Ep-25(Final)

23.8K 1K 40
                                    

#Unicode
"ကိုစိုး အလုပ်လျှောက်လွှာတွေ တစ်ချက်ယူလာပေးပါဦး"

ဦးသော်က မန်နေဂျာကိုစိုးအား အလုပ်လျှောက်လွှာတွေ ယူခဲ့ခိုင်းလိုက်သည်။
တစ်ရွက်ပြီးတစ်ရွက် လှန်ကြည့်နေရင်းမှ မြင်ကွင်းထဲမစိမ်းသော သူတစ်ယောက်ရဲ့ပုံကြောင့်
CV Formအား သေချာဖတ်ကြည့်လိုက်ပါ၏။

"ဒီကလေးက ငါ့ကို ကူညီပေးခဲ့တဲ့ကလေးပဲ"

ဦးသော်က နှုတ်မှ တိုးညှင်းစွာရေရွတ်မိလိုက်သည်။

"ကိုစိုးရေ ဝဏ္ဏကိုကိုဆိုတဲ့ကောင်လေးကို မနက်ဖြန်အင်တာဗျူးခေါ်လိုက်ပါ။ သူ့ကို ငါကိုယ်တိုင်ဗျူးမယ်"

"ဟုတ်ကဲ့ ဘော့စ်"











~~~~~~~~~~**********~~~~~~~~~~






ရှင်းထက် အပူပင်လယ်ကို လက်ပစ်ကူးနေရသည်။

သည်နေ့ ဦးကြည်ရှင်းသာအား နာရေးချမယ့်နေ့...

မိမိပယောဂကြောင့် အဖေသေရသည်ဟု စိတ်တွင်တွေးကာ ရှင်းထက် ယူကြုံးမရဖြစ်နေလေသည်။
မသိစိတ်က တစ်စုံတစ်ယောက်ကို တောင့်တနေသည်ထင်ပါရဲ့ မျက်လုံးက နာရေးလိုက်ပို့လာသော လူတွေကြား တစ်ယောက်သောသူကို ရှာဖွေနေမိပြန်သည်။

"ညီလေး ငိုချင်ငိုချလိုက်ပါလား။ သူများတွေမြင်မှာစိုးရင် ကိုကို့ရင်ခွင်ထဲငိုလေနော်
ညီလေး"

ဦးကြည်ရှင်းသာရဲ့အလောင်းကိုသာ မျက်စိတစ်ချက်မမှိတ်ကြည့်နေသော ရှင်းထက်အား ကောင်းဈာန်ဟိန်းစိတ်ပူလာရသည်။

ရှင်းထက် ခေါင်းကိုအသာအယာခါပြလိုက်သည်။

"အင်းပါ နေသာသလိုနေနော် ညီလေး။ ဒေါ်လေးငယ်တို့နားမှာ ဖေနဲ့မေရှိတယ်။ သူတို့အတွက်မပူနဲ့"

ဦးဘုန်းမြတ်ဟိန်းနဲ့ ဒေါ်နွေစံပယ်တင့်တို့က ငိုနေသော ကြီးစိန်နဲ့ဒေါ်လေးငယ်အား ဖေးမကာ အားပေးနေရှာသည်။
ညီမလေးကတော့ စာမေးပွဲရှိသည်မို့ အဖေဖြစ်သူရဲ့ နာရေးမှာတောင် ရှိနေခွင့်မရချေ။

"တောင်းပန်ပါတယ် အဖေ..."











~~~~~~~~~~**********~~~~~~~~~~






Love Story (Completed)Where stories live. Discover now