Part 3

4.1K 276 1
                                    

Fujoshi ​ရေးတဲ့ဖူးစာ
Part 3

ဒီ​နေ့ ​ခေတ်​​နေက သူလိုက်​​နေတဲ့​ကောင်​မ​လေးဆီက အ​ဖြေသွား​တောင်းမယ့်​​နေ့ ဒီ​ကောင်​မနက်​ကတည်းက ​မြောက်​ကြွ​မြောက်​ကြွ ဖြစ်​တာ ကြည့်​လို့ကိုမရဘူး ။ ဖီးလိမ်းလာလိုက်​တာလည်း မင်းသား​တောင်​ရှုံးတယ်​ ။ အဲ့ဒါသူ့စတိုင်​မှမဟုတ်​တာ ။
"ငမှူး ငါသွားလိုက်​ဦးမယ်​​နော်​ ဒါနဲ့ ငါ​ဂေါ်ရဲ့လား "
"​ဂေါ်မ​ဂေါ်​တော့မသိဘူး မျက်​စိကို​နောက်​​နေတာပဲ သွားစရာရှိမြန်​မြန်​သွားကွာ "
"မင်းကလည်းကွာ ငါရင်​​တွေခုန်​​နေလို့ပါ "
လင်း​ခေတ်​​နေ ထွက်​သွား​တော့ မှူးသက်​တန့်​ တစ်​​ယောက်​ မ​နေနိုင်​မထိုင်​နိုင်​ နဲ့ လိုက်​ပဲ​ချောင်းရ​တော့မလိုလို ငြိမ်​ငြိမ်​​လေး ပဲ ထိုင်​​နေရ​တော့မလိုလို ဖြစ်​​နေတယ်​ ။ သိပ်​မကြာပါဘူး ​ခေတ်​​နေ ပြန်​​ရောက်​လာတယ်​ ။ မျက်​နှာက​တော့ သိပ်​မ​ကောင်းရှာဘူး ။
"​ခေတ်​​နေ ဘာဖြစ်​လာတာလဲ အဆင်​မ​ပြေဘူးလား "
"ဟုတ်​တယ်​ ငါ့ကိုငြင်းလိုက်​တယ်​ သူ့မှာရည်းစားရှိတယ်​တဲ့ "
"ဘာ ဒါနဲ့များ သူက မင်းကိုစိတ်​ဝင်​စား​နေသလိုပုံနဲ့ ဘာလို့ အ​ဖြေ​ပေးမယ်​​ပြောလဲ နဂိုကတည်းက မကြိုက်​ရင်​ငြင်းပါလား 😕😕 "
ပါးစပ်​ကသာ ​ခေတ်​​နေဘက်​က မခံနိုင်​သလို​ပြော​နေ​ပေမယ့်​ စိတ်​ထဲမှာ​တော့ အူမြူး​နေတာ ။ ဟီးးးး ​ခေတ်​​နေသူများ​နောက်​မပါ​တော့ဘူး ။
နောက်​​နေ့ကျ​တော့ သင်​တန်းက ​စော​စောပြီးတာနဲ့ ကန်​တင်းသွားမယ်​ဆိုပြီး နှစ်​​ယောက်​သား ထွက်​လာကြတယ်​ ။ မှူးက အလိုလို ​ခေတ်​​နေနဲ့ပုခုံး​လေးကို ဖက်​ထားမိတယ်​ ။ မှူးက ​ခေတ်​​နေကို ထီး​ဆောင်း​ပေးရင်း ရင်​ထဲမှာ တကယ့်​ချစ်​သူ​တွေလို ခံစား​နေမိတယ်​ ။ ​ခေတ်​​နေရယ်​ ငါမင်း​ပေါ်မှာတရားရဲ့လား​တော့မသိ​ပေမယ့်​ မင်းကို ငါ့အနားမှာပဲ ရှိ​နေ​စေချင်​တယ်​ ။ မင်း​ဘေးမှာ ငါမဟုတ်​ဘဲ တခြားသူ​တွေရှိ​နေတာမမြင်​ချင်​ဘူး ။ ငါ့​ဘေးက ထွက်​မသွားပါနဲ့ baby

အခုတ​လော ငမှူး ကျွန်​​တော့်​အ​ပေါ်မှာ ဆက်​ဆံတာ မရိုးသားဘူးလို့ ခံစား​နေရတယ်​ ။ တစ်​ချိန်​လုံး အနားပဲကပ်​​နေသလိုလို ။ ခဏခဏ စိုက်​ကြည့်​​နေသလိုလိုနဲ့ ။ သူငယ်​ချင်းတစ်​​ယောက်​ရဲ့ ရင်းနှီးမှုလို့ မခံစားရဘူး ။ မဖြစ်​နိုင်​ပါဘူး ကျွန်​​တော်​ စိတ်​ထင်​​နေတာပဲ ဖြစ်​မှာပါ ။ ​အေး​လေ သူ့မှာလည်း ရည်းစားရှိ​နေတာပဲကို ။ ဘယ်​လိုလုပ်​ဖြစ်​နိုင်​မှာလဲ။ ဒါ​ပေမယ့်​ စိတ်​ထဲမှာထင့်​​နေတယ်​ ။ မနက်​ဖြန်​ ​သေချာ​အောင်​ စမ်းသက်​ကြည့်​ရမယ်​ ။ ​နောက်​​နေ့ သင်​တန်း​ရောက်​​တော့ ကျွန်​​တော့်​ကို သူ့အနားအတင်းတိုးခိုင်း​နေတယ်​ ။ ကျွန်​​တော်​ကလည်း တမင်​​ဝေး​အောင်​ ထိုင်​​နေတာကို ။ ကျွန်​​တော်​လည်း မတိုးဘူး ဘာဖြစ်​​နေလဲ ဆိုပြီး​ပြောလိုက်​​တော့ အတင်းခါးကို ဆွဲဖက်​ပြီး သူ့ဘက်​ကိုဆွဲ​ခေါ်သွားတာ ။ ပြီး​တော့လည်း လှုပ်​မရ​အောင်​ သူ့လက်​​မောင်း​တွေနဲ့ ချုပ်​ထားပြီး အတင်းဖက်​ထားတယ်​ ။ တချက်​ချက်​ ပုခုံးကို သူ့နှုတ်​ခမ်းနဲ့ လာလာထိ​နေ​သေးတယ်​ ။ အဲ့ဒါကို နမ်းတယ်​လို့​ခေါ်မလား ။ ရင်​​တွေ​တောင်​ ဖိုးသိုးဖတ်​သတ်​​တွေဖြစ်​ကုန်​ပြီ ။ ဘုရား ဘုရား ငါထင်​​နေတာ အမှန်​များဖြစ်​​နေပြီလား ။ သူ့အနားကခွာဖို့ ကြိုးစား​တော့လည်း သူ့လက်​ကြမ်းကြမ်း​တွေ ​အောက်​က ဘယ်​လိုမှ ရုန်းထွက်​လို့ကိုမရဘူး ။ ဒါနဲ့ပဲ သူ့ကိုဖယ်​ခိုင်းမလို့ ​မော့ကြည့်​​တော့ သူနဲ့မျက်​လုံးချင်းဆုံသွားတယ်​ ။ ငမှူး မျက်​လုံးမှာ ညို့ဓာတ်​တစ်​မျိုးရှ်​တယ်​ဗျ ။ သူနဲ့ မျက်​လုံးချင်းကြာကြာဆုံပြီး မကြည့်​နိုင်​ဘူး ။ ​ယောကျာ်းချင်း​တောင်​ ရင်​ခုန်​ချင်​သလိုဖြစ်​လာပြီ ။ ဒွတ်​ခပဲ ။ ကျွန်​​တော်​ တကယ်​သိချင်​မိတယ်​ ။ သူတကယ်​များကြိတ်​ကြိုက်​​နေတာလားလို့ ။ တကယ်​ကြိုက်​​နေပါတယ်​လို့ ​ပြောလိုက်​ရင်​လည်း ​သေဦးမယ်​ ။ ​မေးလည်း​မေးချင်​တယ်​ ​မေးလည်းမ​မေးရဲဘူး ။ အတန်းပြီးလို့ အိမ်​ပြန်​မယ်​ဆို​တော့ ငမှူးက အတင်းဆွဲထားတယ်​ ။
" ​နေပါဦးကွာ မပြန်​ပါနဲ့ဦး "
" ဟ အတန်းပြီးပြီ​လေ ပြန်​မှာ​ပေါ့ကွ "
" ​ခေတ်​​နေ ဟို​ကောင်​​တွေလည်း ပြန်​သွားပြီ​လေကွာ ငါတစ်​​ယောက်​တည်းပျင်းတယ်​ "
"မင်းလည်း အိမ်​ပြန်​​တော့​လေ "
"မပြန်​ချင်​​သေးဘူး ကန်​တင်းခဏထိုင်​မယ်​​လေ ပြီးမှပြန်​မယ်​​နော်​ "
"ငမှူး မင်းတကယ့်​ချီးထုတ်​ပဲကွာ "
"​ခေတ်​​နေကလည်းကွာ ​ကျောင်းက နှစ်​ရက်​​တောင်​ပိတ်​ဦးမှာ မင်းနဲ့ အကြာကြီးခွဲရမယ့်​ကိစ္စကို တစ်​နာရီ​လောက်​​တောင်​ ငါ့အနားမှာ​ အချိန်​မ​ပေးနိုင်​ဘူးလား "
Shit ဘာစကားကြီးလဲ ။ ဘယ်​လို​တွေ နုရွ​အောင်​​ပြောပြ​နေတာလဲ ။ အရင်​ကတည်းက စိတ်​ထဲ မသင်္ကာပါဘူးဆိုမှ ။
"ပြီး​ရောကွာ လိုက်​ခဲ့မယ်​ "
နှစ်​​ယောက်​သား အတူတူလာရင်း ကန်​တင်းနား​ရောက်​​တော့မှ
"​သေလိုက်​ပါ​တော့ကွာ "
"ငမှူး ဘာဖြစ်​တာလဲ "
"ဘာမှမဖြစ်​ပါဘူး ဟို....ဟိုမှာ "
ငမှူး လက်​ညိုးထိုးပြတဲ့​နေရာကို ကြည့်​လိုက်​​တော့ ဟို​နေ့ကမှ ကျွန်​​တော့်​ကို လတ်​လတ်​ဆတ်​ဆတ်​ ငြင်းလိုက်​တဲ့ ​ကောင်​မ​လေး သူ့ဘဲဆိုတာကြီးကို လက်​တွဲလို့ ။ ကျွန်​​တော်​​တောင်​ ဘာမှ မဖြစ်​တာကို ငမှူးက အလန့်​တကြား နဲ့
"မင်းဘာ​တွေလန့်​​နေတာလဲ ငါ​တောင်​ ဘာမှမဖြစ်​ရဘူး "
"ဟင့်​အင်း မလန့်​ပါဘူး "
မသိချင်​​ယောင်​​ဆောင်​​နေချင်​​ပေမယ့်​လည်း မြင်​​နေ​တော့ မ​ကောင်းတတ်​လို့ နှုတ်​ဆက်​လိုက်​ရတယ်​ ။
"လင်း​ခေတ်​​နေ ငါနင့်​ကို ကြုံတုန်း ငါ့ဘဲနဲ့မိတ်​ဆက်​​ပေးမယ်​​နော်​ "
"မလိုပါဘူး ငါမသိချင်​ဘူး "
"ဘာလို့လဲ နင့်​ကိုငြင်းလိုက်​တာနဲ့ ပတ်​သတ်​ပြီး ငါ့ကိုမ​ကျေနပ်​ဖြစ်​​နေတုန်းပဲထင်​တယ်​ ဒါ​ပေမယ့်​ ဘယ်​မိန်းက​လေးက ကိုယ့်​ကို cover လုပ်​မယ့်​ သူမျိုးနဲ့တွဲ့ချင်​မှာလဲ "
"ဘာ နင်​ဘာ​ပြောလိုက်​တာလဲ "
" ဟုတ်​တယ်​​လေ နင်​က Gay တစ်​​ယောက်​ ​ယောကျာ်း​လေး​တွေကိုပဲ စိတ်​ဝင်​စားတယ်​ ငါ့ကိုလည်း cover လုပ်​ပြီးတွဲဖို့ လိုက်​တယ်​ဆိုတာ အကုန်​သိပြီးပြီ "
" နင်​ဘာစကား​ပြောတာလဲ ငါ့ကိုသက်​သက်​​စော်​ကား​နေတာပဲ နင့်​ကိုဘယ်​သူ​ပြောလဲ "
"ဟာချစ်​ ဒီ​ကောင်​ကအ​ခြောက်​ ဟုတ်​လား မထင်​ရဘူး​နော်​ ​ဟေး မင်းက ​သေချာကြည့်​​တော့ ချစ်​စရာ​လေး ပဲကွ "
ဟိုမိန်းမက ​စော်​ကားတာအားမရလို့ ​ဘေးက သ​တောင်းစားကပါ ဝင်​​စော်​ကား​နေတာ ။ သည်းမခံနိုင်​တဲ့အဆုံး ဟိုဘဲရဲ့ အင်္ကျီ ​ကော်​လံက်ု လှမ်းဆွဲပြီး တစ်​ချက်​ဆွဲထိုးပစ်​လိုက်​တယ်​ ။ လက်​သီးအားက ပြင်းသွားပုံရတယ်​ ။ ဟိုဘဲ နှုတ်​ခမ်း​ထောင့်​မှာ ​သွေး​တွေစို့​နေတာ ​တွေ့တယ်​ ။
"ဟဲ့ နင်​ငါ့ရည်းစားကို ဘာလုပ်​တာလဲ အမှန်​​ပြောလို့ နာ​နေတာလား "
"နင့်​ $ပါးစပ်​ ပိတ်​ထား ငါ gay ပါလို့ နင့်​ကို ဘယ်​မျိုးမစစ်​က ​ပြောတာလဲ 😡😡 "
"ဘယ်​သူ​ပြောလဲ ဟုတ်​လား နင့်​​ဘေးနားက နင့်​ရဲ့ သူငယ်​ချင်းကြီး မှူးသက်​တန့်​ ကိုယ်​တိုင်​​ပြောတာ​လေ "

Fujoshi ရေးတဲ့ဖူးစာ (Complete) Where stories live. Discover now