "

နင်သတိထားပြီးတော့ မြှားနဲ့ ဂိတ်ပေါက်တစ်ဖက်က ရေထဲကို ပစ်လိုက်ပါတယ်။

"ထပ်"

မြားဟာ ရေထဲကို မရောက်ပဲ မမြင်ရတဲ့ အကာအကွယ် နဲ့ တိုက်မိပြီးတော့ ပြုတ်ကျသွားပါတယ်။

"မယုံကြည်နိုင်စရာပါလား"

နင် နောက်ကို ခြေလှမ်း ၁၀လှမ်းလောက် ဆုတ်လိုက်မိပါတယ်။ ပြီးတော့မှ ကျာယောင် လေးကြီးကို ထုတ်လိုက်ပြီးတော့ နှာခေါင်းတစ်ချက် မှုတ်လိုက်ပြီး လေးညို့ကို တင်လိုက်ပါတယ်။ ချက်ခြင်းပဲ သူ့တစ်ကိုယ်လုံး အနီရောင် အလင်းတန်းငွေ့တွေ ဖုံးလွှမ်းသွားပါတယ်။ ဖင်းဂေါ့ စွမ်းအင်တွေကို အပြည့်အ၀ ထုတ်သုံးလိုက်တာပါ။ လေးကို အဆုံးအထိ ဆွဲလိုက်ပြီးတော့ မြားနဲ့ ချက်ခြင်းပစ်လိုက်ပါတယ်။ မြားဟာ အလင်းတန်းတစ်ခုလို အကာအကွယ်ဂိတ်တံခါးဆီ တိုးဝင်သွားပါတော့တယ်။

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)Место, где живут истории. Откройте их для себя