ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 4
Chapter 5 (ရှေးခေတ် ထုံးတမ်းစဉ်လာ )
"တော်တယ်ကလေး။ တော်တယ်။ မင်းငယ်ငယ်ရွယ်ရွယ်နဲ့ ပဉ္စမမြောက်အဆင့်အထိကို အသုံးပြုနိုင်တယ်။မင်းက အရောင်မတင်ရသေးတဲ့ ကျောက်စိမ်းတုံးလေးပဲ။"
"အရောင်မတင်ရသေးတဲ့ ကျောက်စိမ်းလေး၊?"
"ဆရာကြီး ဒါပေမဲ့ ကျွန်တော်က အဆင့် လေးအထိပဲ ကန့်သတ်ချက် မရှိအသုံးပြုနိုင်တာပါ။""လွတ်လွတ်လပ်လပ် ကန့်သတ်ချက်မရှိပဲ အသုံးပြုနိုင်ဖို့ပဲ အရေးကြီးတာ။"
"မင်းသတိထားမိလား။ ဒီအဆင့်လေးအဆင့်မှာ မင်း ဓားပျံ ၃ရာကျော်ပဲ အသုံးပြုပေမဲ့ မင်းပထမ ထောင်ကျော်တဲ့ လက်နက်တွေနဲ့ ဂိုလမ်ကို တိုက်ခိုက်တုန်းကထက် အများကြီး ကြမ်းလာတာကို။"
"ပထမ လက်နက် ထောင်ချီ သုံးတာထက် ပိုကြမ်းတယ်။ ကျွန်တော်ခံစားရတာက ဓားအလင်းကို လွတ်လွတ်လပ်လပ် တည်ဆောက်လိုက်ပြီးတော့ အရမ်းအင်အားကြီးတဲ့ စွမ်းအင်တွေ ပါနေတာပဲ သိတယ်။ ဘယ်လောက် ကြမ်းလာလည်းတော့ မသိဘူး။"
"ဒီ စတုတ္ထမြောက် ဓားသိုင်းအဆင့်က အထွဋ်အထိပ် ဇင်တျန် တန်ခိုးရှင်ကို မင်းစိတ်ရှိသလို လွယ်လွယ်နဲ့ သတ်လို့ရတယ်။"နင်ပျော်သွားပါတယ်။
"ဆရာကြီး ကျွန်တော် မေးခွင့်ရှိမလားခင်ဗျ။ အခုကျွန်တော့်ရဲ့ အစွမ်းက ဇီဖူတန်ခိုးရှင်နဲ့ ယှဉ်လိုက်ရင် ဘယ်လိုနေမလဲ မသိ။""အခု လောလောဆယ်တော့ မင်းမှာ တိုက်ခိုက်နည်းစနစ် ၂မျိုး ရှိတယ်။ ပထမ ကတော့ မင်းရဲ့ ဖင်းဂေါ့ ခန္ဓာကိုယ်ကို အားပြုတဲ့ အနီးကပ် တိုက်ခိုက်နိုင်မှုပဲ။ မင်းရဲ့ ဓားသိုင်းက တာအို အနှစ်သာရကို သယ်ဆောင်ထားနိုင်ပြီ။ ဇင်တျန် တန်ခိုးရှင်တော်တော်များများဟာ ဒီလောက် နားလည်နိုင်စွမ်း မမြင့်မားကြဘူး။ အထွဋ်အထိပ်ရောက်နေတဲ့ ဇင်တျန် သက်ရှိတော်တော်များများက ကမ္ဘာနဲ့ တစ်သားတည်း အဆင့်ပဲ များတယ်။ ဒီလိုအချက်နဲ့ တွက်တာနဲ့တင် မင်းအခုအဆင့်က ဇင်တျန် တန်ခိုးရှင်တော်တော်များများကို အသာယူနိုင်နေပြီ။ ဒါပေမဲ့ ငါပြောတာက သာမန် ဇင်တန် အဆင့်တွေကိုပဲ ပြောတာ။ မင်းရဲ့ ရန်သူက မင်းလို ကြောက်စရာကောင်းအောင် ပါရမီ ရှိတဲ့ သူဆိုရင်တော့ ဘယ်သူနိုင်နိုင်မလဲဆိုတာ ပြောရခက်တယ်။"
YOU ARE READING
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)
Fantasyအကျဉ်းချုံး Xianxia world ( ဗုဒ္ဓ နှင့် တာအို ၀ါဒကို အခြေခံထားတဲ့ သိုင်း ၀တ္ထု အမျိုးအစား) Desolate era လို့ခေါ်တဲ့ အဆုံးမဲ့ ပျက်စီးမှုတွေသာရှိတဲ့ အချိန်ကာလမှာ မျိုးနွယ်စုတွေဟာ အသက်ရှင်ဖို့အတွက် မိုးကောင်းကင် ၊ ကမ္ဘာမြေကြီး နဲ့ နတ်ဆိုးတွေကို တိုက်ခိုက်နေ...