ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 5 (ဇီဖူ တန်ခိုးရှင်)
Chapter 15 ( နှင်းနဂါးတောင် )
မီးတောက်ကိုးခု သခင်ကြီး ခန့်မှန်းထားသလိုပဲ အကုန်ဖြစ်နေပါတယ်။ သူတို့နဲ့ ကီလိုမီတာ တစ်ထောင်ကျော်အကွာမှာတော့...
လေထဲမှာ မှန်ပြားကြီး တစ်ခု ရှိနေပါတယ်။ အဲ့ဒီထဲမှာ လူ လေးယောက် ရပ်လို့ နေပါတယ်။ ရုတ်တရက် အလင်းတန်းတစ်ခု ထိုးတက်လာပါတယ်။ အဲ့ဒါကတော့ ဓားကြီးတစ်လက်ပေါ်မှာ မတ်တပ်ရပ်နေတဲ့ ဗလတောင့်တောင့်နဲ့ လူကြီးတစ်ယောက်ပါပဲ။ သူ့အသားအရောင်က အပြာရောင်အလင်းဖျော့ဖျော့ ထွက်နေပါတယ်။ သူက ဖင်းဂေါ့ တစ်ယောက်လိုပါပဲ။
"ငါ့ ညီအကိုတွေ.. ငါ စစ်ဆေးကြည့်ပြီးပြီ။ ဒီမြေအောက်မှာ အရမ်းကို ကြီးမားပြီးတော့ အရည်အသွေးမြင့်တဲ့ ဓာတ်သတ္ထုကြောကြီး ရှိနေတယ်။ အရမ်းကိုကြွယ်ဝတဲ့ သတ္ထုကြောကြီးပဲ။"
သူ့မျက်နှာက ပျော်ရွှင်နေပါတယ်။
ရှစ်ထောင့်ပုံ သင်္ကေတပါတဲ့ ဝတ်စုံနက်ကို ဝတ်ထားတဲ့ ဆံပင်ရှည်နဲ့ လူကြီးက ရယ်မောလိုက်ပါတယ်။
"အိုး... ဂိုဏ်းတူညီလေး ဂျူဆန်.. မင်းကြိုးစားခဲ့တာအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ဂျိကလန်ရဲ့ ပိုင်နက်ထဲမှာ ဒီလောက်ကြီးမားတဲ ဓာတ်သတ္ထုမိုင်းကြီး ရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလည်း။ အော် ... ဒါနဲ့ ဂျူဆန်... မင်း သူတို့တွေ မိုင်းတွင်းတွေ ဆောက်ထားတာကော တွေ့မိလား။"
ဗလတောင့်တောင့်နဲ့ လူကြီးက ခေါင်းခါလိုက်ပါတယ်။
ဝတ်စုံနက်နဲ့လူက ကျေနပ်သွားပြီး ခေါင်းညိတ်လို်က်ပါတယ်။
"ဂျိကလန်က ဓာတ် သတ္ထုတွေကို တစ်ခါမှ အပြင်လူကို မရောင်းဖူးဘူး။ ဒါကြောင့် ဒီ ကိစ္စ မတိုင်ခင်မှာ သူတို့တွေ ဒီသတ္ထုကြောကို မတွေ့သေးတာသေချာတယ်။ ငါ့ ညီအကိုတွေအားလုံးပဲ .. တစ်ခေါက်လောက် ဒုက္ခခံပြီးတော့ ဒီ သတ္ထုကြော ဘယ်လောက် ကြီးမားလည်းဆိုတာ စစ်ဆေးကြည့်ပေးပါလား။ ငါကတော့ ဘယ်လောက် နက်ရှိုင်းလည်းဆိုတာ စစ်ကြည့်လိုက်မယ်။ အားလုံးပြီးသွားရင် ဒီမှာ ပြန်ဆုံကြမယ်။"
YOU ARE READING
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)
Fantasyအကျဉ်းချုံး Xianxia world ( ဗုဒ္ဓ နှင့် တာအို ဝါဒကို အခြေခံထားတဲ့ သိုင်း ဝတ္ထု အမျိုးအစား) Desolate era လို့ခေါ်တဲ့ အဆုံးမဲ့ ပျက်စီးမှုတွေသာရှိတဲ့ အချိန်ကာလမှာ မျိုးနွယ်စုတွေဟာ အသက်ရှင်ဖို့အတွက် မိုးကောင်းကင် ၊ ကမ္ဘာမြေကြီး နဲ့ နတ်ဆိုးတွေကို တိုက်ခိ...
