part 16

3.3K 190 7
                                    

Fujoshi ရေးတဲ့ဖူးစာ
Part 16

မှူးသက်တန့် တစ်ယောက် ကျွန်တော့်အိမ်မှာ သောင်တင်နေတာ နှစ်ပါတ်လောက်ရှိပြီ ။ သူ့အိမ်ကိုလည်း ဘယ်လိုမှ ပြန်မောင်းထုတ်လို့ကို မရဘူး ။ ပြီးတော့ တစ်ချိန်လုံး ကျွန်တော့်အနားမှာပဲ တောက်တဲ့လိုကပ်နေတာ ။ မေမေကပါ သူ့ဘက်ကဆိုတော့ ထိန်းမနိုင်သိမ်းမရကို ဖြစ်နေတာ ။ ငမှူးကပြောတယ် ။ အားလုံးကို ပွင့်ပွင့်လင်းလင်း အသိပေးပြီးတွဲကြရအောင်တဲ့ ။ အဲ့စကားကို ကြားကြားချင်း ကျွန်တော့်မှာပျော်လွန်းလို့ မျက်ရည်ပါဝဲတယ် ။ ကျွန်တော်သိလိုက်ပါပြီ ။ သူကျွန်တော့်ကို တကယ်အချစ်စစ်နဲ့ချစ်တယ်ဆိုတာကိုပေါ့ ။
"Baby ဘာတွေစဉ်းစားနေတာလဲ "
"ဘာမှမစဉ်းစားပါဘူး "
"ဟာ လိမ်တယ်ကြည့်စမ်း စဉ်းစားနေတာ မြင်ရဲ့သားနဲ့နော် ဘာလဲ ကိုယ်နဲ့ချစ်တင်းနှောခဲ့တာတွေ ပြန်စဉ်းစားပြီး Feel နေတာလား အဲ့လိုဆိုရင်တော့ မစဉ်းစားပါနဲ့ ကိုယ်ကိုယ်တိုင်ကူညီမှာပေါ့ "
"နှာဘူး မင်းခေါင်းထဲမှာ အမြဲအဲ့ဒါပဲရှိတယ် "
"ချစ်လို့ဟာကို အမေလည်း မရှိတုန်း တစ်ခါလောက် မပေးချင်ဘူးလား "
"ရတယ်လေ တစ်ခါချင်ရင် ငါမင်းအပေါ်က တက်ဘုမယ် Ok လား "
"နေပါတော့ ရတယ် မင်းရဲ့ကိုကြီးက အမြဲတမ်း top ပါကွ ဘယ်တော့မှ bottom မထိုင်ဘူး "
"မင်းက top ဆိုတိုင်း မတရားနှိပ်စက်နေတာ တစ်နေ့ဝဋ်လည်ဦးမယ်သိလား "
"ဟားးဟားးး မင်းကိုကြီးက လူလည်ပါကွ အဲ့ဒါမျိုး ဘယ်တော့မှ မရှိစေရဘူး 😁😁 "
ရုပ်ကိုက မချိုမချဉ်နဲ့ လုပ်နေတာ တကယ်မုန်းချင်စရာကြီး ။
"ဟဲ့ နှစ်ယောက်တည်း ဘာတွေ အကြည်စိုက်နေတာလဲ "
အသံကြားလို့ကြည့်လိုက်တော့ ရွှန်းနဲ့မြင့်မိုရ် ။ ယောက္ခမ က ဒီနေ့ အိမ်မှာမုန့်လုပ်စားမယ်ဆိုလို့ သူတို့နှစ်ယောက် ကိုပါ ခေါ်လိုက်တာ ။ မမနှစ်ယောက်ကလည်း စားရသောက်ရမယ်ဆို အမြဲတက်ကြွနေတာ ။ အခုလည်း သူများတွေ သာယာနေတာကို ဖျက်ဆီးတယ် ။
"ဟဲ့ ရုပ်ကြီးက မသာမယာနဲ့ ငမှူး ဘာဖြစ်နေတာလဲ "
"အရေးကောင်းတုန်း ဒိန်းဒေါင်းဖျက် ဆိုတာမျိုးလေ လာနှောက်ယှက်ကြတယ် "
"ဟာ အဲ့လိုနော် ငါတို့က အနှောက်ယှက်ပေါ့လေ ကျေးဇူးကန်းတယ်ပေါ့ "
"ဟဲ့ ရွှန်းနဲ့မြင့်မိုရ် သူဆေးမသောက်ရသေးလို့ပါဟာ နားလည်ပေးလိုက်ပါ လာကြဧည့်ခန်းထဲသွားမယ် မေမေက အခုမှဈေးသွားတုန်း "
"ဟာbaby က ကိုယ့်ကို အရူးလို့ပြောတယ်ပေါ့ "
မှူးသက်တန့် က လင်းခေတ်နေ ကို အတင်းဖက်ပြီး နမ်းနေတော့ ရှေ့မှာထိုင်နေတဲ့ Fujoshi မတ်မတ် နှစ်ယောက်က ရှောင်ပဲပေးရတော့မလိုလိုနဲ့ မျက်နှာပူနေရောပဲ ။ နောက်တော့လည်း ကြည့်ကောင်းကောင်းနဲ့ ထိုင်ကြည့်နေလိုက်တော့တယ် ။ 😂😂

Fujoshi ရေးတဲ့ဖူးစာ (Complete) Where stories live. Discover now