Ep-21

15.4K 1K 25
                                    

#Unicode
ပြတင်းပေါက်မှတစ်ဆင့် တိုးဝင်လာသော မနက်ခင်းနေရောင်ခြည်က အတန်ငယ်နွေးထွေးနေပေသည်။

မနက်စောစောထနေကျမို့ မျက်လုံးတို့က အကျင့်ဖြစ်နေသည်ကြောင့် ရှင်းထက် စောစီးစွာနိုးနေလေပြီ။
ရင်ခွင်ကျယ်ကြီးမှ ရုန်းထွက်မရဖြစ်နေသည့်အကြောင်းပြချက်ဖြင့်
ခေတ္တမျှငြိမ်သက်စွာ မျက်လုံးရဲ့အကြည့်တို့က ယောကျ်ားဆန်သော အကိုလေးရဲ့ မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီပေါ်တွင် ဖြန့်ကျက်လျက်...


"အင်း...အင်း"


အသံတိုးလျလျနှင့်အတူ လူးလွန့်လာသော ကိုယ်ခန္ဓာကြောင့် ရှင်းထက် မျက်လုံးကို စုံမှိတ်ကာ အိပ်ချင်ယောင်ဆောင်နေလိုက်ပြန်သည်။


အတွေးပေါင်းများစွာ နှိပ်စက်နေသည်မို့ ဝဏ္ဏကိုကိုခမျာ အိပ်တစ်ဝက်နိုးတစ်ဝက်နှင့် စိတ်ချလက်ချအိပ်မပျော်နိုင်ပဲ တစ်ညတာကုန်ဆုံးခဲ့ရသည်။
ရင်ခွင်ထဲက လူသားလေးနဲ့ ရှေ့ဆက်ရမယ့် လမ်းကိုတွေးရင်း ရင်မောရပြန်သေးသည်။
ပုံမှန်ဆို မနက်စောစောနိုးလေ့မရှိသော်လည်း မိမိအဖြစ်မှာ အရင်ကနှင့်မတူပဲ အိမ်ပေါ်ကဆင်းကာ အလုပ်ကပါ ထွက်လိုက်ရသောကြောင့် အိမ်ထောင်သည်ယောက်ျားပီပီ အလုပ်ရှာဖွေရပေဦးမည်။


"ကိုယ့်ကိုခိုးကြည့်တုန်းက ခိုးကြည့်ပြီး အခုမှ အိပ်ချင်ယောင်ဆောင်နေတဲ့ ကလေးငယ်ကို ဘယ်လိုအပြစ်ပေးရမလဲ?"


နားထဲသို့ တိုးလျစွာဝင်လာသော ခပ်သြသြအသံကိုကြားသော်ငြား ရှင်းထက်ရဲ့ မျက်လုံးအစုံတို့ မဖွင့်ပဲ ဆက်၍သာ အိပ်ချင်ယောင်ဆောင်နေလိုက်သည်။


"မထဘူးပေါ့လေ..ရတယ် မနက်ခင်းလေ့ကျင့်ခန်းလေးလုပ်ကြရအောင်.."


ဝဏ္ဏကိုကို ရှင်းထက်ရဲ့ နားသယ်စပ်ကလေးကို ခပ်ဖွဖွနမ်းကာ လက်အစုံက ရှင်းထက်ရဲ့ အဝတ်အစားများကို ချွတ်ရန် ပြင်နေလေသည်။


"ထပြီ ထပြီ အတော်အကျင့်ပုတ်တဲ့အကိုလေး။
နှာဘူးကြီး မနက်စောစောစီးစီးကို မထော်မနမ်းတွေ လာမလုပ်နဲ့နော်။ ကန်လွှတ်မှာ"


Love Story (Completed)Where stories live. Discover now