Part 10

3.2K 247 4
                                    

     လင်း​ခေတ်​​နေ 's POV
   ကျွန်​​တော်​​လေ မှူးသက်​တန့်​ဆိုတဲ့ သူတစ်​​ယောက်​ကို အများကြီး ယုံကြည်​ပြီး ချစ်​ခဲ့မိတယ်​ ။ သူ​ပြောသမျှစကားတိုင်းကို သံသယ တစ်​စ​တောင်​မရှိဘဲ ယုံကြည်​ခဲ့ပါတယ်​ ။ ဘာလို့ဆို ကျွန်​​တော်​သူ့ကိုအရမ်းချစ်​တယ်​ ။ သူက ​ယောကျာ်းတစ်​​ယောက်​ဖြစ်​​နေ​ပေမယ့်​လည်း​ပေါ့ ။ သူ​ပြောခဲ့တဲ့ခဏ​စောင့်​​ပေးပါဆိုတဲ့ စကား​ကြောင့်​ ကျွန်​​တော်​သူ့ကိုအချိန်​​ပေးပြီး ဆုံးဖြတ်​ခိုင်းခဲ့တယ်​ ။ ကျွန်​​တော့်​ကို silent အဖြစ်​ သည်းခံ​ပေးပါဆိုလို့လည်း သည်းခံ​ပေးခဲ့ပါတယ်​ ။ ဒါ​ပေမယ့်​ သူ့​ကောင်​မ​လေး​ရှေ့မှာ သူငယ်​ချင်းလို ဟန်​​ဆောင်​​နေပြရတာ ပင်​ပန်းတယ်​ ။ ကိုယ့်​မျက်​စိ​ရှေ့မှာ တခြားသူနဲ့ ကြည်​နူး​နေတာမကြည့်​နိုင်​ဘူး ။ ကျွန်​​တော်​သူ့ရဲ့​ရွေးချယ်​မှုကို အမြန်​ဆုံး သိရမှဖြစ်​​တော့မယ်​ ။ မဟုတ်​ရင်​ ကျွန်​​တော့်​ရင်​ဘက်​​ပေါက်​ကွဲထွက်​​တော့မယ်​ ။ သူကျွန်​​တော့်​ကို ပစ်​ထားခဲ့မယ်​ဆိုရင်​​တောင်​ သူ​ပျော်​မယ်​ဆို ကျွန်​​တော်​​ကျေနပ်​ပါတယ်​ ။ ကျွန်​​တော်​ သူ့အတွက်​ ​ပျော်​ရွှင်​​အောင်​ထားမ​ပေးနိုင်​​လောက်​ဘူး ။ သူ​ပျော်​တဲ့ရင်​ခွင်​မှာပဲ ​နေပါ​စေ​လေ ။

"ငမှူး ငါမင်းကိုဆုံးဖြတ်​ထားခိုင်းတဲ့ ကိစ္စ အ​ဖြေရပြီလား "
"Baby ဘာကို​ပြောတာလဲဟင်​ "
"ငမှူး မင်းရူးချင်​​ယောင်​​ဆောင်​​နေတာလား မင်းတစ်​​ယောက်​​ယောက်​ကို ​ရွေးချယ်​ဖို့ အချိန်​​ပေးခဲ့တယ်​​လေ ငါ့​စောင့်​​နေရတာ ​တော်​​တော်​ကြာ​နေပြီ ငါဆက်​ပြီး သည်းမခံနိုင်​​တော့ဘူး မင်းအခုအ​ဖြေ​ပေးပါ​တော့ "
"ကိုယ်​​လေ မင်းကိုပဲ​ရွေးချယ်​မှာပါကွာ ဒါ​ပေမယ့်​ ဟိုဘက်​ကိုဖြတ်​ဖို့ အ​ကြောင်းပြချက်​မှမရှ်​တာကွာ ကိုယ်​ဘယ်​လိုထားခဲ့ရမလဲ သူ့မှာအပြစ်​မရှိဘူး​လေ "
"ဒါဆို အပြစ်​ရှိတာငါ​ပေါ့ ငါနားလည်​သွားပြီ ဟုတ်​ပါတယ်​ ငါဇွတ်​မိုက်​ခဲ့မိတယ်​ ငမှူး ငါမဖြစ်​နိုင်​တာကို ​မျှော်​လင့်​ခဲ့မိတယ်​ မင်းအတွက်​သူက ပိုလိုအပ်​မှာပါ "
"Baby ကိုယ်​​ပြောချင်​တာ အဲ့လိုမဟုတ်​ဘူး​လေကွာ "
"ငါတို့ဒီမှာတင်​ လမ်းခွဲလိုက်​တာ ပို​ကောင်းမှာပါ အရင်​လို​တော့အခင်​မင်​မပျက်​​နေသွားကြတာ​ပေါ့ ငါတို့ကြားမှာ ဘာမှမရှိခဲ့သလို သ​ဘောထားလိုက်​ကြရ​အောင်​ "
"လင်း​ခေတ်​​နေ မင်းဘာလို့ ဒီလိုစကား​ပြောတာလဲ ငါ့စိတ်​ကိုမင်းနားမလည်​ပါဘူးကွာ "
"ဟုတ်​တယ်​ ငါနားမလည်​ဘူး မင်းဘာ​တွေဖြစ်​ချင်​​နေလဲ ဆိုတာ ငါနားမလည်​ဘူး မင်းတို့နှစ်​​ယောက်​ ငါ့မျက်​စိ​ရှေ့မှာ ​ပျော်​​နေကြတာမြင်​ရတိုင်း ငါရင်​နာတယ်​ ​အေးအဲ့လိုပဲ တစ်​ဖက်​ကမိန်းက​လေးကလည်း မင်းငါ့ဆီမှာ ရှိ​နေတာသိရင်​ သူလည်းရင်​နာမှာပဲ အဲ့​တော့ ငါ့လုပ်​ရပ်​က အဖြစ်​သင့်​ဆုံးပါ နဂိုကတည်းက ငါမင်းတို့ကြားမှာမရှိခဲ့သင့်​တာ "
"မင်းကိုငါချစ်​တယ်​​လေ baby "
"လူနှစ်​​ယောက်​ ချစ်​​နေရုံ​လေးနဲ့ အရာရာပြည့်​စုံနိုင်​ပြီမထင်​နဲ့ ငမှူး ချစ်​တယ်​ ဆိုတာ အ​ပြောသာလွယ်​တာ မင်းတကယ်​လက်​​တွေ့ကြုံရမယ့်​ အခက်​အခဲ ​တွေ ရင်​ဆိုင်​နိုင်​ပါ့မလား ပတ်​ဝန်းကျင်​က လက်​ညိုးထိုးပြီး ကဲ့ရဲ့မှာ ခံနိုင်​ရည်​ရှိရဲ့လား "
"ငါတို့ကြားထဲမှာ အဲ့စကား​တွေ​ပြော​နေဖို့ မလိုဘူး​လေ မင်းဘာ​တွေ​တွေး​နေတာလဲ ​ခေတ်​​နေ "
" ငမှူး ငါ​ပြော​နေတာ​တွေက တစ်​ချိန်​မှာ တကယ်​ကြုံလာရမယ့်​ ကိစ္စတွေကွ မင်းက အရမ်းကို​ပေါ့တန်​လွန်းတယ်​ ​ပေါ့ပျက်​ပျက်​ နိုင်​တယ်​ မင်းငါတို့ရဲ့ relationship ကို အ​ပျော်​သ​ဘောမျိုး သတ်​မှတ်​ထားတာလား "
"ငါ ဘယ်​တုန်းကမှ အဲ့လိုမ​တွေးဖူးဘူး လင်း​ခေတ်​​နေ "
"မင်းမ​တွေးဖူးဘူး ဆိုရင်​​တောင်​ မင်းလုပ်​ရပ်​​တွေက သက်​​သေပဲ​လေ မင်းငါ့ကို​ရော သဇင့်​ကို​ရော အရူးထပ်​မလုပ်​ချင်​ပါနဲ့​တော့ သဇင်​ကမင်းရဲ့ အရင်​ကတည်းက ချစ်​သူဖြစ်​ခဲ့တာပါ ငါကကြားထဲက အရှုပ်​ထုတ်​မို့လို့ ငါထွက်​သွားရင်​ အားလုံးပြီးသွားလိမ့်​မယ်​ မှူးသက်​တန့်​ ငါတို့ဒီမှာပဲ အဆုံးသတ်​ကြတာ​ပေါ့  "

Fujoshi ရေးတဲ့ဖူးစာ (Complete) Where stories live. Discover now