အခန်း ၁၈ (တောင်ပံ)
လက်ကို လေထဲမှာ တစ်ချက် ဝှေ့ယမ်းလိုက်တာနဲ့ အပြာရောင် ရွှေတုံး တစ်တုံး နင်ရဲ့ လက်ထဲမှာ ပေါ်လာတယ်။ သူ ဒီ ရွှေတုံးကို မြွေနဲ့ လူကြီးဆီကို ပစ်ပေးလိုက်တယ်။
ဂျိနင်။ ။"အင်း... ဒါကို ယူလိုက်တော့.."
မြွေနှင့် လူကြီး။ ။ဒီ ရွှေတုံး သေးသေးလေးပဲလား ခင်ဗျ...ပြီးတော့ ဒီဟာက ကြည့်ရတာ သန့်စင်ထားပုံတောင်မရဘူး။
မြွေနဲ့ လူကြီး နဲ့ သူ့နောက်က လူ ကြီး နှစ်ယောက် ရွှေတုံးကို ကြည့်ပြီး သွေးထွက်သွားကြတယ်။
"သခင်လေး ခင်ဗျာ.."
"လေးစားရတဲ့ သခင်လေးရယ်..."
လူကြီး ၃ယောက်လုံး ဒူးထောက်ပြီး အော်ဟစ်လိုက်ကြတယ်။ သူတို့ ကလန်ကို ဘယ်လို မျက်နှာ နဲ့ ပြန်လို့ရမှာလည်း။ သူတို့နဲ့ အတူ ကလန်က လူတွေ ပါလာကြပါတယ်။ ဒါပေမဲ့ မြို့ ဝင်ကြေးက အရမ်းကို ဈေးကြီးလို့ သူတို့လို သာမာန်မျိုးနွယ်စု ကလန် ကလေးတွေအတွက် ဘယ်လိုမှ လူအကုန်ပါအောင် မြို့ထဲကို ဝင်ဖို့ မတတ်နိုင်ကြဘူးလေ။ ဒါကြောင့် သူတို့ ကလန်က ကျန်တဲ့ လူတွေ အကုန်လုံး မြို့ပြင်မှာပဲ စောင့်နေကြတယ်။
"မင်းတို့ ငတုံးတွေပဲ။ ဒီ ရွှေတုံးကို မိုးကြိုးရွှေတုံးလို့ ခေါ်တယ်။"
"ငါဆိုရင် ဒီ အရွယ် မိုးကြိုးရွှေတုံးအတွက်ကို ရွှေအချိန် ၁၀၀ နဲ့ ရရင် ချက်ချင်းဝယ်လိုက်တယ်။"
"ဘာ.. ရွှေအချိန် ၁၀၀ ပဲ ဟုတ်လား... ငါသာဆို ဒီ အရွယ် မိုးကြိုး ရွှေတုံးအတွက် ရွှေ အချိန် ၁၆၀ ပေးနိုင်တယ်။ ငါချက်ချင်း ငါ့အိမ်တော်ကို လူလွှတ်ပြီး ရွှေအချိန် ၁၆၀ သွားယူခိုင်းလိုက်မယ်။"
ချက်ချင်းပဲ အနားမှာ ရှိတဲ့ လူတွေက တစ်ယောက်တစ်ပေါက် ဈေးတွေပေးပြီး ဝယ်ကုန်ကြတယ်။ ဒီ လူတွေအကုန်လုံးက အနောက်ဘက် ဂျိကလန်က ရာထူးကြီးတဲ့ လူတွေ နဲ့ တခြား တန်ခိုးကြီးတဲ့ အနီးက ကလန်တွေကနေ လာကြတဲ့ ဇင်တျန် အဆင့် တန်ခိုးရှင်တွေ ဖြစ်ကြတယ်။ သူတို့ ဒီလို အလုအယက် ဈေးပေးကုန်ကြတော့ ဒီ မိုးကြိုးရွှေတုံးဟာ ဘယ်လိုမှ သာမာန်ရွှေတုံး မဖြစ်နိုင်တော့ဘူး။
YOU ARE READING
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)
Fantasyအကျဉ်းချုံး Xianxia world ( ဗုဒ္ဓ နှင့် တာအို ဝါဒကို အခြေခံထားတဲ့ သိုင်း ဝတ္ထု အမျိုးအစား) Desolate era လို့ခေါ်တဲ့ အဆုံးမဲ့ ပျက်စီးမှုတွေသာရှိတဲ့ အချိန်ကာလမှာ မျိုးနွယ်စုတွေဟာ အသက်ရှင်ဖို့အတွက် မိုးကောင်းကင် ၊ ကမ္ဘာမြေကြီး နဲ့ နတ်ဆိုးတွေကို တိုက်ခိ...
