#Unicode
5:00 AMမနက်ငါးနာရီထိုးတာနဲ့ ရှင်းထက်ရဲ့ မျက်လုံးနှစ်လုံးက ပွင့်နေလေပြီ။
ဘဒွေးကြည်ပြောတဲ့အတိုင်း မနက်စောစောထပြီး
အိမ်ကြီးရှင်တွေအတွက် ချက်ပြုတ်ရပေဦးမည်။
ရှင်းထက် စောင်ကို သေချာခေါက်ပြီး
အိပ်ယာသိမ်းလိုက်သည်။မျက်နှာသစ် သွားတိုက်ပြီးတာနဲ့ ချွတ်ထားတဲ့
သွားတုနဲ့မျက်မှန်ကိုတပ်ကာ မီးဖိုချောင်ဆီ သွားတော့သည်။"အား...အမလေး သရဲ...သရဲဗျို့"
ဝဏ္ဏကိုကို မနက်စောစော ရှူထပေါက်ပြီး ရေသောက်ရန် ရေခဲသေတ္တာရှိရာ မီးဖိုချောင်အနားကိုအသွား မီးဖိုချောင်ထဲဝင်မယ့် ရှင်းထက်အောင်ကို ရုတ်တရက်တွေ့ကာ လန့်ပြီးအော်လိုက်လေသည်။
"အကိုလေး...အကိုလေး သရဲမဟုတ်ပါဘူး။ ကျွန်တော်ပါ..."
"မင်းကွာ... မနက်အစောကြီး ဘာထလုပ်တာတုန်း"
ဝဏ္ဏကိုကို ဘယ်လောက်လန့်သွားသည်မသိ လက်ကလေးနှစ်ဖက်ကို သူ့ရင်ဘတ်ပေါ်တင်ကာ စကားသံများကလည်း တုန်ယင်နေသည်။
"ကျွန်တော်က အိမ်အကူလေဗျာ။ အကိုလေးတို့စားဖို့ ချက်ပြုတ်ရအောင် စောစောထတာလေ။ ဒါနဲ့ အကိုလေး ကျွန်တော် ရေခပ်ပေးရမလား? အကိုလေး တော်တော်လန့်သွားတယ်နဲ့တူတယ်"
"တော်ပြီ မလိုဘူး။မင်းရုပ်ကလည်း လန့်ချင်စရာပဲလေ။ရုတ်တရက်ဆိုတော့ ငါနည်းနည်းလန့်သွားမိရုံပါ။ ရတယ် ငါ ပြန်အိပ်တော့မယ်"
ဝဏ္ဏကိုကိုတစ်ယောက် ဘောက်ဆတ်ဘောက်ဆတ်နဲ့ အပေါ်ထပ်ကိုတက်သွားတော့သည်။
"အောင်မာ... အခုချက်ချင်း သွားတုနဲ့မျက်မှန်ချွတ်ပြလိုက်ရင် ငါ့ရူပါကို ကြွေဆင်းသွားဦးမယ်။အကိုလေးက သရဲတော့ကြောက်တတ်သား... ဟီး..."
ရှင်းထက် ကိုယ့်အတွေးနဲ့ကိုယ် သဘောကျကာ ပြုံးနေမိသည်။
"ကိုကိုရေ...ကိုကို ထတော့လေဗျာ။ ကျွန်တော် ကျောင်းနောက်ကျလိမ့်မယ်။ ကိုကိုလည်း အလုပ်ဝင်ရဦးမယ့်ဟာကို"
မင်းခန့်ကိုကို အခန်းတံခါးကို အဆက်မပြတ်ထုကာ
ဝဏ္ဏကိုကိုအား နှိုးနေသည်။
YOU ARE READING
Love Story (Completed)
Romance#Unicode မလွှဲမရှောင်သာတဲ့အခြေအနေကြောင့် စံအိမ်တစ်အိမ်မှာ အိမ်အကူလုပ်နေရတဲ့ကောင်လေး- Shinn Htet Aung မောက်မာတတ်ပြီး ဘုကလန့်ပြောတတ်တဲ့ကောင်လေး- Wunna Ko Ko သနားကြင်နာတတ်ပြီး ဖော်ရွေတဲ့ကောင်လေး- Min Khant Ko Ko ဘဝကိုပေါ့ပါးလွတ်လပ်စွာဖြတ်သန်းရင်း တစ်စု...