Ep-1

55.2K 2.1K 114
                                    

#Unicode
မြတ်သုခ စံအိမ်

"Wow... အိမ်ကြီးက ခမ်းနားလိုက်တာ"
ရှင်းထက်အောင်တစ်ယောက် ခြံတခါးဝကနေ အထဲမှ အိမ်ကြီးကို လှမ်းကြည့်ရင်း နှုတ်မှ တိုးတိုးလေးရေရွတ်လိုက်သည်။

မကြာခင်မှာပင် ခြံတံခါးဝဆီသို့ အသက်လေးဆယ်ကျော်ပြီထင်ရသော ဦးလေးကြီးတစ်ယောက် ခြံတံခါးလာဖွင့်ပေးလေသည်။

"ဒီက ငါ့တူကြီးက နယ်ဘက်က ကြီးစိန်ရဲ့တူလေးဆိုတဲ့တစ်ယောက်လား?"

"ဟုတ်...ဟုတ်ကဲ့"

"ဒါဆို အထဲဝင်။ ဦးလေးနောက်က လိုက်လာခဲ့နော်။ သခင်မကြီးစောင့်နေတယ်"

"ဟုတ်"

အပြင်က ကြည့်တော့သာ ခြံတံခါးနဲ့အိမ်မကြီး
နီးမယ်ထင်ရပေမယ့် တစ်ကယ်တမ်း လမ်းလျှောက်လိုက်လာကြည့်တဲ့အခါမှ အတန်ငယ်ဝေးကြောင်း ရှင်းထက် နားလည်လိုက်သည်။

အိမ်မကြီးဆီသို့ သွားရာလမ်းတစ်လျှောက်မှာလည်း ပန်းပေါင်းမျိုးစုံစိုက်ပျိုးထားသော ပန်းအိုးပေါင်းများစွာကို အနည်းငယ်ခြားကာ စီတန်းထားသည်ကို တွေ့ရသည်။

ဒီအိမ်ကြီးရဲ့ အရှင်သခင်တွေဟာ ပန်းတော်တော်ကြိုက်သားပဲလို့တောင် စိတ်ထဲကောက်ချက်ချလိုက်သေးသည်။

"သခင်မကြီး ကြီးစိန်ရဲ့တူဆိုတဲ့ကောင်လေး ရောက်ပါပြီခင်ဗျ"

"အေး ဝင်လာခိုင်းလိုက်"

အသံကြားရတာနဲ့တောင် သခင်မကြီးဆိုတဲ့အမျိုးသမီးဟာ ဒီအိမ်မှာ ဘယ်လောက်သြဇာအာဏာညောင်းမှန်း ရှင်းထက်သိလိုက်လေပြီ။

"ထိုင်ပါ..."

မပါးလွန်း မထူလွန်းလှတဲ့ မိတ်ကပ်အပြင်အဆင်၊
လှပကျော့ရှင်းစွာ ဝတ်ဆင်ထားတဲ့ မြန်မာဝတ်စုံရယ်၊ လည်တိုင်မှာ တစ်ခုတည်း ကျော့ရှင်းစွာဆွဲထားတဲ့ ပုလဲဆွဲကြိုးရယ်ကြောင့်
သခင်မကြီးဆိုတဲ့ အမျိုးသမီးဟာ အရမ်းကို ကျက်သရေရှိလွန်းနေတယ်။

"အောက်မှာ မထိုင်ပါနဲ့။ခုံပေါ်မှာထိုင်ပါ"

"ဟုတ်...ဟုတ်ကဲ့"

Love Story (Completed)Where stories live. Discover now