Ep-24

15.1K 960 38
                                    

#Unicode
"ဖေ ဖေ လက် မ ခံ နိုင် ဘူး သား။ ခွင့် ပြု လိုက် ရင် လည်း ကိုယ့် သား မ ဟုတ် လို့ ဆို ပြီး အ ပြစ် တင် ဝေ ဖန် ကြ ဦး မယ်"

ရှင်းထက် ဖေဖေ့စကားကြောင့် အံ့သြရပြန်သည်။

"ဘယ်လို? အဖေ ဘယ်လိုပြောလိုက်တာ?"

"မင်း က အ ဖေ့ ရဲ့ သား မ ဟုတ် ဘူး။ မင်း ကို မွေး စား ထာ းတာ"

"ဗျာ... ဒေါ်လေးငယ် အဖေပြောနေတာတွေ ဟုတ်လား?"

ရှင်းထက် မျက်ရည်တွေကျနေသော်လည်း မသုတ်ဖြစ်ပဲ မေးခွန်းများသာ မေးနေသည်။
ဝဏ္ဏကိုကို ခမျာလည်း ဘာမှ ဝင်မပြောရဲချေ။

"ဟုတ်တယ် သား။ သားကို ဒေါ်လေးတို့ရဲ့ အကိုက မွေးစားထားတာ"

"အဖေ့ မဟုတ်ဘူးမလား? သားက အဖေ့သားလို့ ပြောပေးပါနော် အဖေ အဖေလို့"

"သား ကို အ ဖေ့ ရဲ့ သား လို့ ပဲ
ခံ ယူ ပြီး သား ပါ။
ဒါ ဟာ ထာ ဝ ရ ပြောင်း လဲ သွား မှာ
မ ဟုတ် ဘူး။ ဘယ် တုန်း က မှ သား ကို မွေး စား သား လို့ မ မှတ် ခဲ့ ဘူး ပါ ဘူး"

ထိုစဉ် အခန်းထဲသို့ လူသုံးယောက်ဝင်လာလေသည်။

"ကိုကောင်း..."

"သားရဲ့ အကိုပဲ သူက။ ပြီးတော့ ဟိုမှာက သားရဲ့ မိဘရင်းတွေ"

ရှင်းထက် ဒေါ်လေးငယ် ညွှန်ပြရာကို ကြည့်လိုက်မိပါသည်။

ဘာမှမပြောနိုင်ပဲ ငိုနေသော ဦးလေးကြီးနဲ့
အဒေါ် ကြီးကို ရှင်းထက်ကြည့်နေရင်းမှ ရင်ထဲ နင့်နေအောင် ခံစားလိုက်ရပါသည်။

ကောင်းဈာန်ဟိန်း ရှင်းထက်အား အားရအောင်ဖက်ပစ်လိုက်ပါသည်။

"ကိုကို့ကို ခွင့်လွှတ်ပါနော် ညီလေး။
အနီးဆုံးမှာ ရှိနေရက်နဲ့ မမှတ်မိခဲ့လို့"

ရှင်းထက် ဘာမှမပြောမိ။ မျက်ရည်တို့သာ တွင်တွင်စီးကျနေပါသည်။

ဦးဘုန်းမြတ်ဟိန်းနဲ့ ဒေါ်နွေစံပယ်တင့်လည်း သားနှစ်ယောက်နား သွားကာ ဖက်လိုက်လေသည်။

"ဖေဖေနဲ့ မေမေတို့ကို ခွင့်လွှတ်ပါ သားငယ်။
ဖေနဲ့မေတို့ရဲ့ ပေါ့ဆမှုကြောင့် ဒီလိုတွေဖြစ်ရတာပါ"

Love Story (Completed)Where stories live. Discover now