ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
စာစဉ် 3
Chapter 12 Serpentwing ရေကန်သို့
စီးတော် သတ္တဝါကြီး ၃ကောင်ဟာ လွင်ပြင်ထဲမှာ ဒုန်းစိုင်း သွားနေကြပါတယ်။
"သခင်လေး"
ဆောင်းဦးသစ်ရွက်လေးက ရုတ်တရက် စကားပြောလိုက်ပါတယ်။
"မြစ်တန်ခိုးရှင်ဟီရဲ့ သားက သခင်လေးကို အရမ်း မုန်းတီးနေတာ။ တစ်ကယ်လို့သာ ကျွန်မတို့က သူ့ကို အခု ချမ်းသာပေးလိုက်ရင် နောင်တစ်ချိန်မှာ ဒုက္ခပေးလာနိုင်တယ်နော်။"
ဂျိနင်က မိုဝူဘက်ကို လှည့်ကြည့်နေပါတယ်။
ဆောင်းဦးသစ်ရွက်လေးက မြန်မြန် စကား ဆက်ပြောလိုက်ပြန်ပါတယ်။
"အဲ့ဒါ ကျွန်မကို မိုဝူက ပြောခိုင်းတာ မဟုတ်ဘူးနော်။ ကျွန်မ သခင်လေး အလိုမကျဖြစ်နေတယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်မ အချိန်အကြာကြီး စဉ်းစားပြီးမှ သခင်လေးကို ပြောပြတာပါ။"
နင် သက်ပြင်းရှည်တစ်ချက် ချလိုက်ပါတယ်။
"ငါ့ရဲ့ ရန်ကြွေးဟာ မြစ်တန်ခိုးရှင် ဟီနဲ့ပဲ သက်ဆိုင်တယ်။ သူ့ သားနဲ့ မပတ်သက်ဘူး။ ငါ့ သူ့ကို လက်စားချေပြီးပြီပဲ။ ဘာလို့သူ့သားကို ဆက်သတ်ရမှာလည်း။"
"ဒါပေမဲ့ မျိုးနွယ်စု အချင်းချင်း တိုက်ပွဲတွေ ဖြစ်တဲ့အခါကျရင် ကျွန်မတို့က ကျန်တဲ့ လက်ငုတ် ရန်စွယ် ဟူသမျှကို အမြစ်ဖြတ် သုတ်သင်နေကြပဲလေ။"
ဆောင်းဦးသစ်ရွက်လေးက ပြောဖို့ ကြိုးစားလိုက်ပါတယ်။
"ငါနားလည်ပါတယ်။ မျိုးနွယ်စုတစ်ခု ဆက်ပြီး အသက်ရှင် ရပ်တည်နိုင်ဖို့ အတွက် နည်းလမ်းပေါင်းစုံ သုံးကြတယ်ဆိုတာ။ ဒါပေမဲ့ ဒီလို မျိုးနွယ်စု သေးသေးလေးက ဂျိကလန်ကို ဘယ်လိုလုပ် ဒုက္ခပေးလာနိုင်မှာလည်း။ ငါတို့ ဂျိကလန်ဟာ ဒီဒေသကြီးကို အုပ်ချုပ်တာ အချိန်ကြာပြီ ဖြစ်သလို မရေမတွက်နိုင်တဲ့ လူတွေလည်း ဂျိကလန် လက်အောက်မှာ အသက်ပျောက်ခဲ့ ရပြီးပြီ။ ငါ့တို့ ဂျိကလန်ကို တိတ်တိတ်လေး မုန်းနေတဲ့ လူတွေ ဘယ်လောက်တောင် များမလဲဆို ငါတို့လည်း မသိနိုင်ဘူး။ ငါတို့ ဂျိကလန် ဒီလို ရပ်တည်နိုင်နေတာဟာ ငါတို့တွေ အပြစ် မပြုဖူးတဲ့ သူ မရှိလို့ မဟုတ်ပဲ ငါတို့ဟာ အရမ်းကို အစွမ်းထက်နေလွန်းလို့ပါ။"
YOU ARE READING
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)
Fantasyအကျဉ်းချုံး Xianxia world ( ဗုဒ္ဓ နှင့် တာအို ဝါဒကို အခြေခံထားတဲ့ သိုင်း ဝတ္ထု အမျိုးအစား) Desolate era လို့ခေါ်တဲ့ အဆုံးမဲ့ ပျက်စီးမှုတွေသာရှိတဲ့ အချိန်ကာလမှာ မျိုးနွယ်စုတွေဟာ အသက်ရှင်ဖို့အတွက် မိုးကောင်းကင် ၊ ကမ္ဘာမြေကြီး နဲ့ နတ်ဆိုးတွေကို တိုက်ခိ...
