ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 5 (ဇီဖူ တန်ခိုးရှင်)
Chapter 21 (ဇီဖူရေကန်)
ဂျိနင်ရဲ့ ဓားပျံငယ်တစ်ထောင် ဝင်္ဂဘာ ဓားသို်င်းရဲ့ ဓားအလင်းစာ လှပစွာနဲ့ ဟီစင်ရဲ့ ကိုယ်ပေါ်ကို ကျလာပါတယ်။ ဟီစင် မျက်နှာ ပျက်သွားပါတော့တယ်။
"အရမ်း ကြောက်ဖို့ကောင်းတဲ့ ဓားအလင်းပဲ။ ရွေးစရာ လမ်း မရှိတော့ဘူး။"
သူမရဲ့ ဆံပင်ကော ခန္ဓာကိုယ်ပါ အစိမ်းရောင် အလင်းဖျောဖျော့ ဖြာထွက်လာပါတယ်။ ဓားအလင်းက သူမ ခန္ဓာကိုယ်ကို ကာကွယ်ထားတဲ့ အစိမ်းရောင် အလင်းနဲ့ တိုက်ရိုက် ထိတွေ့မိိလို်က်ပါတော့တယ်။ အစိမ်းရောင် အလင်းဟာ တုန်ခါလာပြီးတော့ အက်ကြောင်းတွေ ပေါ်လာကာ နောက်ဆုံးတော့ တစစီ ပျက်စီးသွားပါတော့တယ်။
ဓားအလင်းမှာ ကျန်နေတဲ့ စွမ်းအင်က အရမ်းကို အားအင်နည်းသွားတဲ့အတွက် ဟီစင်ရဲ့ ဝတ်စုံကို မထိုးဖောက်နိုင်တော့ပါဘူး။
"အကိုကြီး၊ ဆရာပေးလိုက်တဲ့ လည်ဆွဲက ဓားချက် တစ်ချက်တည်းနဲ့ ပျက်စီးသွားပြီ။"
အရမ်းကို ကြောက်ဖို့ကောင်းတဲ့ အဖြစ်အပျက်ပါပဲ။
ဒီဓားအလင်းရဲ့ အင်အားက ဝမ်ဇင်းသူတော်စင်ရဲ့ သာမန်ရိုက်ချက် တစ်ချက်နဲ့ ညီနေပါတယ်။ သူမဆရာပေးလိုက်တဲ့ လည်ဆွဲတောင်မှ တစ်ခါပဲ ကာကွယ်ပေးနိုင်ပါတယ်။
"ညီမလေး.. အစွမ်းကုန် ရုန်းထွက်ကြတာပေါ့။ ငါတို့တွေ ကံကောင်းဖို့ပဲ မျှော်လင့်ရတာပဲ။ ဒီနေရာဟာ ငါတို့ရဲ့ သချင်္ု ိင်းလို့ သတ်မှတ်ပြီး အစွမ်းကုန် တိုက်ခိုက်နိုင်မှ အသက်ရှင်ဖို့ အခွင့်အရေး ရှိလိမ့်မယ်။"
"အမှန်ပဲ"
စင် ခေါင်းညိတ်လိုက်ပါတယ်။
ဆုံးဖြတ်ချက် ပြတ်သားမှုဟာ မောင်နှမ နှစ်ယောက်မျက်နှာမှာပေါ်နေပါတယ်။ သူတို့ရဲ့ အကြည့် နဲ့ အော်ရာတွေဟာ အရမ်းကို ကြောက်ဖို့ကောင်းလာပြီးတော့ သွေးရောင်က ခန္ဓာကိုယ်ကနေ ဖြာထွက်လာပါတော့တယ်။
"တားမြစ် သိုင်းပညာ"
အဝေးက ဂျိမီးတောက်ကိုးခု၊ ဂျိနင်၊ အရိပ်ဖွားဖွား နဲ့ ကျွန်အိုကြီး အားရှင် တို့ ဒီ အဖြစ်အပျက်ကို မြင်လိုက်တော့ မျက်နှာပျက်သွားကြပါတော့တယ်။
YOU ARE READING
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)
Fantasyအကျဉ်းချုံး Xianxia world ( ဗုဒ္ဓ နှင့် တာအို ဝါဒကို အခြေခံထားတဲ့ သိုင်း ဝတ္ထု အမျိုးအစား) Desolate era လို့ခေါ်တဲ့ အဆုံးမဲ့ ပျက်စီးမှုတွေသာရှိတဲ့ အချိန်ကာလမှာ မျိုးနွယ်စုတွေဟာ အသက်ရှင်ဖို့အတွက် မိုးကောင်းကင် ၊ ကမ္ဘာမြေကြီး နဲ့ နတ်ဆိုးတွေကို တိုက်ခိ...
