အခန်း 5 : ဂျိကလန်

3.3K 351 1
                                        

Desolate era chapter 5 Ji clan

အခန်း 5 : ဂျိကလန်

နွေဦးရဲ့ နေရောင်ခြည်တွေ နွေးတွေးစွာ ဖြာကျနေတယ်။

နီရဲနေတဲ့ နုတ်ခမ်းနဲ့ ဖြူဖျော့ဖျော့မျက်နှာနဲ့ ကလေးငယ်လေးကို မိန်းမပျိုလေးက သားမွေး အကျီ ကူဝတ်ပေးနေတယ်။ တခြားမိန်းမပျို တစ်ယောက်က ရေဇလုံနဲ့ ဆား ပန်းကန်လုံးလေး ကိုင်ပြီး ရပ်စောင့်နေတယ်။

"အရင်ဘဝက ငါ နာမကျန်းပေမဲ့ ငါ့ အဝတ်ငါ ဝတ်ရတယ်။ အခု ဘဝကျတော့ ငါ လုံး၀ ကျန်းမာရုံတင် မက ခြေအရံတွေလည်း အသင့်ပဲ။"

ဂျိနင်ကို သူမွေးကတည်းက အခြွေအရံ အသင့် ကူညီပေးနေတယ်။တစ်ခါတစ်လေ သူ့ဖာသာ သာ အဝတ်ဝတ်မိရင်တောင် နွေဦးနှင်းပန်းနဲ့ ဆောင်းဦး သစ်ရွက်လို့ ခေါ်တဲ့ အခြွေ အရံ နှစ်ယောက်က ကြောက်လန့်တုန်လှုပ်စွာ ဒူးထောက်တောင်းပန်ကြတယ်။

"ငါ့ကိုပေးပါ..."

သူ ရေဇလုံနဲ့ ဆားကို ယူပြီး အရှေ့ က ရေပန်းကို ထွက်လာတယ်။ ်ဆားနဲ့ သူသွားတိုက်လိုက်တယ်။

တော်တော် ဘဝပျက်နေတဲ့ ခေတ်ပဲ။ သွားတိုက်တံလည်း မရှိဘူး။ ကိုယ့်လက်နဲ့ ကိုယ်သွားတိုက်နေရတယ်။သွားတိုက်ဆေးလည်း မရှိဘူး ဆားခဲပဲရှိတယ်။

သူ သွားမြန်မြန် တိုက်လိုက်တယ်။

သူတစ်ခုနားမလည်တာက သူမွေးကတည်းက အရမ်း သန့်ရှင်းနေတာပဲ။ ပါးစပ်မှာ အနံ့တောင် မနံဖူးဘူး။ ဒါကြောင် သူသွားတိုက်ဖို့တောင် မလိုဘူး။ သူ့ အမေက သွားမတိုက်ရင် ဆူလို့ သွားတိုက်နေရတာ။

ပါးလုပ်ကျင်းပြီး ရေဇလုံကို အနီးက ကောင်မလေးကို ပေးလိုက်တယ်။

"ဆောင်းဦးသစ်ရွက်ရေ နင်တို့ မျိုးနွယ်စုမှာ ဆားနဲ့ သွားတိုက်ကြရဲ့လား လို့ မေးလိုက်တယ်။ သူ လေးနှစ်ရှိပြီ ဖြစ်ပြီး စာတွေ အများကြီး လေ့လာခဲ့ပြီးပြီ။ တော်တော်များများ နားလည်နေပြီ။ ဒါပေမဲ့ သူ မျိုးနွယ်စုတွေ အကြောင်း သေသေချာချာ နားမလည်သေးဘူး။"

"ဘယ်လို လုပ် သွားတိုက် ကြမှာလဲ" လို့ ဆောင်းဦး သစ်ရွက် လေးက တုန်လှုပ်စွာ ပြန်ဖြေတယ်။ "သူတို့ သူံးနေကျ ဆားတောင် ဒီ ဆားလောက် မဖြူဘူး။ အဲ့ ဆားနဲ့ ဘယ်လို သွားတိုက်လိုက ရမှာလဲ။ လူအများကြီး တစ်ဘဝလုံး သွားမတိုက်ကြဘူး။ ဒီလို ဇလုံတောင် အရမ်း တန်ဖိုး ကြီးလို့ စွပ်ပြုတ် တည်ရင်သာ အသုံးပြုကြတယ်။ ငါတို့ သွားတိုက်ဖို့ မသုံး နိုင်ကြပါဘူး။"

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)Where stories live. Discover now