Ep-4

19.8K 1.4K 58
                                    

#Unicode
"နောက်ဆုံးတော့ အမိမြန်မာပြည်ကို ပြန်လည်ခြေချခွင့်ရပြီပေါ့ ငကောင်းရာ..."

ကောင်းဈာန်ဟိန်း လေကိုအဝရှူသွင်းကာ တစ်ကိုယ်တည်းကြားရုံ ရေရွတ်လိုက်သည်။

"အခုလိုအကြောင်းမကြားပဲ ရုတ်တရက် ငါပြန်ရောက်နေတာသာ ငါ့ကောင်ကြီးဝဏ္ဏကိုကိုသိရင် လုံးဝကို Amazing ဖြစ်သွားမှာ ဟားဟား"

ကောင်းဈာန်ဟိန်းတစ်ယောက် ကိုယ့်အတွေးနဲ့ကိုယ် သဘောကျပြီး ပြုံးနေလေသည်။

"ငါ့တူကြီးက တစ်ယောက်တည်းပြုံးလှချည်လား။
ဘာတွေသဘောကျနေတာလဲ"

"ဒီလိုပါပဲ ဦးလေးရာ...။ ထုံးစံအတိုင်း ဝဏ္ဏတို့အိမ်ကို မောင်းနော် ဦးလေး။ မေမေတို့ကို ကျွန်တော် ဝဏ္ဏတို့အိမ်မှာ ရှိနေတယ်လို့ပြောလိုက်"

"ငါ့တူကြီးကတော့ စံပဲကွာ...ရောက်တာတောင် ကိုယ့်အိမ်ကို အရင်မပြန်ဘူး"

"စကားများလိုက်တာ ဦးလေးရာ။ မြန်မြန်မောင်းပါဗျ"

"အေးပါကွာ..."


Time skip>>>>>


"နောက်ဆုံးတော့ နှစ်အနည်းငယ်ဝေးကွာနေတဲ့ မြတ်သုခ စံအိမ်ကို ရောက်ပြီကွ"

ကောင်းဈာန်ဟိန်း မိမိထဲမှာအမြဲရှိနေတဲ့ သော့ကို ထုတ်လိုက်လေသည်။ ဒီအချိန် ဘဒွေးကြည် ခဏနားကာ တန်းလျားမှာရှိနေမည့်အချိန်မို့ အတွင်းမှခတ်ထားသော သော့ခလောက်ကို အသင့်ပါလာတဲ့ သော့တံနဲ့ ဖွင့်လိုက်သည်။
ထို့နောက် အထုတ်အပိုးတွေဆွဲကာ ဖြည်းဖြည်းမှန်မှန် လမ်းလျှောက်လာခဲ့သည်။

ဧည့်ခန်းထဲကမြင်ကွင်းကြောင့် ကောင်းဈာန်ဟိန်း အနည်းငယ်ကြောင်သွားလေသည်။

"ဧည့်ခန်းထဲမှာ အိပ်နေတာ ဘယ်သူလဲ?
ဒီအချိန်ဆို ဒေါ် မြူနှင်းဖွေးပဲ အိမ်မှာရှိလောက်မှာ။
အန်တီ့ကို မတွေ့ရဘူးဆိုတော့ အန်တီ ဒီမှာမရှိလို့ထင်တယ်။ ဒါဆို ဆိုဖာပေါ်မှာ ကုလားသေကုလားမောအိပ်နေတာက ဘယ်သူလဲ?"

"မညိုလွန်းမဖြူလွန်းသောအသားအရည်၊ ဖြောင့်စင်းနေတဲ့နှာတံလေး၊လှပတဲ့မျက်ဝန်းပေါ်က ရှည်လျားတဲ့မျက်တောင်လေးတွေ အရမ်းကြီးမရဲသော်လည်း ဆွဲဆောင်မှုရှိတဲ့နှုတ်ခမ်းလေး အလှတရားအားလုံးက ဒီကောင်လေးအပေါ်မှာစုပုံပြီး ရောက်ရှိနေတာလားကွာ"

Love Story (Completed)Where stories live. Discover now