မနတ်'၇'နာရီ နှိုင်းရတု စံအိမ်၌ အိမ်ရှင်များဖြစ်ကြသောဦးနှိုင်းစေအံ့ နဲ့ ဒေါ်ရတု တို့ထမင်းစားခန်းထဲ၌မနတ်ဆာစားနေကြချိန်
"မေကြီးရေ သားနဲ့သမီးနဲ့မနိုးသေးဘူးလား"
"သားကနိုးနေပါပြီဖေကြီးရယ်ရှင့်သမီးကသာနေဖင်ထိုးအောင် အိပ်နေတာ"(သားသမီးအကြောင်းအတင်းတုတ်နေသောဖီဖီနဲ့မီမီ)
"ငယ်လေးကိုလဲဘယ်လိုဆုံးမရမှန်းကိုမသိတော့ဘူးဟိုဘက်အိမ်က တိမ်လွှာလေးနဲ့ကွာပါ့"
.ဖေကြီးကလဲတိမ်လွှာလေးကအသက် ၂၀ ကျော်ပီလေ ငယ်လေးကအခုမှ ၁၈ နှစ်ရှိသေးတာကို.
.မင်းပဲပြောတော့..မိဘတွေကအငယ်ဆုံးမို့အလိုလိုက်ထားတာကို ဆိုးချင်တိုင်းဆိုးပေချင်တိုင်းပေနေတာ.~ဦးနှိုင်းစေအံ့ခေါင်းတခါခါဖြင့်သူ့သမီးအကြောင်းချီးမွန်းခန်းဖွင့်နေပါတော့သည်။ဒေါ်ရတုမှာတော့ကော်ဖီသောက်ရင်းရယ်ကျဲကျဲနဲ့ပေါ့။
.ဖေဖေတို့ကလဲငယ်လေးကိုအရမ်းမပြောကြပါနဲ့စိတ်ပိုညစ်သွားအုန်း
မယ်..ပြီးတော့သူဒီနှစ်ဆယ်တန်းအောင်မှဖြစ်မှာ တော်ကြာမဖြေတော့ဘူးဆိုမှဖေဖေနဲ့မေမေရင်ကျိုးရမှာ.~ကျောင်းသွားရန်ပြင်ဆင်ရင်းမနတ်ဆာထမင်းဝိုင်းသို့ဝင်ထိုင်သူ ဥာဏ်ဘုန်းအံ့ တစ်ယောက်ဝင်ပြောနေချင်းဖြစ်သည်။
.တွေ့လားမေကြီးသားကြီးကရှေ့ကကန့်လန့်ကန့်လန့်လုပ်နေလို့ ဟိုအငယ်မဆိုးနေတာအဲ့တာ.
.ကဲပါဖေကြီးရယ်ဒီသားနဲ့သမီးကိုနိုင်တာလဲမဟုတ်ပဲနဲ့ပြောနေသေး တယ်.
.ငါတော့မင့်သမီး နှိုင်းမရ အတွက်ရင်လေးတယ်.
.ဘားမှမပူပါနဲ့ဖေကြီးရယ်ဒီနှစ်ငယ်လေးဆယ်တန်းအောင်ကိုအောင်မှာ သားအာမခံတယ်.
.အေးပေါ့ မင်းညီမကိုမင်းနိုင်ရင်ပြီးတာပဲအခုတော့သွားမင်းညီမကို သွားနိုးသူကမင်းနိုးမှထမှာ.
.ဟုတ်ဖေဖေ သားအခုပဲသွားနိုးမလို့.