(ခွင့်လွှတ်ပါ)

2.2K 289 1
                                        

ဝတ္ထု : Desolate era

မူရင်း စာရေးဆရာ : I Eat tomatoes

ဘာသာပြန်သူ - Dr – Panda

Dr – Panda ကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။

Thanks u all...

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

BOOK 2

Chapter 2 (mercy)

စာစဉ် ၂

အခန်း 2 (ခွင့်လွှတ်ပါ)

နင် အဝေးနားက မြွေကြီးကို ကြည့်ပြီး တီးတိုး ရေရွတ်လိုက်တယ်။

"ဒီမြွေကြီး တစ်ကိုယ်လုံးဟာ သွေးရောင် ဖြစ်နေပေမဲ့ သူ့ရင်အုပ်နားက အကြေးခွံတွေဟာ တောက်ပတဲ့ ငွေရောင် ရှိနေပြီးတော့ မျက်လုံး ၂လုံးက အနီရောင် တောက်ပနေတယ်.. အိုး... သူ့မှာ လက် သည်း ၂ဖက်လည်း ရှိနေတာပဲ"

ရွှီး.. ရွှီး..ရွှီး....

မြွေကြီးဟာ တဖြည်းဖြည်း ရွေ့လာပြီးတော့ နင်ကို ပါးပြင်းထောင်ပြီး စိုက်ကြည့်နေတယ်။ သူ့ရဲ့ မွေးရာပါ ခေါင်းမာ တတ်မှုက ဒီသူ့ရှေ့က လူငယ်ကို ဂရုစိုက်စရာတစ်ခု အနေနဲ့ မမြင်မိစေဘူး။ သူ့အတွေ့ အကြုံအရ ဒီလို မျိုးနွယ်စုတွေက လူငယ်တွေ အကုန်လုံးဟာ အရမ်းကို အားနည်းကြတယ်။ ဒီ နေရာဟာ ဂျိကလန်ရဲ့ နယ်မြေ ဖြစ်ပေမဲ့ ဒီလူငယ်ဟာ ဒီလောက် အစွမ်းထက်စရာ အကြောင်း မရှိဘူး...။

နင် တစ်ချက် ရီမောလိုက်တယ်။

သူ့အသက် တစ်ချက် ရှူထုတ်လိုက်တာ ဒီ ရှူထုတ်လိုက်တဲ့ စွမ်းအင် ကို အငွေ့တန်းအနေနဲ့ သာမာန်မျက်စိနဲ့ တောင် တွေ့လိုက်ရတယ်။ သူ့ခန္ဓာကိုယ် အနည်းငယ် နီသွားပြီးတော့ အရမ်းကို အစွမ်းထက်တဲ့ အငွေ့အသက်တွေ သူ့ကိုယ်ကနေ ထွက်လာတယ်။ ဒါကိုတွေ့တော့ အဝေးမှာ ရှိနေတဲ့ မြွေကြီး အံ့သြသွားတယ်။ သူ့ ရှေ့မှာ ရှိနေတဲ့ လူငယ်ဟာ ရုတ်တရက် သူ့ထက်အဆင့်မနိမ့်တဲ့ ကြောက်မက်ဖွယ်ရာ အငွေ့အသက်တွေ ထွက်လာတာကို သူမယုံကြည်နိုင်အောင် ဖြစ်သွားတယ်။

"ငါဒီတလော မိုးရေစက် ဓားသိုင်ကို သေချာ မလေ့ကျင့်ဖြစ်ဘူး ။ အခုတော့ မင်းနဲ့ လေ့ကျင့်ရမယ်။"

နင်ဟာ ရုတ်တရက် အရှေ့မီတာ အကွာအဝေး တော်တော် များများကို ပြေးသွားပြီးတော့ လက်ထဲကဓားနဲ့ လျှပ်စီးလက်လိုက်သလို မြွေကြီးကို ထိုးလိုက်တယ်။ မြွေကြီးကလည်း သူ့လက်သည်းကြီး နှစ်ဖက်နဲ့ လခြမ်းကွေးလို တစ်ချက် ဝိုက်ဆွဲပြီး ပြန် တိုက်ခိုက်လိုက်တယ်။

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)حيث تعيش القصص. اكتشف الآن