Ep-7

18.6K 1.3K 28
                                    

#Unicode
ကစားကွင်းတစ်ခု...
ကစားကွင်းရဲ့ဘေးမှာ ငိုနေသောကလေးလေး...
မုန့်ထုပ်ကမ်းပေးလာသောလက်တစ်စုံ...
အရာရာတိုင်းဟာ မပီမပြင် ဝိုးတဝါးရှိနေဆဲ...

ရှင်းထက် မျက်လုံးကိုအသာအယာဖွင့်ကြည့်လိုက်သည်။
မျက်လုံးလေးစွေ့ကာ ဘေးဘီကို ဝေ့ကြည့်လိုက်ရာ သူ ဆေးရုံရောက်နေမှန်း သိလိုက်လေသည်။

"ဒုက္ခပါပဲ လစာထဲကအဖြတ်ခံရတော့မယ် ထင်ပါရဲ့..."

"ဂြိုလ်ကောင်လေး နိုးလာပြီကိုး။ ငါ့ကိုလူဆိုးဖြစ်အောင်လုပ်ရတာ တော်တော်မှပျော်ရဲ့လား?"

ပြတင်းပေါက်ဘက်မှ ရှင်းထက်ရှိရာ မျက်နှာမူရင်း
လက်ကိုပိုက်ကာ ပြောနေသည်က ချက်ချင်းကို ထရိုက်ချင်စရာ...

"မဟုတ်...မဟုတ်ပါဘူး အကိုလေး"

စိတ်ထဲကတွေးသလို ထ လုပ်လိုက်လို့ကလည်း မဖြစ်။ ကိုယ့်အလုပ်ရှင်ဟူသော အသိက ချုပ်ကိုင်ထားတာမို့ ရှင်းထက် ယဉ်ကျေးစွာပင် ဆက်ဆံနေရသည်။

"ထားပါတော့။ မင်းက မြေပဲနဲ့ဓာတ်မတည့်ဘူးလား?"

ရှင်းထက် ခေါင်းညိမ့်ရုံသာ ညိမ့်ပြလိုက်သည်။

"မတည့်ရင်လဲ မတည့်ဘူးလို့ပြောလေ။ မတည့်ပဲစားလိုက်တော့ ငါပဲလူဆိုးဖြစ်တယ်"

"ဟုတ်...ကျွန်တော် တောင်းပန်ပါတယ်။ အကိုလေး"

ကြည့် ခုထိ ကျွန်တော့်ကို လူဆိုးဇာတ်သွင်းတုန်း။ ခုနေ ဟိုနှစ်ကောင်သာရှိရင် သူတို့အကြည့်နဲ့တင် ကျွန်တော်ဝဏ္ဏကိုကို ပြာကျသွားလောက်ပြီ။

"ရေပတ်တိုက်ပေးမယ်။ ပြီးရင်အဝတ်အစားလဲဖို့ အင်္ကျီချွတ်"

"ဗျာ..."

"မဗျာနဲ့ ခု အင်္ကျီချွတ်"

ဒီလူကြီး ဘာလို့သဘောတွေကောင်းနေရတာလဲ?
ဘာတွေထပ်ကြံစည်ပြန်ပြီလဲ?

"ရပါတယ် အကိုလေး။ ရှင်းထက်ဘာသာ ရှင်းထက်လုပ်..."

ရှင်းထက် စကားတောင်မဆုံးလိုက်ခင်မှာပဲ ထိုလူကြီးရဲ့ လက်တွေက ရှင်းထက်ရဲ့ အင်္ကျီကြယ်သီးတွေကို တစ်လုံးချင်းဖြုတ်နေလေပြီ။

Love Story (Completed)Where stories live. Discover now