( ဝမ်ရှင်း သူတော်စင် )

1.9K 228 0
                                        

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

Book 5 (ဇီဖူ တန်ခိုးရှင်)

Chapter 5 ( ဝမ်ရှင်း သူတော်စင် )

ဝတ်စုံပြာဝတ်ထားပြီးတော့ ဆံပင်ရှည်နဲ့ လူတစ်ယောက် နင့်ရဲ့ ရှေ့ကို ဆင်းသက်လာပါတယ်။

"ငါ့ရဲ့ မျိုးရိုးနာမည်က 'မူ' ပါ.. နာမည်ကတော့ 'ရှောင်' ပါ။ ငါ့ကို သူတော်စင် မူလို့ ခေါ်ကြပါတယ်။"

"သူတော်စင် မူကို နှုတ်ခွန်းဆက်သပါတယ်ခင်ဗျာ။"

နင် စိတ်အေးသွားပါတယ်။ တစ်ခါမှ မတွေ့ဖူးတဲ့ ဝမ်ရှင်းသူတော်စင်က မိတ်ဆက်စကားပြောလာတဲ့အတွက် သူ စိတ်သက်သာရာ ရသွားပါတယ်။

"သူတော်စင် မူ ပါဝင်ကူညီပေးလို့ ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ။ မဟုတ်ရင် ဒီ ပိုင်ဇီရှန်က ပြေးလို့ လွတ်မြောက်သွားပြီး နောင်တချိန်မှာ ပြန်ပြီး ဒုက္ခပေးလာမှာပါ။"

နင် ချက်ခြင်းပဲ ကျေးဇူးတင်စကား ဆိုလိုက်ပါတယ်။

သူတော်စင် မူ က ပြုံးပြီးတော့ ခေါင်းညိတ်လိုက်ပါတယ်။

"တစ်ကယ်က ငါက မင်းကို ကျေးဇူးတင်ရမှာပါ။ ငါ ဒီ ပိုင်ဇီရှန်ကို သတ်ဖို့ လာခဲ့တာပါ။ သူရှိနိုင်မဲ့ နေရာကို လပေါင်းများစွာ စုံစမ်းပြီးမှ ဒီမှာ ပုန်းနေမှန်း သိလိုက်ရတယ်။ ခက်တာက သူက အရမ်းကိုကြီးတဲ့ ဝင်္ဂဘာကြီးတစ်ခုကို တည်ဆောက်ထားတာပဲ။ ငါ ဝမ်ရှင်းသူတော်စင်တောင်မှ ဒီဝင်္ဂဘာကို ဖျက်ဆီးနိုင်ဖို့ ငါ့အစွမ်းကို ငါ ယုံကြည်မှု မရှိခဲ့ဘူး။ ဒါနဲ့ ငါဒီနားမှာ စောင့်နေခဲ့တာ။ သူ ဝင်္ဂဘာကနေ ထွက်လာတဲ့ အချိန်ကို စောင့်ပြီးတော့ သတ်မလို့လေ။ ဒါပေမဲ့ ငါ ဒီလို အံ့မခန်း အဖြစ်အပျက်တွေကို မျက်မြင်ကိုယ်တွေ့မြင်လိုက်ရမယ်လို့ ထင်တောင်မထင်မိဘူး။"

နင် အရမ်း အံ့သြသွားပါတယ်။ သူတော်စင် မူက ဒီမှာ တစ်ချိန်လုံး ရှိနေခဲ့တာပေါ့။

သူတော်စင် မူ က သက်ပြင်းချလိုက်ပါတယ်။

"မင်း ဝင်္ဂဘာကို ဖျက်ဆီးလိုက်ပြီးမှပဲ ဝင်္ဂဘာကို ဘယ်သူဖျက်ဆီးလိုက်လည်းဆိုတာ ငါသိလိုက်တာပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဝင်္ဂဘာကို ဖျက်ဆီးလိုက်နိုင်တာ အရမ်းကို ချီးကျူးထိုက်ပါပေတယ်။ ပြီးတော့ တာအို စစ်သည်တော်တွေ အကုန်လုံး၊ ဇင်တျန် တန်ခိုးရှင်တွေ အကုန်လုံးနဲ့ ပိုင်ဇီရှန်းပါ မင်းတစ်ယောက်တည်းကြောင့် အရေးနိမ့်သွားရတယ်လေ။ ဟား ဟား..ဟား... ငါ့အတွက် ကျန်တဲ့ဟာ ရှင်းဖို့က အရမ်းကို လွယ်သွားပြီလေ။"

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)Where stories live. Discover now