"အဲ့ကိုယ်ဝန်က ငါနဲ့ ရတာ "
"ဒါ ဒါဆို "
"ဘာတွေဖြစ်ကုန်တာလဲ ရွှန်းရယ် "
"အစ်ကို ညီမတို့နားလည်အောင်ရှင်းပြပါဦး "သူ သက်ပြင်းတစ်ချက်ကို မာန်ပါပါချလိုက်ရင်း အတိတ် ကို ပြန်သရုပ်ဖော်ပြောပြနေတယ် ။ "ကိုယ့်နာမည်က သုတမောင် သဇင်နဲ့ ကိုယ်က ချစ်သူဖြစ်တာ တစ်နှစ်ကျော်ပြီ "
"ဟင် တစ်နှစ်ကျော်ပြီ ဟုတ်လား သူနဲ့ ငမှူး ပြတ်တာ လပိုင်းပဲ ရှိသေးတာကို ဒါဆို မပြတ်ခင်ကတည်းက တွဲနေကြတာပေါ့ "
" ကိုယ်နဲ့သူ ချစ်သူအဆင့်ထက် နယ်ကျော်ခဲ့ကြတယ် သူ့ဘက်ကလည်း ကြည်ဖြူခဲ့တာပဲ နောက်တော့ သူ့မှာ ကိုယ်ဝန်ရှိလာခဲ့တယ် အဲ့ကတည်းက ကိုယ့်ကိုရှောင်နေတော့တာ "
"အယ် ဘယ်လိုကြီးလား တခြားသူတွေက ကိုယ့်ကိုတာဝန်မယူမှာဆိုးလို့တောင် အတင်းလိုက်ကပ်နေကြတာကို "
"အင်းလေ သူက ဘယ်လိုကြီးလဲ "
"ဘယ်လိုကြီးရမှာလဲ ကိုယ်က မျက်နှာမွဲကောင်လေ အဲ့ဒါကြောင့် ပိုက်ဆံရှိတဲ့သူကို ရွေးသွားတာ "
"အစ်ကိုကရော သူနဲ့ထိပ်တိုက်မရှင်းဘူးလား "
"မရှင်းပဲနေမလားကွာ ကိုယ်အကြောင်းစုံသိနဲ့နေ့က သူ့အိမ်ကို လိုက်သွားတာကို ကိုယ့်ကို ခွေးမောင်းသလိုမောင်းထုတ်ကြတယ် ပြီးတော့ သူ့သမီးကို ဆက်ပတ်သတ်နေရင် တရားစွဲမယ် အမှုဖွင့်မယ်ဆိုပြီး ပြောတယ် "
"စွဲလည်းစွဲပါစေပေါ့ အစ်က်ုက မှန်တဲ့သူပဲလေ "
"ကိုယ် မရရအောင် သူ့ကိုပြန်ယူမှာ အချိန် ကောင်းကို စောင့်နေတာ "
"အစ်ကိုကသာ စောင့်နေ ဟိုကဖြင့် လက်ထပ်တော့မှာကို ငိုတောင်ငိုချင်လာပြီ "
မျက်နှာလေးတွေဆူပုတ်နေတဲ့ ရွှန်းနဲ့မြင့်မိုရ် ကိုကြည့်ပြီး
"မင်းတို့က ငါ့ထက်တောင် ပိုခံစားနေတာလား "
"အို ခံစားရတာပေါ့ ငမှူးဆိုတာ ကျွန်မတို့ အချစ်ဆုံး သူငယ်ချင်း ဖြစ်သလို သူ့ချစ်သူကလည်း ကျွန်မတို့ရဲ့ အရေးအကြီးဆုံး လူတစ်ယောက် အဲ့တော့ အခုပွဲကို လက်မခံနိုင်ဘူး "
" ငါတို့ပူးပေါင်းကြမလား "
"ကျွန်မတို့က ဘာလုပ်ပေးရမှာလဲ "◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾
" မြင့်မိုရ် တစ်ယောက်တည်းလား ရွှန်းရော မပါဘူးလား "
"သူ ဧည့်သည် တစ်ယောက် တွေ့စရာရှိလို့ နောက်မှလိုက်လာလိမ့်မယ် "
" imm ပါ ခေတ်နေရော နေကောင်းရဲ့လား "
ခေတ်နေရဲ့ နာမည်ကို ခေါ်လိုက်တဲ့ မှူးသက်တန့် အသံတွေက တုန်ရီနေတယ် ။ မျက်ရည်မကျပါနဲ့ ငမှူးရယ် အခုချိန်မှာ နင်စိတ်မာနိုင်ရမှာပေါ့ ။
"အေး ခေတ်နေလည်း နေကောင်းပါတယ် ငါတို့က နင့်မင်္ဂလာဆောင် မလာနိုင်လို့ ကြိုပြီး လက်ဖွဲ့လာပေးတာဟ ခေတ်နေလည်း သူ့လက်ဖွဲ့ထည့်ပေးလိုက်တယ် သိလား "
မြင့်မိုရ်လည်း မငိုမိအောင် ထိန်းပြီးပြောနေရတာ အရမ်းပင်ပန်းနေပြီ ။ ရွှန်းကလည်း အခုမှကြာနေတယ် ။ သဇင်ကတော့ မျက်နှာက ပြုံးရွှင်လို့ အတော်ပျော်နေတဲ့မျက်နှာ ။
"အင်းပါဟာ နင်တို့မလာနိုင်တာ ကိစ္စမရှိပါဘူး ငါနားလည်ပါတယ် "
"ဟုတ်ပါတယ် ငါကလေးမွေးရင်တော့ နင်တို့လာအားပေးရမယ်နော် ငါ့ကလေးကို နာမည် ဘယ်လိုပေးရပါ့ မိန်းကလေးမွေးရင် မှူးခေတ်သဇင် အဲ့လိုဆိုလှလား "
ခနဲ့သလို ပြောလိုက်တဲ့ သဇင့်စကားကြောင့် မြင့်မိုရ် ဒေါသက ထောင်းခနဲဖြစ်သွားတယ် ။
" အဲ့နာမည်က မလှပါဘူး သဇင်သုတ ဆိုရင်ရော အဖေနာမည်ကို နောက်ကနေထည့်ပေးလိုက်ရင် ဘယ်လောက်လှသလဲ "
မြင့်မိုရ် ပြောစကားကြောင့် သဇင် မျက်နှာပျက် သွားပြီး
" နင်ပေးတဲ့နာမည်မှာ သက်တန့်နာမည်လည်း မပါဘဲနဲ့ "
"Aww ဟုတ်သားပဲနော် ငမှူးနာမည်မှ မပါဘဲနဲ့ "
သဇင် သိလိုက်ပြီ ။ မြင့်မိုရ်တို့ တစ်ခုခုကို သိထားတယ်ဆိုတာ ။ အခြေနေကို ရိပ်စားမိတော့ ဒီမှာ ကြာကြာမနေသင့်တော့တာလည်း သိနေတယ် ။ အဲ့ဒါနဲ့
"သက်တန့် သဇင်တို့ ပြန်ကြရအောင်လား ရွှန်းက ဘယ်အချိန်လာမှန်းမသိတာ စောင့်မနေပါနဲ့တော့ သဇင် နေလို့သိပ်မကောင်းတော့ဘူး ပြန်ရအောင် နော် "
"ငါမပြန်ချင်သေးဘူး ငါ့သူငယ်ချင်းတွေနဲ့တွေ့ချင်သေးတယ် "
"သဇင်ရယ် နေပါဦး ဒီနေ့က ငါတို့နဲ့နင်နောက်ဆုံးတွေ့ရတာလည်း ဖြစ်ကောင်းဖြစ်သွားနိုင်တယ်ဟ ရွှန်းကို ခဏစောင့်ပါဦး "
"နင့်စကားက ဘာလဲ မြင့်မိုရ် ငါက ဘာလို့ နောက်ဆုံးတွေ့ဆုံမှုဖြစ်မှာလဲ "
"ငါဆိုလိုတာက နင်တို့လက်ထက်ပြီးရင် နင်တို့လည်းမအား ငါတို့လည်း အလုပ်ရှုပ်နေမှာနဲ့ တွေ့ဖို့အချိန်မပေးနိုင်လောက်တော့ဘူး ဒါကို ပြောချင်တာပါ နင်က ဘာလို့ ကြောက်လန့်တကြားဖြစ်နေရတာလဲ "
" ဟင့်အင်း ဘာမှမဖြစ်ဘူး "