#Unicode
ရှင်းထက် အဖေ့ကျန်းမာရေးအခြေအနေ တိုးတက်လာတာကြောင့် အပျော်လွန်ကာ ခပ်သော့သော့ ပြေးလာရာမှ လူတစ်ယောက်နဲ့ဝင်တိုက်မိခြင်း..."အ...အကိုလေး"
"မင်း...ဘယ်သူလဲ
ဟင် မင်း... မင်း... ရှင်းထက်"ရှင်းထက် အပျော်လေးများ ပျက်စီးသွားလေပြီ။
ခုမှ သတိရသည် မျက်မှန်နဲ့ သွားတုကို ရှင်းထက် ခုထိမတပ်ရသေး...ဝဏ္ဏကိုကို ရှင်းထက်ရဲ့လက်ကို အတင်းဆောင့်ဆွဲကာ ကားထဲပစ်ထည့်လိုက်သည်။
"အကိုလေး ကျွန်တော်ရှင်းပြပါရစေ။ ကျွန်တော် တမင်မရည်ရွယ်..."
"အခုအချိန်မှာ မင်းရဲ့သောက်ပါးစပ်ကို ပိတ်ထားတာကောင်းမယ် ရှင်းထက်အောင်"
လည်ပင်းကြောများပင်ထောင်နေသည်မို့ အကိုလေး ဒေါသထွက်နေသည်မှာ အရမ်းသိသာလွန်းလှသည်။ ရှင်းထက် အကိုလေးပြောသမျှနာခံဖို့ စိတ်ဆုံးဖြတ်လိုက်သည်။
လမ်းတစ်လျှောက်လုံးလည်း ဘာမှမပြောဖြစ်ကြပေ။ တစ်ခါတစ်ရံ အကိုလေးထံ အကြည့်ရောက်သွားရင်တောင် ပြန်ရသည်က အကိုလေးရဲ့ ဒေါသစွက်နေသည့် အကြည့်စူးစူးများ...
"ဆင်း..."
လေသံက ခက်ထန်မာကြောနေတာမို့ ကျွန်တော့်ခန္ဓာကိုယ်လေးပင် သိမ့်သိမ့်တုန်သွားသည်။
"လာ..."
အကိုလေးကတော့လေ တစ်ခါလေးလိမ်မိတာကို
လူကိုများ အပြစ်သားတစ်ယောက်လိုပဲ သူ လုပ်ချင်သလိုတွေ လုပ်နေတော့တာ။ ခုလည်း ကျွန်တော့်လက်ကိုဆွဲကာ Shopping Mall ထဲ ခေါ်သွားပြန်ပြီ။"အကိုလေး...အိမ်ပြန်ရမှာမဟုတ်ဘူးလား?
ဒါ...ဒါက""သောက်ပါးစပ်ကိုပိတ်ပြီး ငြိမ်ငြိမ်လေးလိုက်လာမလား? ဒါမှမဟုတ် ငါ ပွေ့ခေါ်သွားရမလား?"
ပြောနေပုံက လုံးဝကို အတည်ပေါက်ကြီးမို့
ရှင်းထက် ပါးစပ်ကို ပိတ်ကာ အကိုလေး ခေါ်ဆောင်ရာကို အသာတကြည် လိုက်သွားလိုက်သည်။"ရွေး... မင်းကြိုက်ရာ သုံးစုံ"
အင်္ကျီဆိုင်ထဲခေါ်သွားကာ အဝတ်တွေရွေးခိုင်းနေသည်မှာ အထူးအဆန်း။
YOU ARE READING
Love Story (Completed)
Romance#Unicode မလွှဲမရှောင်သာတဲ့အခြေအနေကြောင့် စံအိမ်တစ်အိမ်မှာ အိမ်အကူလုပ်နေရတဲ့ကောင်လေး- Shinn Htet Aung မောက်မာတတ်ပြီး ဘုကလန့်ပြောတတ်တဲ့ကောင်လေး- Wunna Ko Ko သနားကြင်နာတတ်ပြီး ဖော်ရွေတဲ့ကောင်လေး- Min Khant Ko Ko ဘဝကိုပေါ့ပါးလွတ်လပ်စွာဖြတ်သန်းရင်း တစ်စု...