Ep-10

18.5K 1.2K 48
                                    

#Unicode
"ရှင်းထက်..."

"ကောင်လေး..."

ကောင်းဈာန်ဟိန်းရော မင်းခန့်ကိုကိုပါ ရှင်းထက်ရဲ့သရုပ်အမှန်ကို မြင်လိုက်ရ၍ အံ့သြသွားခြင်းမဟုတ်ကြ။ အိမ်ထဲကို ဘာမှမဖြစ်သလို ထုံပေပေပုံစံမျိုးနဲ့ ဝင်သွားသော ဝဏ္ဏကိုကိုကို ကြည့်ပြီး အံ့သြနေခြင်းသာ...

ကောင်းဈာန်ဟိန်းက ဝဏ္ဏကိုကိုနောက်လိုက်သွားလေသည်။

"သားကြီး..."

ကောင်းဈာန်ဟိန်း မတိုးမလျော့သော အသံဖြင့်
ဝဏ္ဏကိုကိုအား ခေါ်လိုက်သည်။

"မင်းတို့သိနေခဲ့တယ်မလား? ငါတစ်ယောက်တည်း အရူးလိုပဲ။ ငါပဲမသိခဲ့တာ"

ဒေါသသံစွက်မနေသော်ငြား ဝဏ္ဏကိုကိုစိတ်ဆိုးနေမှန်း ကောင်းဈာန်ဟိန်းအတပ်သိလိုက်လေပြီ။

"ဟုတ်ပါတယ်။ ဒါပေမယ့် သူ့အခြေအနေကြောင့် ငါတို့ဖုံးကွယ်ခဲ့ရတာပါ။ သူသနားစရာကောင်းတယ်လေ..."

"ငါမုန်းတယ်။ လိမ်တာကို ငါမုန်းတယ်ကွ။ အခြားအရာတွေသည်းခံနိုင်ပေမယ့် လိမ်တာကိုတော့ ငါမုန်းတယ်ကွ"

ဒေါသတို့ ငယ်ထိပ်အထိ ဆောင့်တက်လာသည့်အလား ဝဏ္ဏကိုကိုရဲ့ နားထင်ကြောများပင်ထောင်နေလေသည်။

"သူ့အပေါ် မင်းရဲ့ခံစားချက်တွေက အိမ်အကူအဆင့်ထက်များပိုနေပြီလား?"

ဘာမဟုတ်တဲ့ကိစ္စလေးအပေါ်မှာ ဒီလောက်ဖြစ်ပျက်ကာ ခံစားမနေသင့်။ ဘာရယ်မဟုတ် ကောင်းဈာန်ဟိန်း ဝဏ္ဏကိုကိုအား
အနည်းငယ် အစ်အောက်ကြည့်လိုက်သည်။

"ငါ နားချင်ပြီ။ ကျေးဇူးပြုပြီး ငါ့အခန်းထဲကထွက်သွားပေးပါလား သားကြီး"

ကောင်းဈာန်ဟိန်း အပိုစကားတစ်ခွန်းမျှမဆို အသာတကြည်သာ ထွက်လာခဲ့လိုက်တော့သည်။



~~~~~~~*******~~~~~~~




"မင်းခန့် အဟင့်..."

ကိုယ်မခေါ်ပါပဲ ရင်ခွင်ထဲတိုးဝင်လာသော ချစ်ရသူ
လွှတ်မပေးချင်အောင် ပြုစားရက်လေသူ
ကာကွယ်ပေးနိုင်သူမဟုတ်ရင်တောင် နှစ်သိမ့်ခွင့်လေးတော့ ပေးနိုင်ပါရစေ...

Love Story (Completed)Where stories live. Discover now