#Unicode
"ကဲ ခွေးဖေဖေကြီး အမောင်ရှင်းထက်အောင် သမီးလေး မိညိုကို အစာကျွေးလို့ပြီးပြီလား? ပြီးရင် အိမ်ပြန်မယ်လေ""ပြီးပြီ အကိုလေး ပြန်ကြစို့"
မြတ်သုခ စံအိမ်ရှေ့ရောက်တော့ ဘဒွေးကြည်က ခြံတံခါးလာဖွင့်ပေးလေသည်။
"အကိုလေး ခြံထဲမှာဒန်းစီးရင်း စားကြမလား?"
ဒန်းစီးတယ်ဆိုတာ ကလေးတွေအလုပ်ဟုဆိုကာ အိမ်မှာ ဒန်းသာထားထားတာ ဝဏ္ဏကိုကို လူပျိုပေါက်အရွယ်ရောက်ပြီးချိန်မှစ၍ ယခုထက်ထိ ဒန်းပေါ်လုံးဝမတက်တော့ချေ။
"ဒင်းလေးက ငါ့ဘဝကြီးကို လုံးဝဇောက်ထိုးမိုးမျှော်ဖြစ်အောင်လုပ်နေတာပဲ။
ပထမတစ်ခါ ဆန်ပြုတ်တိုက်တယ်။ဒုတိယတစ်ခါ လမ်းလျှောက်ထွက်ပြီး မုန့်ဝယ်ရတယ်။ဟော အခုလည်း ဒန်းစီးရင်း စားကြမယ်တဲ့လေ။
သည်းခံစမ်း ဝဏ္ဏကိုကို သည်းခံ ချစ်တယ်မဟုတ်လား? ဒါဆိုသည်းခံ""အကိုလေး...အကိုလေးလို့ ခြံထဲက ဒန်းပေါ်မှာစားကြမလား?"
"ဟမ်...အင်း အင်း သွားကြမယ်လေ"
ဝဏ္ဏကိုကို ဘယ်လောက်တောင် စဉ်းစားခန်းဖွင့်နေလဲမသိ ရှင်းထက်ခေါ်သံကြားမှ အသံထွက်လာတော့သည်။
ဒန်းပေါ်မှာလည်း ရှင်းထက် ငြိမ်ငြိမ်မနေ ခြေထောက်ကို အားပြုကာ မြေကြီးမှာထောက်လိုက် ကြွလိုက်ဖြင့် ဒန်းကိုလွှဲနေလေသည်။
"အကိုလေး... အကိုလေးရဲ့အခန်းထဲမှာ ဂစ်တာတွေ့တယ်ရော်။ အကိုလေးက ဂစ်တာတီးတတ်တယ်ပေ့ါ"
"အင်း"
"ဒါဆို သီချင်းလည်းနည်းနည်းပါးပါးဆိုတတ်မှာပေါ့"
"အင်း"
"အကိုလေးကလည်း လေခွန်မဆောင်ရပါဘူးဗျ။ စကားကို လေးလုံးကွဲအောင်ပြောပါဦး။ အင်း တစ်လုံးပဲ ပြောတတ်တာလား?"
"အင်း"
"ဟာဗျာ လာပြန်ပြီ ဒီ အင်း။ထားတော့ဗျာ အကိုလေး ရှင်းထက်ကို ဂစ်တာတီးမပြချင်ဘူးလား?"
"မွှေပြန်ပြီ သောက်ကလေး။ ရှက်လို့ ကောင်းဈာန်ဟိန်းရှေ့မှာတောင် တီးမပြတာကိုကွာ"
YOU ARE READING
Love Story (Completed)
Romance#Unicode မလွှဲမရှောင်သာတဲ့အခြေအနေကြောင့် စံအိမ်တစ်အိမ်မှာ အိမ်အကူလုပ်နေရတဲ့ကောင်လေး- Shinn Htet Aung မောက်မာတတ်ပြီး ဘုကလန့်ပြောတတ်တဲ့ကောင်လေး- Wunna Ko Ko သနားကြင်နာတတ်ပြီး ဖော်ရွေတဲ့ကောင်လေး- Min Khant Ko Ko ဘဝကိုပေါ့ပါးလွတ်လပ်စွာဖြတ်သန်းရင်း တစ်စု...