#Unicode
"ရှင်း...ရှင်းထက် 😱""ဟင်... မင်းခန့်...😱"
"ရှင်းထက် မင်း ဘယ်လိုလုပ်ပြီး..."
"မင်းခန့်ရယ် ငါ့ကို အလုပ်မထုတ်လိုက်ပါနဲ့နော်။
ငါတောင်းပန်ပါတယ်။ ငါဒီလိုလုပ်ရုံကလွဲပြီး မတတ်နိုင်တော့လို့ပါ"လက်ဖဝါးနှစ်ဖက်ကို မီးထွက်မတတ်ပွတ်ကာ သူ့ရှေ့ဒူူးထောက်ထိုင်ရင်း ငိုယိုကာ တောင်းပန်နေသော အနှီကောင်လေးအား အလုပ်ထုတ်မိရင် သူပဲလူဆိုးဖြစ်သွားတော့မည်။
"ထတော့ ရှင်းထက်။ မင်းကို ငါအလုပ်မထုတ်ပါဘူး။
ပြီးတော့ ကိုကိုမသိအောင်လည်း ကူပြီးလျှို့ဝှက်ပေးပါ့မယ်""တစ်ကယ်လား? မင်းခန့်။ ရေးးးး ပျော်လိုက်တာ။ အလုပ်မထွက်ရတော့ဘူး"
အနှီကောင်လေးရဲ့ လက်မောင်းနှစ်ဖက်ကို ညင်သာစွာကိုင်ရင်း ထူပေးလိုက်တော့ အပျော်လွန်ပြီး လာဖက်လေရဲ့...
ဖက်လိုက်တဲ့သူက ဘာမှမဖြစ်ပေမယ့် အဖက်ခံလိုက်ရတဲ့ ကျွန်တော့်ရင်ထဲမှာ စစ်ဖြစ်သွားတာကို ထိုကောင်လေး မသိလေရော့လား...
"အဟမ်း..."
ချောင်းဟန့်သံကြားလိုက်ရ၍ ကျွန်တော် အနည်းငယ်လန့်သွားလေသည်။
"ရှင်းထက်လေး အကိုလေးက ခေါ် ခိုင်းလိုက်တယ်။ ထမင်းစားတော့မယ် လာပြင်ပေးပါတဲ့။ သြော်... မင်းခန့်လေးလဲဒီမှာရှိနေတာကိုး"
ဘယ်ချိန်ကတည်းက ရောက်နေမှန်းမသိသော ဘဒွေးကြည်သည် သူမှာစရာရှိတာမှာပြီး ထွက်သွားလေပြီ။
"လာ...မင်းခန့် ဒီက မြန်မြန်သွားရအောင်။ တော်ကြာနေ ကြာနေလို့ ငါ အကိုလေးဆူတာခံနေရလိမ့်မယ်"
ကျွန်တော့လက်ကို ဆွဲကိုင်ကာ ပြေးသွားသော ထိုကောင်လေးမှာ ဘာစွမ်းအင်တွေများရှိနေလို့ ကျွန်တော့်တစ်ကိုယ်လုံး ဓာတ်လိုက်သလို ခံစားနေရတာလဲဆိုတာ အဖြေမရှာတတ်တော့ချေ။
~~~~~*****~~~~~
"မင်း ဘယ်တွေအလေလိုက်နေတာလဲ အိမ်အကူကောင် ပြောစမ်း။လခပေးထားတာ အလကားမဟုတ်ဘူးနော်။ အလုပ်ကိုအလုပ်နဲ့တူအောင်လုပ်။ အချောင်ခိုစိတ်မွေးမယ်မကြံနဲ့။ သွား ထမင်းပွဲသွားပြင် ငါတို့ဗိုက်ဆာပြီ"
YOU ARE READING
Love Story (Completed)
Romance#Unicode မလွှဲမရှောင်သာတဲ့အခြေအနေကြောင့် စံအိမ်တစ်အိမ်မှာ အိမ်အကူလုပ်နေရတဲ့ကောင်လေး- Shinn Htet Aung မောက်မာတတ်ပြီး ဘုကလန့်ပြောတတ်တဲ့ကောင်လေး- Wunna Ko Ko သနားကြင်နာတတ်ပြီး ဖော်ရွေတဲ့ကောင်လေး- Min Khant Ko Ko ဘဝကိုပေါ့ပါးလွတ်လပ်စွာဖြတ်သန်းရင်း တစ်စု...