#Unicode
"ကိုရေ...လဲ့တို့ ဒီကလေးလေးကို ခေါ်သွားပြီး မွေးစားကြရအောင်""ကိုတို့ ရဲကိုအရင်အကြောင်းကြားကြမလား?
ကိုဒီလိုပြောတာ မမွေးစားချင်လို့ မဟုတ်ဘူးနော်။
ရဲကိုအကြောင်းကြားလို့မှ ဆက်သွယ်လာသူမရှိရင်တော့ ကိုတို့မွေးစားကြမယ်လေ""ကိုပြောတာလည်း နည်းလမ်းကျပါတယ်လေ။ ခု ဒီကလေးလေးကို အိမ်မှာခေါ်ထားရအောင်နော်"
ဒေါ်ဝင်းလဲ့ရည် ကလေးငယ်ရဲ့ ခေါင်းပုစိလေးကို လက်ဖဝါးဖြင့် အသာအယာသပ်ပေးနေလေသည်။
ထို့နောက် ကလေးငယ်ကို ခေါ်ကာ ဘုန်းကြီးကျောင်းသို့ သွားကြလေတော့သည်။
ကလေးငယ်သည် လိမ္မာသည်။ဘုန်းကြီးကျောင်းမှာလည်း အော်ကျော့လန်အောင် ဆော့မနေပဲ ငြိမ်ငြိမ်ကုပ်ကုပ်ကလေးနေရှာသည်။
ကျောင်းထိုင်ဘုန်းကြီးက ကလေးငယ်ရဲ့ ရုပ်ရည်သွင်ပြင်ကိုကြည့်ကာ ရှင်းထက်အောင် ဟု နာမည်ပေးလေသည်။"ငယ်မရေ... ဒီမှာ ဘယ်သူပါလာလဲကြည့်စမ်းပါဦး"
ဒေါ်ငယ်ရှင်းသာ အကိုဖြစ်သူရဲ့ ခေါ်သံကြောင့် စက်ချုပ်နေရာမှ ထလာခဲ့သည်။
"ဟယ်...ကလေးလေးက ချစ်စရာလေးတော့"
ချစ်ဖို့ကောင်းသော ကလေးငယ်အား ဒေါ်ငယ်ရှင်းသာ ကြည့်ရုံနှင့်အားမရနိုင်တော့ပဲ ထွေးပွေ့ကာ ပါးပြင်ဖောင်းဖောင်းလေးကို တဖွဖွနမ်းရှုံ့နေတော့သည်။
"ငယ်မ နင်ဟာလေ ဒီလောက်ကလေးချစ်တတ်ရဲ့သားနဲ့ ယောက်ျားမယူပဲ ဘာလို့ တစ်ယောက်တည်းနေနေတာတုန်း"
"ကိုကြီးနော် ငယ်က အပူမရှာချင်လို့ အပျိုကြီးလုပ်နေတာ။ ကိုကြီးမွေးလာမယ့်ကလေးတွေကို ထိန်းပေးချင်လွန်းလို့ပါနော်။ ယောင်းမရေ ထောက်ခံတယ်မလား ငယ်ပြောတာကို"
"လဲ့ရဲ့ယောင်းမလေး ပြောတာမှန်တယ်ကိုရေ။ လဲ့တို့ကလေးတွေကို ယောင်းမလေးက ထိန်းပေးလိမ့်မယ်။ လဲ့တို့က ကလေးတွေ မကြောင့်မကြနေနိုင်အောင် တက်ညီလက်ညီ စီးပွားရှာကြတာပေါ့"
"တယ်လဲလိုက်တဲ့ ယောင်းမနှစ်ယောက်ပါလား။ လဲ့သာကိုနဲ့အရင်တွေ့ခဲ့လို့ပဲ မဟုတ်ရင်တော့ ကိုယ့်ညီမနဲ့ လဲ့နဲ့ ညားမှာမြင်ယောင်သေးပါရဲ့ကွာ။ ဟားဟား"
YOU ARE READING
Love Story (Completed)
Romance#Unicode မလွှဲမရှောင်သာတဲ့အခြေအနေကြောင့် စံအိမ်တစ်အိမ်မှာ အိမ်အကူလုပ်နေရတဲ့ကောင်လေး- Shinn Htet Aung မောက်မာတတ်ပြီး ဘုကလန့်ပြောတတ်တဲ့ကောင်လေး- Wunna Ko Ko သနားကြင်နာတတ်ပြီး ဖော်ရွေတဲ့ကောင်လေး- Min Khant Ko Ko ဘဝကိုပေါ့ပါးလွတ်လပ်စွာဖြတ်သန်းရင်း တစ်စု...