( ပိုင်ဇီရှန် )

1.8K 241 0
                                        

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

Book 5 (ဇီဖူ တန်ခိုးရှင်)

Chapter 4 ( ပိုင်ဇီရှန် )

ဂျိနင် ဓားပျံငယ် တစ်ထောင် ဝင်္ဂဘာသိုင်း ကို တခါမှ အဆင့် ၆ အထိ မထုတ်သုံးဖူးပါဘူး။ ရေအောက်နန်းတော်မှာ တုန်းက အဆင့်ငါးအထိက သူ့ရဲ့ အသုံးပြုနိုင်စွမ်း အကုန်ပါပဲ။ ဒါပေမဲ့ သူ့ရဲ့ ဝင်္ဂဘာကျမ်း ကိုးခုကအတိုင်း လေ့လာခဲ့တဲ့အပြင် ဓားတွေကို ထိန်းချုပ်ရာမှာ ပိုကောင်းတဲ့ စနစ်ကိုလည်း နားလည်ခဲ့ပါတယ်။ ဒါကြောင့် သူ ခုနက ဓားပျံငယ် တစ်ထောင် ဝင်္ဂဘာသိုင်း အဆင့်၅ ကို ထုတ်သုံးလိုက်တော့ သိပ်ပြီး မခက်ခဲတော့တာကို သတိထားမိလိုက်ပါတယ်။ ဒါကြောင့် သူ အဆင့် ၆ ကို သုံးတဲ့အခါမှာ နည်းနည်းခက်ခဲနိုင်ပေမဲ့ သိုင်းကွက်ကိုတော့ တစ်ချက်လောက် ပြီးအောင် ထုတ်လို့ ရလောက်ပါသေးတယ်။

"ငါ လုပ်နိုင်မှ ဖြစ်မယ်။ မလုပ်နိုင်ရင် သေပြီပဲ။"

နင် ဓားပေါင်း ၄၈၆ လက်ကို သေချာ ထိန်းကျောင်းလိုက်ပါတယ်။ အဓိက အမှတ်နေရာတွေကို ထိန်းချုပ်ပြီးတော့ ဓားတွေကို သေချာ စီးဆင်းလိုက်ပါစေလိုက်ပါတော့တယ်။ နင်အတွက်ထိန်းချုပ်ရတာ ခက်ပေမဲ့လည်း ဓားတွေက အရောင် တလက်လက် တောက်ပလာပါတော့တယ်။

"ရပြီ"

နင်က ပိုးကောင်တွေ အကိုက်ခံနေရသလို ဖုတ်ကောင်ကြီးရဲ့ တိုက်ခိုက်မှုကိုလည်း ရှောင်တိမ်းနေရပါသေးတယ်။ ဒါပေမဲ့ သူအောင်မြင်သွားလို့ တော်တော် ပျော်သွားပါတယ်။ ဒီ ဓားပျံငယ်တစ်ထောင် ဝင်္ဂဘာဓားသိုင်း အဆင့် ၆ ကို သူ စတင် အသက်သွင်းလိုက်ပါတော့တယ်။

"သေစမ်း"

နင် အဝေးက ပိုင်ဇီရှန်ကို စားတော့ဝါးတော့မတတ် ကြည့်နေလိုက်ပါတယ်။

သူ့အရှေ့က ဓားအလင်းတွေဟာ နင်ရဲ့ စိတ်စေရာအတိုင်း ဥက္ကာခဲ တစ်ခုလို ပြင်းထန်လွန်းတဲ့ အားနဲ့ အမြန် နှုန်းနဲ့ အတူ ဘယ်တားဆီးမှုကိုမှ ဂရုစိုက်တဲ့ အသွင်နဲ့ ပိုင်ဇီရှန်ဆီကို ပြေးဝင်သွားပါတော့တယ်။

"သေလိုက်တော့"

သူ့ရဲ့ လှေပေါ်မှာ မတ်တပ်ရပ်နေရင်းနဲ့ ပို်င်ဇီရှန်က အလံတိုင်ကို ဝှေ့ယမ်းလိုက်ပါတယ်။

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)Where stories live. Discover now