#Unicode
"မင်းတို့ ဒါဘာလုပ်နေကြတာလဲ?"ိဝဏ္ဏကိုကိုရဲ့ရင်ခွင်ထဲတွင် အိပ်ပျော်နေသောသူအား ဒေါ် မြူနှင်းဖွေး သေသေချာချာစေ့စေ့စပ်စပ် ကြည့်လိုက်သည်။
အိပ်ရာအောက်မှာလည်း ပြန့်ကျဲနေသော အဝတ်အစားများနှင့်အတူ ပန်းအိုးအကွဲအစများ...ဘုရားရေ...သားငယ်ပြောတာ မှန်နေတာပဲ...
ဒေါ် မြူနှင်းဖွေးတစ်ယောက် မင်းခန့်ကိုကိုရဲ့ ပြောစကားများအရ သားကြီးနဲ့ ရှင်းထက်အောင်ရဲ့အခြေအနေကို မှန်းစရာမလို အတပ်သိနေခြင်းကြောင့် လုပ်လက်စ အလုပ်များလက်စသတ်ကာ အိမ်ကိုအမြန်ပြန်လာခဲ့သည်။
မြင်လိုက်ရသော မြင်ကွင်းက သားငယ်ရဲ့စကား မှန်နေသည်ဆိုတာကို ထောက်ခံနေလေသည်။အခန်းထဲ ရုတ်တရက်ထွက်ပေါ်လာတဲ့ ရင်းနှီးနေကျ အသံကြောင့် ဝဏ္ဏကိုကို အိပ်ပျော်နေရာမှ လန့်နိုးသွားလေသည်။
"မေမေ..."
"အေး...ငါ့ကိုအမေမှန်းတော့ သိသေးသားပဲ"
ဆူညံသံများကြောင့် ရှင်းထက် ခါးအောက်ပိုင်းမှ နာကျင်မှုနဲ့အတူ နိုးထလာရသည်။
"အကိုလေး ဘာတွေဖြစ်နေ..အမလေး...သခင်မကြီး"
ရှင်းထက် ခန္ဓာကိုယ်ပေါ်တွင် အဝတ်အစားများရှိမနေ။ ရောက်နေတာက အကိုလေးရဲ့ ခုတင်ပေါ် ။မိမိအား ဒေါသမျက်ဝန်းများဖြင့် ကြည့်နေပါသော သခင်မကြီး။ ရှင်းထက် ကြောက်ကြောက်လန့်လန့်ဖြင့် အကိုလေးရင်ခွင်ထဲ ဇွတ်တိုးဝင်တော့သည်။
"သားမိုက်။ တစ်သက်လုံး လိမ္မာလာခဲ့သမျှ အခုတော့ အတိုးရောအရင်းရော ပေါင်းပြီးပါ ဆိုးမိုက်ပြီပေါ့ သားမိုက်ရဲ့။ ငါ့သား ဒီလိုဖြစ်တာ နင့်ကြောင့် နင့်ကြောင့်ဟဲ့ "
ဒေါ် မြူနှင်းဖွေးတစ်ယောက် ထွက်သမျှဒေါသအစုစုကို ရှင်းထက်အား ရိုက်နှက်ခြင်းဖြင့် ဖြေလျော့ပါတော့သည်။
ဝဏ္ဏကိုကိုကလည်း ရှင်းထက်အား အထိမခံ။ ရိုက်သမျှ ရိုက်ချက်တိုင်းကို မထိစေရန် ရှေ့မှ မားမားမတ်မတ်ကာကွယ်ပေးထားလေသည်။
YOU ARE READING
Love Story (Completed)
Romance#Unicode မလွှဲမရှောင်သာတဲ့အခြေအနေကြောင့် စံအိမ်တစ်အိမ်မှာ အိမ်အကူလုပ်နေရတဲ့ကောင်လေး- Shinn Htet Aung မောက်မာတတ်ပြီး ဘုကလန့်ပြောတတ်တဲ့ကောင်လေး- Wunna Ko Ko သနားကြင်နာတတ်ပြီး ဖော်ရွေတဲ့ကောင်လေး- Min Khant Ko Ko ဘဝကိုပေါ့ပါးလွတ်လပ်စွာဖြတ်သန်းရင်း တစ်စု...