#Unicode
"မင်းတို့ဘာလုပ်နေကြတာလဲ?""အ...အကိုလေး"
"သားကြီး ဝဏ္ဏ..."
ရှင်းထက် လန့်နေသလောက် ကောင်ဈာန်ဟိန်းဆိုတဲ့လူကြီးကတော့ ဘာမှမဖြစ်သလိုပုံစံမျိုးနဲ့နေနိုင်သည်။
"ဟေ့ရောင် ငကောင်း။ မင်းပြန်လာတာ ဘာလို့ဘာမှမပြောတာလဲ။ ပြောရင်ငါလာကြိုမှာပေါ့"
"မင်း လုံးဝ Amazingဖြစ်သွားတယ်မလား? သားကြီး"
"ဟိုကောင်လေး ဘာရပ်လုပ်နေတာလဲ။ ဧည့်သည်နေဖို့ အခန်းသွားရှင်းထားလေ။ သွား..."
"ဟုတ်..အကိုလေး"
လူကိုများ ဟိန်းလိုက်ဟောက်လိုက်တာလေ ခင်္သြေ့ဝင်စားတယ်များအောက်မေ့ရတယ်။ သောက်ပေါက်ဆိုးတဲ့အကောင်ကြီး...
"ဟုတ်တယ်နော် ကိုကိုက အပေါက်ဆိုးတယ်"
ရှင်းထက် အခန်းရှင်းရင်း တစ်ယောက်တည်း မကျေနပ်တာတွေပေါက်ကွဲနေစဉ် ကြားလိုက်ရတဲ့အသံကြောင့် ထိုနေရာမှာပင် အသက်ထွက်ချင်သွားသည်။
"အမလေး သွားပါပြီ ။ဒီနှုတ်က အရေးမပါတဲ့စကားတွေ မဆင်မခြင်ထွက်ကျလာဦး"
ရှင်းထက် သူ့နှုတ်ခမ်းကို လက်နဲ့ တဖတ်ဖတ်ရိုက်လိုက်သည်။
"ကိုယ့်ကိုကိုယ် အသားနာအောင်မလုပ်ပါနဲ့ ရှင်းထက်ရာ။ ငါ ကိုကို့ကို လုံးဝပြန်မပြောပါဘူး။ စိတ်ချ"
"တစ်...တစ်ကယ်လား? မင်းခန့်"
"ဒါပေါ့ ရှင်းထက်ရ။ ရော့ ဒီမှာ ရှင်းထက်အတွက်"
"ဒါ ဘာအတွက်လဲ မင်းခန့်"
သူ့ဆီကမ်းပေးလာတဲ့ လက်ဆောင်ဘူးလေးကို မယူသေးပဲ ရှင်းထက် မင်းခန့်အား မေးခွန်းထုတ်လိုက်သည်။
"ကိုကောင်းဈာန်ဟိန်းကို မှာလိုက်တဲ့လက်ဆောင်တွေက များနေလို့ ရှင်းထက်ကို ခွဲပေးတာ။"
"ရှင်းထက် မယူရဲ..."
"ရော့...ယူပါ။ ငါ့ကိုသူငယ်ချင်းတစ်ယောက်လို သဘောထားရင် ယူ"
စကားတောင်မဆုံးလိုက်ခင် လက်ဆောင်ဘူးကို
လက်ထဲအတင်းထိုးထည့်သွားပြီး အခန်းထဲမှ
ထွက်သွားသော မင်းခန့်ကိုကိုရဲ့ ကျောပြင်ကိုကြည့်ရင်း ရှင်းထက် ပြုံးလိုက်မိသည်။
YOU ARE READING
Love Story (Completed)
Romance#Unicode မလွှဲမရှောင်သာတဲ့အခြေအနေကြောင့် စံအိမ်တစ်အိမ်မှာ အိမ်အကူလုပ်နေရတဲ့ကောင်လေး- Shinn Htet Aung မောက်မာတတ်ပြီး ဘုကလန့်ပြောတတ်တဲ့ကောင်လေး- Wunna Ko Ko သနားကြင်နာတတ်ပြီး ဖော်ရွေတဲ့ကောင်လေး- Min Khant Ko Ko ဘဝကိုပေါ့ပါးလွတ်လပ်စွာဖြတ်သန်းရင်း တစ်စု...