ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 5 (ဇီဖူ တန်ခိုးရှင်)
Chapter 6 ( အပြန်လမ်း )
နှင်းနဂါးတောင်? ပိုင်ဇီရှန်?
ပိုင်ဇီရှန်က နှင်း နဂါးတောင်က ဇီဖူတန်ခိုးရှင်လား?
နင် အတွေးတွေကို ခနရပ်လိုက်ပြီးတော့ တလေးတစား မေးမြန်းလိုက်ပါတယ်...
"ကျွန်တော့် အမေက အသည်းအသန် ဖျားနာနေလို့ပါခင်ဗျာ။ ကျွန်တော်တို့ ဂျိကလန် က အမေ့ကို ကုသပေးနိုင်မယ် မထင်မိပါဘူး။ သူတော်စင် မူကို အကူအညီ တောင်ချင်လို့ပါ။ ကျွန်တော်တို့ ဂျိကလန်ကို တစ်ခေါက်လောက် လိုက်ခဲ့ပြီးတော့ အမေ့ကို ကုသပေးနိုင်မလားခင်ဗျာ"
သူတော်စင်မူက နင်ရဲ့ မျက်နှာကို ကြည့်လိုက်ပြီးတော့ သက်ပြင်းရှည် ချလိုက်ပါတယ်။
"ငါက ဆေးပညာမှာ သိပ်ပြီးတော့ နားမလည်ပါဘူး။ ဒါပေမဲ့ လိုက်ကြည့်ပေးပါ့မယ်။ ငါ ကုသပေးနိုင်တယ်ဆိုရင်တော့ ကုသပေးပါ့မယ်။ ဒါပေမဲ့ မကုသနိုင်ရင်တော့...."
"သူတော်စင်သာ လိုက်ခဲ့မယ်ဆိုရင် ဂျိနင်အတွက် အတိုင်းထက်အလွန်ပါပဲခင်ဗျာ"
"ဟိုကောင် ဒီကိုလာခဲ့စမ်း"
သူတော်စင်မူက အဝေးကိုကြည့်ပြီး အော်လိုက်ပါတယ်။ ဖုတ်ကောင်နက်ကြီးက ရိုရိုကျိုးကျိုး လမ်းလျှောက်လို့ ရောက်လာပါတယ်။
သူတော်စင်မူ လက်ကို ဝှေ့ယမ်းလိုက်တော့ ခရမ်းရောင် အခေါင်းတစ်ခု ပေါ်လာခဲ့ပါတယ်။
"အထဲဝင်စမ်း"
သူတော်စင်မူ အမိန့်ပေးလိုက်တဲ့အတိုင်း ဖုတ်ကောင်နက်ကြီးက အခေါင်းကိုဖွင့်ဝင်ပြီးတော့ လဲလျောင်းလိုက်ပြီး အခေါင်းအဖုံးကို ပြန်ပိတ်လိုက်ပါတယ်။
"ဒါက အလောင်းထိန်း အခေါင်းလေ"
သူတော်စင် မူက အခေါင်းကို ပြန်သိမ်းလိုက်ပြီးတော့ နင်ကို ရှင်းပြလိုက်ပါတယ်။
"ဒီ ဖုတ်ကောင်နက်ကြီးက သူ့ရဲ့ သခင်မရှိတော့ဘူးလေ။ သူ့ကို လွှတ်ထားလိုက်ရင် မတော်တဆ တခြားလူတွေ ထိခိုက်သွားနိုင်တယ်။ ဒါကြောင့် ငါမင်းနဲ့ စကားပြောနေတုန်းမှာ ငါ့ရဲ့ ကီ အစွမ်းနဲ့ သူ့ကို ချည်နှောင်လိုက်တာပဲ။"
VOCÊ ESTÁ LENDO
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)
Fantasiaအကျဉ်းချုံး Xianxia world ( ဗုဒ္ဓ နှင့် တာအို ဝါဒကို အခြေခံထားတဲ့ သိုင်း ဝတ္ထု အမျိုးအစား) Desolate era လို့ခေါ်တဲ့ အဆုံးမဲ့ ပျက်စီးမှုတွေသာရှိတဲ့ အချိန်ကာလမှာ မျိုးနွယ်စုတွေဟာ အသက်ရှင်ဖို့အတွက် မိုးကောင်းကင် ၊ ကမ္ဘာမြေကြီး နဲ့ နတ်ဆိုးတွေကို တိုက်ခိ...
