Part 19 (final)

5.1K 262 19
                                    

"အဲ့ဒါ အမှန်ပဲလား ရွှန်း "
ငမှူးက ရွှန်းကို အားကိုးတကြီးနဲ့ မေးရှာတယ် ။
"ဟုတ်တယ် ငမှူး ဒါတွေက အမှန်တွေပဲ နင့်ကို အမိဖမ်းချင်လို့ အကွက်ဆင်ထားတာ "
"မင်း မင်းကွာ တကယ့်ကို ယုတ်မာတဲ့မိန်းမပဲ "
"ရွှန်း နင်က ငါ့ရည်ရွယ်ချက်ကို ဖျက်ဆီးတာပဲ "
" ငါက အမှန်တရား ဘက်က ရပ်တည်ပေးရုံတင်ပါ ကိုသုတက နင့်ကို ဘယ်လောက်ချစ်သလဲ နင်မို့လို့ မမြင်ချင်ယောင်ဆောင်ရက်တယ် နင့်ဘဝအတွက် အကောင်းဆုံးဖြစ်အောင် နင်စဉ်းစားပါသဇင် "
"ငါတို့ရဲ့ မင်္ဂလာပွဲဆိုတာ ရှိလာစရာ မရှိတော့ဘူးနော် သဇင် မင်းဘဝကို ပျော်ပျော်ကြီးဖြတ်သန်းနိုင်ပါစေကွာ "

◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾

ဆိုင်ထဲက ပြန်ထွက်လာတော့ မှူးသက်တန့် မျက်နှာကြီးကိုဖြီးလို့ ။
"ကိုယ်တော် ကိုယ့်ရုပ်လည်း ကိုယ်ပြန်ကြည့်ဦး ပြုံးဖြီးနေလိုက်တာများ 😂😂 "
"အေးဟယ် နင်နဲ့ဟိုမိန်းမ စေ့စပ်ပွဲ တုန်းကလည်း အဲ့လိုပြုံးပါလား "
"တော်ပါတော့ အဲ့မိန်းမအကြောင်းမပြောပါနဲ့"
"အေးပါ ငါတို့မပြောတော့ပါဘူးနော် အခုဘယ်သွားမှာလဲ "
"Baby ဆီကိုသွားမှာပေါ့လို့ ငါအရမ်းလွမ်းနေပြီဟ "
"အာ့ဆို ငါတို့လိုက်လို့ဖြစ်ပါ့မလား နင်တို့အလွမ်းသယ်ကြတာ မကြည့်နိုင်ဘူးနော် ငါတို့က ရှက်တတ်တယ် "
"မလိုက်ဘဲတော့ မနေကြပါနဲ့ နင်တို့မပါရင် ကလေးကပေးမတွေ့ဘဲနေဦးမယ် "

ခေတ်နေတို့အိမ်ရောက်တော့ ခေတ်နေရဲ့မေမေက ခြံထဲမှာ ထိုင်နေတယ် ။ မျက်နှာက နွမ်းဖျော့ဖျော့နဲ့ ခေတ်နေစိတ်ကြောင့်ထင်ပါရဲ့ ။ အန်တီက ရွှန်းတို့ကို မြင်တော့
"သမီးတို့ပါလား မောင်မှူး သားလည်းပါလာတယ် "
"ဟုတ်တယ် အန်တီ အရေးကြီးကိစ္စရှိတယ်လေ "
"ဟဲ့ ငမှူး နင် အန်တီ့ကို ရှင်းပြလိုက် ငါတို့ ခေတ်နေဆီသွားမယ် "

ခေတ်နေက သူ့အခန်းထဲမှာ ခွေခွေလေးလှဲနေတယ် ။ ရွှန်းနဲ့မြင့်မိုရ် ကို မြင်တော့မှ ထလာပြီး
"နင်တို့ ဘယ်ကနေလာတာလဲ "
"ငါတို့က မှူးသက်တန့် မင်္ဂလာဆောင် ကိစ္စနဲ့ ပတ်သတ်ပြီး ကူညီပေးနေတာဟ အခုအဲ့က အပြန် နင့်ဆီဝင်လာတာ "
"Aww သူရော နေကာင်းရဲ့လား "
"သူများကို စိတ်မပူနဲ့ နင့်ကိုယ်နင် ပြန်ကြည့်ဦး လူက ပျော့ခွေနေပြီ မျက်နှာလေးက ချောင်ကျသွားလိုက်တာ "
"ငါ အခုချိန်မှာ ဘယ်လိုစိတ်နဲ့ အားတင်းထားရမလဲဟာ ငါသူ့ကို အရမ်းချစ်တယ် အရမ်းလွမ်းတယ် အရမ်းတွေ့ချင်တယ် ဒါပေမယ့် သူနဲ့ထပ်မတွေ့နိုင်တော့ဘူး သူလည်း ငါ့ကို သတိရနေလိမ့်မယ်လို့ ငါထင်ပါတယ် "
"နင် သူနဲ့အခုနေတွေ့ရင် ဘာလုပ်မှာလဲ "
"ဖြစ်နိုင်မယ်ဆိုရင် သူ့ရင်ခွင်ထဲဝင်ပြီး ထပ်မထွက်သွားပါနဲ့ဆိုပြီး ဆွဲထားမိမှာပဲ "
"တကယ်လား baby "
အခန်းရှေ့မှာ ရပ်နေတဲ့ မှူးသက်တန့် ကြောင့် ခေတ်နေ ကြောင်သွားတယ် ။
"ကိုကို အာ မှားလို့ မှူးသက်တန့် မင်း ဘယ်လိုရောက်လာတာလဲ "
"အွတ် "
အတင်းဆွဲနမ်းလိုက်တဲ့ မှူးသက်တန့် ကြောင့် ခေတ်နေလန့်သွားပြီး ရုန်းတယ် ။ မကြာခင် မင်္ဂလာ ဆောင်တော့မယ့် သတို့သားတစ်ယောက်ဆီက အနမ်းတွေကို လက်မခံသင့်တော့ဘူးလေ ။
"ဟာ ငမှူး နင်ကလည်း ငါတို့ရှေ့ကြီးမှာ "
အဲ့တော့မှ လူချင်းခွာလိုက်ပြီး
"နင်တို့ရှေ့နမ်းတော့ရော ဘာဖြစ်လဲ နင်တို့က ရှက်တတ်တဲ့မိန်းမတွေမှ မဟုတ်ဘဲ "
"မှူးသက်တန့် ငါတို့ရဲ့ ကလေးလေး ခေတ်နေကို နင့်လက်အပ်တယ်နော် ကလေးကို ပျော်အောင်ထားပါ "
"နင်တို့ ဘာတွေပြောနေကြတာလဲ ဘာတွေလဲ "
ခေတ်နေက နားမလည်ဘဲ ကြောင်တောင်တောင် လေးနဲ့ မေးနေတယ် ။
"ခေတ်နေ နင်နဲ့ ငမှူးကြားမှာ ဘာအနှောက်ယှက်မှ မရှိတော့ဘူးသိလား သဇင့်ရဲ့ ကိစ္စကလည်း ငါတို့ကို တမင်ဂျင်းထည့်ပြီး အမိဖမ်းခဲ့တာဟ အချစ်စစ်မှန်ရင် အခက်အခဲ တွေကို အကုန်ကျော်လွှားနိုင်တယ်ဆိုတာ ယုံသွားပြီ သိလား "
"ငါ့ကို သေချာနားလည်အောင် ပြောပြကြပါဦးဟာ "
မြင့်မိုရ်က အကြောင်းစုံ အထုပ်ဖြေပြပြီးတော့မှ ခေတ်နေရဲ့ မျက်နှာပေါ်မှာ အပြုံးလေးတွေ တဖြည်းဖြည်း ထင်ဟပ်လာတယ် ။
"မေမေ့သားလေးဆီက ဒီအပြုံးမျိုး ပြန်မြင်ရတာ အရမ်းဝမ်းသားတယ် သားရယ် မောင်မှူး ကလည်း သားလေးကို ဂရုစိုက်ပေးပါ နော် အန်တီတို့မှာ သားအမိနှစ်ယောက်တည်းရှိတာ သက်တမ်းအရဆို အန်တီက အရင်သွားရမယ့်သူပဲ အဲ့တော့ သားလေးကို စိတ်ချထားချင်တယ် မောင်မှူးနဲ့သာဆို  သူ့အတွက် အစစအရာရာစိတ်ချပါတယ် "
ဇာတ်ပေါင်း ခန်းလေးက အရမ်းတွေ ကြည်နူးဖို့ကောင်းတော့ Fujoshi မတ်မတ်နှစ်ယောက် တအားတွေကျေနပ်နေကြတာ ။

Fujoshi ရေးတဲ့ဖူးစာ (Complete) Where stories live. Discover now