ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 5 (ဇီဖူ တန်ခိုးရှင်)
Chapter 19 ( ကွဲကွာခြင်း )
သူတို့ မွေးရပ်မြေကို စွန့်ခွာသွားရမယ်။
ဂျိနင်ရင်ထဲက အမုန်းတရားတွေကို ထိန်းချုုပ်ထားရပါတယ်။ သူ တစ်ကယ့်ကို မလိုချင်တာပါ။ ဒီလို ဖြစ်ရပ်ကို တစ်ကယ်မဖြစ်စေချင်ပါဘူး။ ဒါပေမဲ့ သူတွေ့တာက သူ့အဖေ၊ အရိပ်ဖွားဖွား၊ အမှန်တရားစောင့်ထိန်းသူတို့ အကုန်လုံး တိတ်ဆိတ်နေကြတာကိုပါပဲ။ ဂျိကလန် အသက်ဆက် ရှင်သန်နိုင်ပြီးတော့ တိုးတက်ဦးမယ်ဆိုရင် သူတို့တွေ ဒီ မွေးရပ်မြေကို စွန့်ခွာသွားရတာအတွက် သည်းခံနိုင်ကြပါတယ်။
"နှင်းနဂါးတောင်က တရားဝင်အမိ်န့်စာလွှာ တစ်ခုပေးတာနဲ့ ငါတို့ဂျိကလန်လည်း ဓားတစ်သောင်းမြို့တော်ရဲ့ တရားဝင် အမိန့်စာလွှာကို လွှဲအပ်ပေးမယ်။"
မီးတောက်ကိုးခုက အသံတိုးတိုးလေး ပြောလိုက်ပါတယ်။
"တရားဝင် အမိန့်စာလွှာ"
တုံဇီကွီတို့တွေ အချင်းချင်းကြည့်လိုက်မိကြပါတယ်။
"ဂိုဏ်းတူအကိုကြီး ကျွန်တော်တို့ ဘာဆက်လုပ်ကြမလည်း။ တရားဝင်အမိန့်စာလွှာ ပေးလိုက်မလား။"
ဆံပင်စိမ်းနဲ့ မိန်းမကမေးလိုက်ပါတယ်။
"ပေးရမယ်? ဂိုဏ်းတူညီမလေး ဟီစင် .. မင်းက တစ်ခုပေးမလို့လား။?"
ဇီကွီက သူ့ကိုကြည့်ပြီး မေးလိုက်ပါတယ်။
ဆံပင်စိမ်းနဲ့ ကောင်မလေး အသံတိတ်သွားပါတယ်။
မူလဂိုဏ်းကနေ ထွက်ခွာလာပြီးတော့ ဂိုဏ်းဌာနခွဲ လာဖွင့်တဲ့ သူတွေဟာ အရမ်းကြီး တိုးတက်ဖို့ အကြောင်းမရှိတော့တဲ့ အပြင်စည်းတပည့်ဖြစ်သွားကြတဲ့ သူတွေများပါတယ်။ ဒီချိုင့်ဝှမ်းဒေသက တော်ဝင်ရှအင်ပါယာရဲ့ ဗဟို အုပ်ချုပ်ခွင့်ရ မြို့တော်ကသူတို့ရဲ့ အခြေခံ အုတ်မြစ်ပါပဲ။ သူတို့တွေရဲ့ မျိုးနွယ်စုတွေ အများကြီးကို စုစည်းထာတဲ့ နေရာတွေ ဖြစ်ခဲ့တာ အချိန်အတော်ကြာနေပါပြီ။ သူတို့တွေလည်း မပေးနိုင်ပါဘူး။
YOU ARE READING
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)
Fantasyအကျဉ်းချုံး Xianxia world ( ဗုဒ္ဓ နှင့် တာအို ဝါဒကို အခြေခံထားတဲ့ သိုင်း ဝတ္ထု အမျိုးအစား) Desolate era လို့ခေါ်တဲ့ အဆုံးမဲ့ ပျက်စီးမှုတွေသာရှိတဲ့ အချိန်ကာလမှာ မျိုးနွယ်စုတွေဟာ အသက်ရှင်ဖို့အတွက် မိုးကောင်းကင် ၊ ကမ္ဘာမြေကြီး နဲ့ နတ်ဆိုးတွေကို တိုက်ခိ...
