(နွံတောထဲဝယ်...)

2.1K 279 1
                                        

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

စာစဉ် 2

Chapter 11 (နွံတောထဲဝယ်...)

နင် နဲ့ သူ့ရဲ့ အဖွဲ့သားတွေဟာ ဖယ်ရို မွန်းစတာကြီး ၃ကောင်ကို ဒုန်းစိုင်စီးပြီးတော့ တောင်ပေါ်တောအုပ် ဧရိယာထဲကို ဝင်သွားကြပါတယ်။

"ရှေ့မှာ မြင်နေရတာက အရှေ့ပိုင်းတောင် နွံတော ပါ သခင်လေး.."


"အရှေ့ပိုင်းတောင် နွံတော.."

နင် အရှေ့ကို လှမ်းမျှော် ကြည့်လိုက်တယ်။

အရမ်းကို ကြီးမားလွန်းတဲ့ မျက်စိတဆုံး အထိကို ဖြန့်ကျက်ထားတဲ့ နွေဦး နေရောင်ခြည်တွေ အလင်းပြန်ပြီး ပျိုးပျိုးပျက်ပျက်နဲ့ အရမ်းသာယာ လှပါတဲ့ ရေကန်ကြီးကို မြင်လိုက်ရတယ်။ အကြည့်တစ်ချက်မှာတင် သတ္တဝါကြီးတွေ ရေထဲမှာ ခုန်ပေါက်ပြီးတော့ ငါးတွေ ဖမ်းနေတာနဲ့ အရမ်းကို ကြီးမားတဲ့ ရေသတ္တဝါကြီးတွေ ကမ်းခြေတစ်လျှောက် ကျောက်တန်းတွေမှာ မှေးစက်နေတာကို တွေ့လိုက်ရတယ်။ တစ်ခါတစ်လေ သတ္တဝါကြီးတွေရဲ့ ဦးခေါင်းကြီးတွေ ရေပေါ်ပေါ်လာတာကိုလည်း မြင်တွေ့နေရတယ်။ တစ်ကယ့်ကို သတ္တဝါဆန်း မွန်းစတားကြီးတွေရဲ့ ကမ္ဘာပါပဲ။


"အရှေ့ပိုင်းတောင် နွံတော... နောက်ဆုံးတော့ ငါတို့ ရောက်လာခဲ့ပြီ။"

အရှေ့ပိုင်းတောင် နွံတော ကြီးဟာ ဂျိကလန်နဲ့ သံမဏိ သစ်ပင် ကလန်တို့ရဲ့ ကြားနယ်နိမိတ်မှာ တည်ရှိပါတယ်။ သံမဏိ သစ်ပင် ကလန်ဆိုတာလည်း ဒီ ချိုင့်ဝှမ်းဒေသကြီးထဲက အရမ်းကို အစွမ်းထက်တဲ့ ကလန်ကြီး ဖြစ်ပြီးတော့ ဂျိကလန် ရဲ့ ရန်သူတော်လည်း ဖြစ်ပါတယ်။

အရှေ့ပိုင်းတောင် နွံတော ဟာ ကီလိုမီတာ ထောင်ကျော် ကျယ်ပြန့်ပြီးတော့ ဂျိနင်အရင်ဘဝက တရုတ်နိုင်ငံမှာ ရှိတဲ့ ပြည်နယ်ကြီး တစ်ခုစာ ကျယ်ပြန့်ပါတယ်။ ဒီလောက်ကြီးမားလွန်းတဲ့ ရေကန်ကြီးမှာ မရေမတွက်နိုင်တဲ့ မွန်းစတားပေါင်းစုံ မှီတင်းနေထိုင်နေတာ မဆန်းပါဘူး။ ဂျိကလန်က သိထားတဲ့ မွန်းစတာ အရေအတွက်ဟာ ဂဏန်း ၁၂လုံး အရေအတွက်အထိ ရှိနေပါတယ်။

အနောက်ဘက် ဂျိကလန် မြို့တော်ကနေ ခရီး စထွက်လာကတည်းက နင်ဟာ ဇင်တျန်အဆင့် မွန်းစတားတချို့နဲ့ တိုက်ခိုက်ချင်နေခဲ့တာပါ။ ဒါပေမဲ့ မိစ္ဆာမွန်းစတားကြီးတွ မှန်သမျှက ရေကန်ကြီးတွေနဲ့ တောင်မြင့်ကြီးတွေမှာပဲ ပုန်းခိုနေကြတာ များပါတယ်။ သူတို့တွေကို ဘယ်လိုလုပ် လွယ်လွယ်နဲ့ ရှာတွေ့မှာလည်း။ အရင် တစ်ခေါက်တုန်းက သူ တစ်လလောက် အချိန် အကုန်ခံပြီး ရှာတာ တစ်ကောင်မှ မတွေ့ ခဲ့ဘူး။ ဒါနဲ့ နင် က အရှေ့ပိုင်းတောင် နွံတောကို လမ်းကြောင်းပြောင်းပြီးတော့ လာခဲ့တာပေါ့။

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)حيث تعيش القصص. اكتشف الآن