Ep-16

16.2K 1.1K 92
                                    

#Unicode
"တော်သင့်ပြီ ငါ့ကောင်"

ဝဏ္ဏကိုကို ရှင်းထက်အား ဖက်ထားသော ကောင်းဈာန်ဟိန်းရဲ့လက်တွေကို မျက်နှာတစ်ချက်မပျက်ပဲ ဖြုတ်ချလိုက်သည်။
ထို့နောက် ဝဏ္ဏကိုကို ရှင်းထက်အား သူ့နောက်တွင်နေစေကာ ရှေ့မှ မားမားမတ်မတ်ရပ်နေသည်မှာ သူရဲကောင်းကြီးသဖွယ်...

ကောင်းဈာန်ဟိန်း ရုတ်တရက်မို့ ကြောင်စီသွားရသည်တည့်...

"အကိုလေး ကျွန်တော် အဝတ်တွေလျှော်စရာရှိသေးလို့ သွားလျှော်လိုက်ဦးမယ်နော်"

ရှင်းထက် နားလည်ရခက်သော အူကြောင်ကြောင်အခြေအနေမှ ရုန်းထွက်ရန်အလို့ငှာ အကြောင်းပြချက်ကောင်းကောင်းတွေ့သွားသည်။
တစ်ကယ်လည်း လျှော်စရာအဝတ်တွေ တစ်ပုံတစ်ခေါင်းကြီး ရှိနေသည်။

"ဒီသောက်ကလေးဟာလေ ဒီမှာသူရဲကောင်းလုပ်နေပါတယ်ဆိုမှ ရှောင်ပြေးချင်နေတယ် 😑"

ဝဏ္ဏကိုကိုခမျာ တစ်ကယ့်လက်တွေ့မှာတော့ စိတ်ထဲကတွေးသလို မပြောရဲချေ။

"အင်း သွားလေ သွားလျှော်ချည်"

ရှင်းထက် ဘယ်လောက်တောင် ပျော်သွားလဲမသိ ခွင့်ပြုမိန့်ရတာနဲ့ လှစ်ခနဲထွက်သွားတော့သည်။

"မင်းက ဘာလို့ ငါ့ရှင်းလေးကို လာဖက်တာလဲ?"

"မင်းကရော ဘာလို့ ငါ့ညီလေးကို ကာကွယ်နေရတာလဲ?"

သူငယ်ချင်းယောက်ဖနှစ်ယောက် ပါးစပ်မှ ထုတ်မပြောသော်ငြား အကြည့်ဖြင့် စစ်ခင်းနေကြသည်။

"ဟေ့ရောင် မင်းနော် ငါ့အိမ်က အိမ်အကူကို စိတ်ကူးနဲ့တောင် မပစ်မှားနဲ့။ ရှုပ်ရှုပ်ယှက်ယှက်တွေ ငါမကြိုက်ဘူး"

ဝဏ္ဏကိုကို ကောင်ဈာန်းဟိန်းအား ကျားစီးဝါးစီးကြည့်ကာ သြဇာသီးတွေရောင်းလေတော့သည်။

"ငါ့အမြင်အရ မင်းက အိမ်ရှင်ဆိုပြီး အသားယူနေတာပဲတွေ့တယ်"

"ဘာ...😤"

ကောင်းဈာန်ဟိန်းရဲ့စကားက ဝဏ္ဏကိုကိုရဲ့ အရှိုက်တည့်တည့်ကို ထိသွားလေပြီ။

Love Story (Completed)Where stories live. Discover now