ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 5 (ဇီဖူ တန်ခိုးရှင်)
Chapter 9 ( နွေးထွေးမှု )
ရီချွမ် သူ့သားကိုကြည့်လိုက်ပြီးတော့
"ငါ သိတာတစ်ခုက သူက နှင်းနဂါးတောင်က တပည့်တယောက်ပဲ။ သူ့ အဖိုးက တောင်ပိုင်ရှင် တစ်ယောက်ဖြစ်ပြီးတော့ မူလတာအို တန်ခိုးရှင် တစ်ယောက်လည်း ဖြစ်တယ်။"
နင် မျက်နှာ ပျက်သွားပါတယ်။
မူလတာအို တန်ခိုးရှင်...
"သူ ကိုယ်တိုင်ကတော့ဇီဖူတန်ခိုးရှင်ပါ။ ကြောက်ဖို့မလိုပါဘူး။ ဒါပေမဲ့ သူ့နောက်မှာ မူလတာအို တန်ခိုးရှင် ကျောထောက်နောက်ခံ ရှိနေတယ်။ ငါတို့တွေ သူ့ကို ရန်စလို့ မဖြစ်ဘူး။ ငါတို့တွေ သူနဲ့ သွားပြိုင်လိုက်ရင် ဂျိကလန်က လုံးဝပျက်စီးသွားမှာပဲ။ ဒါကြောင့် သားရဲ့ အဖေနဲ့ အမေက သားရှေ့မှာ ဒီအကြောင်းတစ်ခွန်းမှ မပြောခဲ့တာပေါ့။ အဖေနဲ့ အမေတောင် ဂျိကလန်ကို လျှို့ဝှက်ပြီး ပြန်လာခဲ့ရတာ။ ပြီးတော့ အမြဲတမ်း နိမ့်ချပြီး နေထိုင်ခဲ့တယ်။ ပြီးတော့လည်း အဲ့ဒီလူက အဖေနဲ့ အမေတို့ကို ဂရုစိုက်စရာလို့ မထင်လို့လည်း အခုလို အေးအေးချမ်းချမ်း နေနိုင်တာပေါ့။"
ရီချွမ် က သူ့သားကိုကြည့်လိုက်ပြီး
"သားက အခု ဆို လူကြီးဖြစ်ပြီ။ သူတော်စင်မူ ပြောခဲ့တဲ့အတိုင်းဆို သားတစ်နေ့မှာ မိုးနဂါး အစောင့်အရှောက် စစ်တပ်ကို ဝင်ဖြစ်မှာပဲ။ ဒါကြောင့်မို့လို့ အဖေ ဒီအကြောင်းတွေ ပြောပြခဲ့တာ။ နို့မို့ဆို သားကို ဘယ်တော့မှ အသိပေးမှာ မဟုတ်ဘူး။"
"သူ့နာမည်က ဘယ်လိုခေါ်လည်း?"
နင် ကမေးမြန်းလိုက်ပါတယ်။
"သား ဝမ်ရှင်း သူတော်စင် ဖြစ်ရင် အဖေပြောပြမယ်။ အဖေက သေသွားခဲ့ရင် ဦးလေးဖြူက ပြောပြလိမ့်မယ်။ အဲ့ဒီနှစ်က မင်းရဲ့ ဦးလေးဖြူက အသက်စွန့်ပြီးတော့သား အမေကို သယ်ပြီး ပြေးခဲ့တာပါ။ သူ ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို သိပါတယ်။"
နင်စိတ်လှုပ်ရှားသွားပါတယ်။
"အဖေ အခုပြောပြလို့ မရဘူးလား။"
YOU ARE READING
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)
Fantasyအကျဉ်းချုံး Xianxia world ( ဗုဒ္ဓ နှင့် တာအို ဝါဒကို အခြေခံထားတဲ့ သိုင်း ဝတ္ထု အမျိုးအစား) Desolate era လို့ခေါ်တဲ့ အဆုံးမဲ့ ပျက်စီးမှုတွေသာရှိတဲ့ အချိန်ကာလမှာ မျိုးနွယ်စုတွေဟာ အသက်ရှင်ဖို့အတွက် မိုးကောင်းကင် ၊ ကမ္ဘာမြေကြီး နဲ့ နတ်ဆိုးတွေကို တိုက်ခိ...
