Ep-12

17.5K 1.2K 97
                                    

#Unicode
အကိုလေးက ခွံ့ကျွေးဆိုလို့သာ ခွံ့ကျွေးနေရတာ
ရှင်းထက်ရဲ့စိတ်ထဲမှာတော့ ဘယ်အချိန် ထ ကန်ခံရမလဲမသိဘူးဟူသော အတွေးသာကြီးစိုးလျက်...

"ဆန်ပြုတ်ကြီးလား" ဟု စိတ်မပါလက်မပါအသံကြောင့် ဆန်ပြုတ်တစ်ပန်းကန်လုံးကုန်လိမ့်မယ်လို့ မတွေးထားမိချေ။

"အကိုလေး ထပ်သောက်ဦးမလား သွားပြုတ်ပေးမယ်လေ"

ကျွန်တော် အပြောမှားလို့လားပဲ အကိုလေးထံမှ သူ့ကိုသေအောင်သတ်နေတာလားဆိုတဲ့ အကြည့်ကို ပါးစပ်နဲ့မပြောပဲ ကျွန်တော်နားလည်နေခဲ့သည်။

"မသောက်တော့ဘူးဆိုရင် ကျွန်တော် အောက်ဆင်းပြီး လုပ်စရာရှိတာ သွားလုပ်ဦးမယ်နော်။ အကိုလေးလည်း တစ်ရေးတစ်မောလောက် အိပ်သင့်တယ်"

ကလေးငယ်ကတော့ မှာစရာရှိတာမှာပြီး အခန်းထဲမှ ထွက်သွားလေပြီ။

"တစ်သက်နဲ့တစ်ကိုယ် ဒီလောက်အရသာရှိတဲ့
ဆန်ပြုတ်ကို ခုမှ သောက်ဖူးတော့တယ်ကွာ။
အကိုလေး တစ်ရေးတစ်မောအိပ်သင့်တယ်တဲ့။
ဒါပေါ့ အိပ်မှာ အိပ်ဦးမှာ။ နေ့ခင်းအိပ်လေ့အိပ်ထမရှိပေမယ့်လည်း အိပ်ပျော်အောင် အိပ်ဦးမှာ"

ဝဏ္ဏကိုကို တစ်ယောက်တည်း ရေရွတ်ရင်း မျက်နှာမှာ အပြုံးပန်းများပွင့်လန်းနေတော့သည်။
နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့ ဝဏ္ဏကိုကိုရဲ့ ရင်ခွင်ထဲက ဖက်လုံးလေးသာ စကားပြောတတ်ခဲ့ရင် ပြောလာမယ့်စကားက
"အကိုလေး ကျွန်တော်မွန်းနေလို့ ဖြည်းဖြည်းဖက်ထားပါတဲ့"လေ...



~~~~~~~*******~~~~~~~



မီးဖိုးချောင်ထဲရှိ ဘေလ်စင်မှာ အကိုလေးသောက်ထားသော ဆန်ပြုတ်ပန်းကန်နှင့်အတူ အခြားသောဆေးစရာ အိုးခွက်ပန်းကန်များကိုပါ ရှင်းထက် ဆေးကြောနေပေသည်။

"ရှင်းထက် ပန်းကန်ဆေးတာ ခဏရပ်ပြီး ငါ့ကို အဝတ်တွေကူထည့်ပေးပါလား"


"သြော် ထည့်ပေးမယ်လေ မင်းခန့်"

ရှင်းထက် ဆေးလက်စပန်းကန်ကို မြန်မြန် လက်စသတ်ပြီး လက်ကို ရေပြန်ဆေးကာ မင်းခန့်ခေါ်ရာ လိုက်သွားလိုက်သည်။
မင်းခန့်အခန်းက အကိုလေးအခန်းရဲ့ မျက်နှာချင်းဆိုင်တွင်ရှိသည်။

Love Story (Completed)Where stories live. Discover now