Ep-17

16.1K 1K 54
                                    

#Unicode
"ရှင်းထက် ငါ သွားတော့မယ်နော်။ ငါ မင်းကိုလွမ်းနေမှာ။ ငါပြန်လာတဲ့အခါကျ မင်းက ငါ့အပိုင်ဖြစ်စေရမယ်"


ရှင်းထက် ဘာမှပြန်မဖြေ။ ထွက်သွားရတော့မယ်လူကို စိတ်မညစ်စေချင်တာကြောင့် ဘာမှပြန်မပြောပဲ
အလိုက်သင့်လေးသာ နေနေလိုက်သည်။


"လေဆိပ်ထိ လိုက်ပို့မနေပါနဲ့။ ကိုကောင်းနဲ့ပဲသွားလိုက်မယ်။ အခုတော့ ကိုကိုပျော်ထားဦးပေါ့"


"အင်း ရှေ့လျှောက်လည်း ငါပျော်နေဦးမှာ။ မင်းသာဟိုမှာ စာသေချာလုပ်"


မင်းခန့်ကိုကို ကားပေါ်မတက်ခင် ရှင်းထက်အား ဖက်ကာ နဖူးအား ငြင်သာစွာနမ်းသွားလေသည်။


ကားထဲမှ ကောင်းဈာန်ဟိန်း မျက်နှာပူထူလာသလို ရှင်းထက်ရဲ့ဘေးမှ ဝဏ္ဏကိုကိုသည်လည်း အံကိုတင်းတင်းကြိတ်ထားလေသည်။
ရုတ်တရက်မို့ ရှင်းထက်ခမျာ ဘာမှမတတ်နိုင်ပဲ မျက်လုံးလေးပြူးလျက်သာ ရှိနေတော့သည်။


ကောင်းဈာန်ဟိန်း မောင်းနှင်သွားသော ကားလေးသည် တရွေ့ရွေ့နဲ့ မြတ်သုခ စံအိမ်နှင့် ဝေးရာ ရောက်ရှိသွားလေသည်။


At airport


"ငိုချင်နေတယ်မလား? ငိုချလိုက်လေ"


ဆွေးရိပ်သမ်းနေသော မင်းခန့်ကိုကိုရဲ့ မျက်နှာအား မျက်တောင်တစ်ချက်မခတ်ပဲ ကြည့်ကာ ပြောလိုက်လေသည်။


"ကျွန်တော် ယောက်ျားပါ မငိုပါဘူး။ ကျွန်တော်သူ့ကို အပိုင်ယူမှာ။ အပိုင်ရမှာမို့ ခဏတာခွဲနေရတယ်လို့ပဲတွေးတယ်"


"တယ်လဲပြောရခက်တဲ့ကလေးကွာ မင်းတို့ညီအစ်ကိုနှစ်ယောက်ကလေ ငါ့ညီလေးကိုပဲလုနေတာပဲ"


"မင်းခန့်"


"ဗျာ ကိုကောင်း"


"မင်းကို အစ်ကိုပြောပြမိလား မပြောပြမိလားဆိုတာတော့ မသေချာဘူး။ ဒါပေမယ့် အခုပြောပြမယ်။ ကိုယ့်မှာ ညီလေးတစ်ယောက်ရှိခဲ့တယ်။ကိုယ်တို့ မိသားစုရဲ့ ပေါ့ဆမှုကြောင့် သူငယ်ငယ်လေးကတည်းက ပျောက်သွားခဲ့တယ်။အခု သူ့ကို အစ်ကိုပြန်တွေ့ပြီ။
သူက အစ်ကိုတို့အနီးအနားမှာ ရှိနေခဲ့တဲ့ ရှင်းထက်အောင်ပဲ"


Love Story (Completed)Where stories live. Discover now