ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 5 (ဇီဖူ တန်ခိုးရှင်)
Chapter 13 ( အင်မော်တယ်)
ဂျိကလန်ရဲ့ ထိ်န်းချုပ်မှုအောက်မှာ ရှိတဲ့ တော်ဝင်ရှအင်ပါယာရဲ့ ဗဟိုထိန်းချုပ်မှု မြို့တော်တစ်ခုဖြစ်တဲ့ ဓားတစ်သောင်းမြို့တော်ရဲ့ တောင်ဘက် ကီလိုမီတာ တစ်ထောင် အကွာမှာပါ။ ဒီနေရာမှာ တောအုပ်ကြီးတစ်ခုရှိနေပြီးတော့ ဘာမှ မထူးခြားသလိုပါပဲ။ ဒါပေမဲ့ လေထုထဲမှာ လေဝဲတစ်ခု ဖြစ်ပေါ်လာပါတယ်။ ကီလိုမီတာ ၃သောင်းကျော်မြင့်တဲ့ သက်တန့်လေဝဲကတော့ကြီးပါ။
ဒီ လေဆင်နှာမောင်းက ပတ်ဝန်းကျင်က ဓာတ်စွမ်းအင်တွေကို စုပ်ယူလိုက်ပါတယ်။ စွမ်းအင်တွေကို စုစည်းတာဟာ အရမ်းကို သိပ်သည်းလွန်းတဲ့အတွက် သက်တန့်ရောင်တွေ ဖြာထွက်လာရတာပါ။ ပြီးတော့ စွမ်းအင်လှိုင်းလုံးတွေဟဟာ နေရာအနှ့ံကို ဖြာထွက်သွားပါတော့တယ်။
စွမ်းအင် လေဝဲကြီးရဲ့ အောက်ခြေဟာ မြေပြင်ဘက်ကို စုစည်းသွားပါတယ်။ ဒီ လေဝဲကြီးရဲ့ မူလအစဟာ မြေပြင်ကပါပဲ။
ဝှစ်
လူတစ်ယောက် စွမ်းအင်လှိုင်းလုံးတွေကြားက လေထဲမှာ ရှိနေပါတယ်။ သူ့မှာ မချည်နှောင်ထားတဲ့ ဆံပင်ရှည်ရှိပြီး ထူးဆန်းတဲ့ သတ္တဝါတစ်ကောင်ပုံသဏ္ဍာန် ပါတဲ့ ရိုးရာ ဝတ်စုံနက် ကို ဝတ်ဆင်ထားပါတယ်။ သူ့ဦးခေါင်းမှာ သရဖူတစ်ခု ရှိနေပြီးတော့ သူ့မျက်နှာက ဖွေးဖွေးဖြူနေပါတယ်။ သူ့ကိုယ်ကနေပြီးတော့ ဝင့်ကြွားတဲ့ အော်ရာတွေ ဖြာထွက်နေပြီးတော့ သူ လေဝဲကြီး စတင်တဲ့ နေရာကို စိုက်ကြည့်နေပါတယ်။
"အိုး.. ဒီ ထူးခြားတဲ့ ဖြစ်ရပ်က တစ်ယောက်ယောက် စကြာဝဠာအဆင့် မြေကမ္ဘာအင်မော်တယ် ဖြစ်သွားလို့ နေမယ်။ ဒီ မြေကမ္ဘာတန်ခိုးရှင် အသစ်က ဘယ် သူ့ဘက်ကများလည်း။ ဒီ ချိုင့်ဝှမ်းဒေသမှာ ရှိတဲ့ ကလန်ကြီးတွေ၊ ကျောင်းကြီးတွေ၊ ဂိုဏ်းကြီးတွေက လက်တစ်ဖက်နဲ့ ရေတွက်လို့ ရတယ်။ အနီးဆုံးဂိုဏ်းက ကောင်းကင် သူတော်စင် ဂိုဏ်းပဲ။ အင်း.. ကောင်းကင်သူတော်စင် ဂိုဏ်းက မူလ တာအို တန်ခိုးရှင် တစ်ယောက်ကများ အဆင့်တက်သွားတာလား။ ဒါပေမဲ့ ကောင်းကင် သူတော်စင် ဂိုဏ်းက မူလတာအို တန်ခိုးရှင် ဆိုရင် သူ့ရဲ့ ကာကွယ်စောင့်ရှောက်သူတွေ အနီးအနားမှာ ရှိနေရမှာပေါ့။"
YOU ARE READING
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)
Fantasyအကျဉ်းချုံး Xianxia world ( ဗုဒ္ဓ နှင့် တာအို ဝါဒကို အခြေခံထားတဲ့ သိုင်း ဝတ္ထု အမျိုးအစား) Desolate era လို့ခေါ်တဲ့ အဆုံးမဲ့ ပျက်စီးမှုတွေသာရှိတဲ့ အချိန်ကာလမှာ မျိုးနွယ်စုတွေဟာ အသက်ရှင်ဖို့အတွက် မိုးကောင်းကင် ၊ ကမ္ဘာမြေကြီး နဲ့ နတ်ဆိုးတွေကို တိုက်ခိ...
