ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
စာစဉ် 2
Chapter 4 (ရီချွမ်ဒေါသ)
မီးလျှံတွေ ဝိုင်းနေတဲ့ အဇူရာမီးငှက်ဟာ လေကို ခွင်းပြီးတော့ အကြေးခွံတောင်ပံပါတဲ့ Serpentwing ကို လိုက်လံတိုက်ခိုက်နေပါတယ်။ လေတိုးသံတွေဟာ တဝုန်းဝုန်းနဲ့ မြည်ပြီးကျန်ခဲ့ပါတယ်။
ငှက်ပေါ်က ရီချွမ်နဲ့ အနက်ရောင်ဝတ် မိန်းမပျိုတို့ဟာ အရှေ့မှာ ပြေးတာအရမ်းမြန်တဲ့ Serpentwing ကို ကြည့်ပြီး စကားပြောလိုက်ကြပါတယ်။
"ရီချွမ် ၊ ဒီ Serpentwing က နောက်ဆုံးအဆင့် ဇင်တျန် မွန်းစတား။ ငါ့မီးငှက်ထက် နဲ့ ယှဉ်ရင် သူကတော်တော်ကို Strong ဖြစ်သေးတယ်။ မီးငှက်က အဝေးကို ပျံသန်းတာမှာ သာပေမဲ့ သူ့ကို ဖမ်းမိဖို့တော့ တော်တော်ခက်လိမ့်မယ်။"
"ပန်းပွင့် မိန်းကလေး ဒါငါဖြေရှင်းပေးမယ်"
ရီချွမ်ရဲ့ မျက်နှာအမူအရာဟာ ရေခဲပြင်လို အေးစက်နေပါတယ်။ သူကလက်ထဲမှာ ငွေရောင်လေးတစ်လက်ပေါ်လာပြီးတော့ ဘယ်ဘက်လက်မှာ မြားတွေ ပေါ်လာတယ်။
ဟိုင်း...
လေးညှို့ကို အဆုံးအထိ ဆွဲလိုက်ပြီးတော့ ပြေးနေတဲ့ Serpentwing ကို သေချာ ချိန်လိုက်ပါတယ်။
ရွှန်း.......
မြားဟာ အလင်းတန်းလို ပြောင်းသွားပြီးတော့ ပြေးနေတဲ့ Serpentwing ဆီကို ပြေးဝင်သွားပါတယ်။ ဒီလို အကွာအဝေးကနေ အရမ်းမြန်တဲ့ နှုန်းနဲ့ ပြေးထွက်သွားတဲ့ မြားကို ခန္ဓာကိုယ် အလွန်ကြီးမားတဲ့ Serpentwing ဟာဘယ်လိုမှ လွတ်အောင် မရှောင်နိုင်ပါဘူး။
လေး ပညာမှာတော့ ရီချွမ်ဟာ မျက်ကန်းငါးလောက် မထက်မြက်ပါဘူး။
ဒါပေမဲ့ ဂျိကလန်က လူတိုင်းဟာ လေးပညာကို ကျွမ်းကျင်ကြသလို ရီချွမ်ရဲ့ အစွမ်းနဲ့ ပစ်လိုက်တဲ့ မြားဟာ မျက်ကန်းငါးရဲ့ မြားထက် ပိုပြီးတော့ မြန်ပါတယ်။
ဖန်း....
မြားဟာ Serpentwing ခန္ဓာကိုယ်ကို စိုက်ဝင်သွားပြီးတော့ ချက်ချင်း ပေါက်ကွဲသွားပါတယ်။ သူ့ခန္ဓာကိုယ်မှာ အပေါက်ကြီးတစ်ပေါက် ဖြစ်သွားပါတယ်။ ဒီ ဒဏ်ရာဟာ အတွင်းမှာ ရှိတဲ့ အရိုးတွေပါ ပေါ်လာတဲ့ အထိတောင် ကြီးမားပါတယ်။ အမှန်တော့ ရီချွမ်ရဲ့ မြားဟာ Serpentwing ရဲ့ ခန္ဓာကိုယ်ကို ချိန်ထားတာ မဟုတ်ပါဘူး။ တောင်ပံကို အဓိက ချိန်ထားတာပါ။ ဒါကို Serpentwing က နားလည်တော့ သူ့တောင်ပံကို အထိမခံပါဘူး။ သူ့ကိုယ်လုံးကြီးနဲ့ ကာကွယ်လိုက်ပါတယ်။ တစ်ကယ်လို့တောင်ပံသာ ထိသွားရင် သူပြေးလို့လွတ်တော့မှာ မဟုတ်တော့ဘူးလေ။
أنت تقرأ
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)
خيال (فانتازيا)အကျဉ်းချုံး Xianxia world ( ဗုဒ္ဓ နှင့် တာအို ဝါဒကို အခြေခံထားတဲ့ သိုင်း ဝတ္ထု အမျိုးအစား) Desolate era လို့ခေါ်တဲ့ အဆုံးမဲ့ ပျက်စီးမှုတွေသာရှိတဲ့ အချိန်ကာလမှာ မျိုးနွယ်စုတွေဟာ အသက်ရှင်ဖို့အတွက် မိုးကောင်းကင် ၊ ကမ္ဘာမြေကြီး နဲ့ နတ်ဆိုးတွေကို တိုက်ခိ...
