Untitled Part 21

2.2K 278 0
                                    


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

BOOK 2

Chapter 3 (life and death)

စာစဉ် 2

အခန်း 3 (သေခြင်း ရှင်ခြင်း)

ရီချွမ်ဟာ သူ့ ပန်းခြံဝင်းထဲမှာ ဓားရှည်နဲ့ သစ်တုံးတွေကို ခုတ်ပြီးတော့ လေ့ကျင့်နေတယ်။ သူဟာ သာမာန် ခုတ်တဲ့ အကွက်တွေပဲသုံးပြီးတော့ အားတစ်စုံတစ်ရာမထည့်ပဲ လေ့ကျင့်နေတာဆိုတော့ သစ်တုံးတွေစ မပြတ်ထွက်သွားပဲ ဓားရာတွေပဲ ကျန်ခဲ့တယ်။

သူ့မိန်းမ စနိုးဟာ ရေပုလင်းကိုင်ပြီးတော့ အနီးအနားမှာ ရပ်ပြီး ပြုံးပြီးကြည့်နေတယ်။ တစ်ခါတစ်လေ ရေပုလင်းထဲကရေနဲ့ အနီးအနားက အပင်တွေကိုပက်လိုက်သေးတယ်။

ဟင်...

ရီချွမ်ကော စနိုးပါ တစ်နေရာတည်းကို စိုက်ကြည့်လိုက်ကြတယ်။ သူတို့ နှစ်ယောက်လုံး စွမ်းအင်လှိုင်းပေါက်ကွဲမှုကို ခံစားလိုက်မိကြတယ်။

"နဂါးနန်းတော်"

ရီချွမ်ကော စနိုးကော အမိုးပေါ်ကို တစ်ပြိုင်တည်း ခုန်တက်လိုက်ပြီးတော့ နဂါးနန်းတော် ရှိတဲ့ နေရာကို စိုက်ကြည့်လိုက်ကြတယ်။

နဂါးနန်းတော်ဟာ မြို့အတွင်းပိုင်းနဲ့ တော်တော် အလှမ်းဝေးတဲပနေရာမှာ တည်ဆာက်ထားတာ။ ပြောရရင် သူတို့ရှိနေတဲ့ နေရာကနေ ၂ကီလိုမီတာလောက် ဝေးတဲ့နေရာမှာ ရှိနေတယ်။

သူတို့တွေ မြင်လိုက်ကြရတယ်...

နဂါးနန်းတော်ရဲ့ အထက်မှာ အလွန်ကို ကြီးမားတဲ့ Serpent wing ကြီး ရှိနေတာပဲ။ မြွေမိစ္ဆာကြီးရဲ့ တောင်ပံဟာ နဂါးနန်းတော် တစ်ခုလုံးကို အုပ်မိုးထားတယ်။ ပြီးတော့ သွေးတွေ ပေနေတဲ့ လူငယ်တစ်ယောက်ဟာ နဂါးနန်းတော်ကနေ အသက်လု ပြေးလာနေတယ်။ ဒါပေမဲ့ မြွေမိစ္ဆာကြီးရဲ့ အမြီးက လူငယ်ဆီကို မိုးကြိုးလို အရမ်းမြန်တဲ့ အလျင်နဲ့ ဦးတည်သွားနေတယ်။

စနိုး မျက်လုံးတွေ နီရဲလာပြီးတော့ အော်ဟစ်လိုက်တယ်...

"နင်!!!!!!"

ဒါပေမဲ့ အရမ်းကို ဝေးကွာလွန်းနေတယ်....

ဘယ်လိုမှ အချိန် မလောက်နိုင်ဘူး...

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)Où les histoires vivent. Découvrez maintenant