#Unicode
ပြတင်းပေါက်မှတစ်ဆင့် ထိုးဖောက်ဝင်လာသော
နေရောင်ခြည်နွေးနွေး၏ ကလူကျီစယ်မှုကြောင့်
ဆောင်းတွင်းမနက်ခင်းရဲ့ အချမ်းဒဏ်ကိုအံတုကာ
ဝဏ္ဏကိုကို မျက်လုံးတို့ကို အားယူကာ ဖြည်းဖြည်းချင်း ဖွင့်လိုက်ပေသည်။
ရင်ခွင်ထဲမှ လူသားလေးကတော့ အိပ်မောကျနေလျက်…ထိုလူသားလေးအား ရင်ခွဲထဲမှ ဖြည်းဖြည်းချင်းဆွဲခွာပြီး ခေါင်းအုံးပေါ်အသာအယာတင်ပေးလိုက်သည်။
ထိုကောင်လေးက အရင်ကထက်စာရင်
အိပ်ရေးပိုမက်လာသည်။
တော်တန်ရုံနဲ့ သိပ်မနိုးတော့ချေ။ဝဏ္ဏကိုကို မျက်နှာသစ်သွားတိုက်ကာ ဒီနေ့ချက်ပြုတ်ရေးတာဝန်ဟာ သူ့တာဝန်ပေမို့ ပဲပြုတ်သည်အလာကိုသာ စောင့်နေလေသည်။
"ဟော့ ဒီက ပဲပြုတ်…"
"လာပါဦးဗျို့"
ပဲပြုတ်သည်အန်တီကြီးက အိမ်ထဲဝင်လာကာ ပဲပြုတ်တောင်းကို ချပြီး ဝဏ္ဏကိုကိုအား ပြုံးပြလိုက်သည်။
"ဒီနေ့ သားလေးရဲ့တာဝန်လား?"
"ဟုတ်ကဲ့ဗျ…"
"အေးအေး အဒေါ်အဆစ်ထည့်ပေးလိုက်တယ်နော်။
တော်ကြာနေ ဟိုကလေးလေးက သားကို ဆူနေလိမ့်မယ်"ဝဏ္ဏကိုကို ပြုံးလိုက်ပါသည်တည့်…
ဘာဝယ်ဝယ်အဆစ်တောင်းတတ်လာတဲ့ ရှင်းထက်ရဲ့ အကျင့်ကို သူသိနေသောကြောင့်ပင်…ထို့နောက် မီးဖိုချောင်သို့သွားကာ မနေ့ကကျန်တဲ့ ထမင်းကြမ်းလေးကို ပဲပြုတ်လေးနှင့် ကြော်နေတော့သည်။
ရင်ငွေ့နွေးနွေးရဲ့ အငွေ့အသက်နဲ့ ကင်းကွာနေချိန် ခဏလေးအတွင်းမှာပင် အချမ်းဒဏ်က သိသိသာသာ ပိုကဲလာသည်မို့
မိမိတာဝန်ချိန်မဟုတ်သော်လည်း ရှင်းထက်မျက်လုံးတို့ စောစီးစွာပွင့်လာတော့သည်။မီးဖိုချောင်ထဲမှာ ကြိုးစားကာ ထမင်းကြော်နေရှာသော မိမိအိမ်ဦးနတ်ကြီးရဲ့ ကျောပြင်ကျယ်ကိုကြည့်ကာ ကျေနပ်ပီတိဂွမ်းဆီထိနေတော့သည်။
ရှင်းထက် အစ်ကိုလေးအနားသို့ ခြေသံလုံလုံနဲ့ ချဉ်းကပ်သွားကာ မိမိရဲ့ အေးစက်နေသော လက်အသွယ်သွယ်တို့ကို အိမ်ဦးနတ်ကြီးအင်္ကျီကို အသာအယာမပြီး ထိကပ်လိုက်တော့သည်။
أنت تقرأ
Love Story (Completed)
عاطفية#Unicode မလွှဲမရှောင်သာတဲ့အခြေအနေကြောင့် စံအိမ်တစ်အိမ်မှာ အိမ်အကူလုပ်နေရတဲ့ကောင်လေး- Shinn Htet Aung မောက်မာတတ်ပြီး ဘုကလန့်ပြောတတ်တဲ့ကောင်လေး- Wunna Ko Ko သနားကြင်နာတတ်ပြီး ဖော်ရွေတဲ့ကောင်လေး- Min Khant Ko Ko ဘဝကိုပေါ့ပါးလွတ်လပ်စွာဖြတ်သန်းရင်း တစ်စု...