Ep-2

24.9K 1.6K 46
                                    

#Unicode
"အဖေ သက်သာရဲ့လား?"

ဆေးရုံကုတင်ပေါ်တွင် လှဲနေသော အဖေက စကားမပြောနိုင်သဖြင့် ခေါင်းလေးကို အသာအယာညိမ့်ပြလေသည်။

"အဖေ သားအလုပ်ရပြီ။အဖေ့ကို ဒီထက်ပိုပြီး ကောင်းအောင် ထားနိုင်တော့မယ်အဖေရ"

ကျွန်တော်အဖေ့လက်ကလေးတစ်ဖက်ကို ဆုပ်ကိုင်ရင်းပြောမိလေတော့ အဖေ့မျက်ဝန်းဆီမှ တောင်းပန်ပါတယ်ဆိုသော အကြည့်တွေ...

"မဟုတ်တာ အဖေရယ်။ အမေမရှိတော့ကတည်းက အဖေ့အတွက်မတွေးပဲ သားတို့မောင်နှမနှစ်ယောက်အပေါ် အရိပ်တကြည့်ကြည့်နဲ့ ပြုစုစောင့်ရှောက်လာခဲ့တာတွေထက်စာရင် သားလုပ်ပေးနိုင်တာတွေက ပမွှားလေးပါ။ အဲ့ဒါကြောင့် အဲ့လိုအတွေးတွေမတွေးနဲ့နော်။ အဓိကက အဖေနေပြန်ကောင်းလာဖို့ပဲ။
အဖေနေပြန်ကောင်းလာဖို့က သားအတွက်အရေးကြီးဆုံးမို့ပါ"

ထိုအခါ အဖေ့ရဲ့ လက်ကလေးတစ်ဖက်ကကျွန်တော့်ခေါင်းကို အသာအယာထိတွေ့လာလေသည်။

အဖေရဲ့ မကျန်းမာတဲ့လက်တစ်စုံကတောင် သားကိုနွေးထွေးမှုအပြည့်ပေးနိုင်ရင် အဖေ ကျန်းမာလာတဲ့အခါ သားတို့မိသားစု ဒီ့ထက်ပိုပြီးနွေးထွေးလာမယ်ဆိုတာ အသေအချာ...






မြတ်သုခ စံအိမ်


ခြံတံခါးဝက ဆိုင်းဘုတ်ကြီးကိုကြည့်ရင်း ရှင်းထက် အိမ်ထဲမဝင်ခင် အသက်ဝဝရှူလိုက်သည်။

"လူလေး လာပြီကိုး..."

"ဟုတ်..."

မနေ့က ဦးလေးကြီးကပဲ ခြံတံခါးဖွင့်ပေးလေသည်။


"ဘဒွေးကြည်ရေ ဒီကောင်လေးကို လိုအပ်မယ်ထင်တာလေးတွေပြောပြပြီး သူနေရမယ့်အခန်းပါ တစ်ခါတည်းပြပေးလိုက်ပါ။
ကျွန်မ အလုပ်ကိစ္စအရေးတကြီးပေါ်လာလို့ ရုံးခွဲရှိတဲ့ မုံရွာမှာ လအနည်းငယ်သွားနေရမယ်။ ကြီးစိန်ပါကိုပါ ခေါ်သွားမှာမို့ အိမ်သန့်ရှင်းရေးမှန်သမျှကို ဒီကောင်လေးကိုသေချာလုပ်ခိုင်းလိုက်ပါ"

"ဟုတ်ကဲ့ပါ သခင်မကြီး"

ကြီးစိန်နဲ့ သခင်မကြီးဆိုသော အမျိုးသမီးတို့တော့ ကားတစ်စီးနဲ့ထွက်သွားလေပြီ။

Love Story (Completed)Where stories live. Discover now