ကျွန်တော်က မှူးသက်တန့်ပါ ။ သူငယ်ချင်းအများစုကတော့ သက်တန့်လို့ခေါ်ကြတယ်။ ဒါပေမယ့်ခေတ်နေကတော့ ငမှူးတဲ့ ။ သူများနဲ့မတူအောင်ခေါ်တာလေးကို သဘောကျတယ်။ ကျွန်တော်ကလေ Gay တစ်ယောက်မဟုတ်ဘူး ။ မိန်းကလေးတွေကို စိတ်ဝင်စားတဲ့သူပါ ။ ဒါပေမယ့်ခေတ်နေ အနားမှာ ကပ်နေရတာ သဘောကျတယ်။ သူ့ကို မထိတထိ Skin shipလေးတွေရော ထိထိမိမိ Skin shipလေးတွေရော လုပ်ရတာသဘောကျတယ်။ သူကလည်း အဲ့လိုလုပ်ရင်တအားအမြင်ကပ်တာ ။ သူမကြိုက်လေ ကျွန်တော်က ပိုစချင်လေပဲ ။ အဲ့ဒါအချစ်လား သာယာမှုလားတော့ ကျွန်တော်မပြောတတ်သေးဘူး ။
"ဟေ့ကောင်ငမှူး မလုပ်နဲ့လေ ဆရာစာသင်နေတာကို ငြိမ်ငြိမ်နေ ဘယ်လိုဖြစ်နေလဲ "
"ဘာဖြစ်တာလဲ ဆရာက သူသင်စရာရှိတာသင်လိမ့်မယ်ငါလည်း လုပ်စရာရှိတာလုပ်မယ်"
တမျိုးမထင်နဲ့ဦးနော်။ခေတ်နေက ခါးထိရင်ယားတတ်တယ်။ ဆရာ စာသင်နေတုန်း ကျွန်တော်က ခါးကိုသွားသွားတို့လို့ လန့်လန့်သွားတာ ။ အရူးလေး ချစ်ဖို့ကောင်းတယ်။ ကျွန်တော်စိတ်ထဲကတွေးရင်း သူ့ဆံပင်လေးတွေကို အသာအယာဖွလိုက်တယ်။ နုညံ့နေတာပဲ ။ သူ့ခါးကို ဖက်ထားသလိုလိုနဲ့ ရင်ခွင်ထဲ မသိမသာ ဆွဲသွင်းထားမိတယ်။ သူ့ရဲ့ကိုယ်သင်းနံ့လေးကိုက ဆွဲဆောင်မှုရှိနေတာ ။ ရုတ်တရပ်ခေါင်းထဲမှာ အတွေးတစ်ခုက ဝင်လာတယ်။ အခုတလောခေတ်နေကကောင်မလေးတစ်ယောက်ကို လိုက်နေတာလေ ။ မတော်တဆ ဟိုကောင်မလေးက သူ့ကို လက်ခံလိုက်ရင်ဒုက္ခ ပဲ ။ခေတ်နေကသေသေသပ်သပ်မဝတ်စားတတ်တာကလွဲလို့ လူချောပဲဟာ ။ ဟာ... မှူးသက်တန့်ဘာတွေတွေးနေမိတာလဲကွာ ။ မင်းကခေတ်နေ ကို သဝန်တိုနေတာလား။ယောကျာ်းချင်းကို မင်းရူးနေပြီ မှူးသက်တန့်။ရွှန်းနဲ့မြင့်မိုရ်ဒီနေ့ သင်တန်းကို အစောကြီးရောက်နေကြတယ်။ အဓိကအကြောင်းက သင်တန်းနှစ်ရက်ပိတ်တော့ ဟိုနှစ်ကောင်ro ကြတာ မမြင်ရတာ နှစ်ရက်ရှိပြီ ။ အဲ့ဒါကြောင့်သူ့တို့ ro တာစောစောကြည့်ရဖို့ ဝီရိယတွေကောင်းပြီးစောစောရောက်နေတာ ။
"ဟဲ့ မြင့်မိုရ်ငါတို့စောစော လာတဲ့နေ့ကျမှ နင့်ဟိုနှစ်ကောင်ကပေါ်မလာသေးဘူး "
"အေးဟယ်အရင်ငါတို့အမြဲနောက်ကျတုန်းကကျတော့ အစောကြီးလာကြတယ်"
"ဟယ်ပြောရင်းဆိုရင်းနဲ့ လင်းခေတ်နေ လာပြီ သူ့Seme ကြီးလည်း မပါဘူး "
"Seme ကြီးကလည်း ဆရာတောင်ဝင်နေပြီဒင်းကမရောက်သေးဘူး "
ကျွန်မတို့ပြောပြီးသိပ်မကြာပါဘူး ။ ဆရာနဲ့ရှေ့ဆင့်နောက်ဆင့်ဆိုသလို အခန်းထဲ ဝင်လာတယ်။ ဆရာက
"မှူးသက်တန့်မင်းဘာလို့နောက်ကျနေတာလဲ "
"ဟို သားလမ်းမှာ ကားပိတ်နေလို့ပါ "
"ဆင်ခြေတွေချည်းပဲ မြန်မြန်သွား စာသင်မယ်"
ရောက်ရောက်ချင်း လင်းခေတ်နေ က ဘာလို့နောက်ကျတာလဲ စစ်ဆေးရေး ဝင်နေပုံပဲ ။ မှူးသက်တန့်ကလည်း သံလိုက်နဲ့ဆွဲလိုက်သလို လင်းခေတ်နေ အနားကပ်ပြီး တိုးတိုးတိုးတိုးနဲ့ ရှင်းပြနေလိုက်တာဆိုတာဘေးနားက အမွှေစိန်သိန္ခကို ရှိတယ်လို့တောင်ထင်ပုံမရဘူး ။ရောက်ကတည်းက တွတ်ထိုးနေကြတာ မပြီးနိုင်သေးဘူး ။ အင်းပေါ့လေ နှစ်ရက်တောင်ခွဲထားရတာဆိုတော့ လွမ်းနေကြမှာပေါ့ ။
"ဟိုနှစ်ကောင်စာလိုက်မကြည့်ဘဲ ဘာတွေပြောနေကြတာလဲ ငါ့ကိုလည်းပြောပါဦး "
"ဗျာ ဆရာ ဘာမှမဟုတ်ပါဘူး မတွေ့တာကြာပီ ဆိုတော့ သာကြောင်းမာကြောင်းမေးနေတာ "
"မှူးသက်တန့်ငါအကောင်းမေးနေတာနောက်နေတာမဟုတ်ဘူး "
"သားလည်း အကောင်းပြောတာပါ ဆရာရဲ့ နှစ်ရက်တောင်ခွဲထားရတာဆိုတော့ အလွမ်းသယ်နေကြတာလေ "
"Wow Wow....... "
မနေနိုင်မထိုင်နိုင်နဲ့နောက်က ထအော်မိတဲ့ ရွှန်းနဲ့မြင့်မိုရ်ဆီ တစ်ခန်းလုံးက အကြည့်တွေရောက်လာတယ်။
"ဟိုနှစ်ယောက်ကရော ဘာထဖြစ်တာလဲ "
"သူ့ plotလေးတွေ ကြိုက်လို့ပါ ဆရာ ဟီးးး 😁😁"
ဆရာက မနိုင်ဘူး ဆိုတဲ့အကြည့်မျိုးနဲ့ စိတ်ပျက်လက်ပျက်ကြည့်ပြီး စာဆက်သင်နေတယ်။ ဟိုနှစ်ယောက်လည်း ဆရာဆူတုန်းခဏပဲ ငြိမ်နေတာ ။ ပြီးတာနဲ့ အရင်အတိုင်း စကားပြောနေကြတာပဲ ။တော်တော်ဆိုးတဲ့ကောင်လေးတွေ ။ ဟီးးး သူများကိုသာပြောနေတာ ကျွန်မတို့ရော
ဘာထူးလဲ ။ စာထဲကို စိတ်မရောက်နိုင်ဘူး မျက်လုံးနှစ်လုံးကရှေ့တန်းမှာချည်းပဲ ။ မှူးသက်တန့်က လင်းခေတ်နေ ပုခုံးပေါ် လက်တင်ပြီး စာတစ်လုံးမှ လိုက်မကြည့်ဘူး ။ တစ်ခါတစ်လေ မှူးသက်တန့်က လင်းခေတ်နေ ကိုငေးကြည့်နေသေးတာ ။ မှူးသက်တန့်က လင်းခေတ်နေ မျက်နှာကိုသေသေချာချာ ကြည့်နေတဲ့အချိန်မှာ လင်းခေတ်နေကလည်း သူ့ဘက်အလှည့်အားးးး ထိပြီလေ ။ မဟုတ်ဘူး နမ်းမိသွားတာ ။ ပိုတိတိကျကျပြောရရင်နမ်းလိုက်တာ ။ မှူးသက်တန့်က လင်းခေတ်နေရဲ့ နှဖူးလေးကို နမ်းလိုက်တာ ။ ကိုယ့်မျက်စိတောင်ကိုယ်မယုံဘူး ။ ဆရာ စာသင်နေတုန်း အသံထက်ထွက်လာမှာဆိုးလို့ ပါးစပ်ကို အတင်းပိတ်ထားရတယ်။ ဒီတစ်ခါ ထပ်အော်ရင်အခန်းပြင်ထွက်ရတော့မယ်။ မြင့်မိုရ်က "ဟဲ့ ဘာထဖြစ်တာလဲ "
"ဟို....ဟို နမ်းလိုက်တယ်"
"ဟင်တကယ်လား ဘယ်ကိုနမ်းတာလဲ "
"နဖူးကိုပါ "
"ဟွန်းးး နဖူးပဲလား 😕😕 နှုတ်ခမ်းက ပိုနမ်းလို့ကောင်းတာ ဒင်းမသိဘူးလား ပြီးတော့ ငါကြည့်မနေတဲ့အချိန်မှ နမ်းရလား အရူးတွေ "