Part - 6

3.4K 273 2
                                    

ဒီ​နေ့​ ​ခေါင်းကိုက်​​နေတာနဲ့ပဲ ​ခေတ်​​နေ ခွင့်​ယူလိုက်​ပြီး အိမ်​မှာပဲ နား​နေလိုက်​တယ်​ ။ ခွင့်​ကို​တော့ သိန္ခဆီ ဖုန်းဆက်​ပြီးပဲ တိုင်​ခိုင်းလိုက်​တယ်​ ။ ငမှူးနဲ့ပတ်​သတ်​ပြီး စိတ်​ကမလုံ​တော့ ကိုယ့်​ဘာသာ မျက်​နှာပူ​နေမိလို့ ။ သင်​တန်းဆင်းတဲ့အချိန်​​လောက်​​တော့ ငမှူး ကျွန်​​တော့်​ဆီ ဖုန်းဆက်​လာတယ်​ ။
"သားကြီး ဘာလို့ သင်​တန်းမလာတာလဲ "
"ငါ​ခေါင်းနည်းနည်းကိုက်​​နေလို့ သိန္ခဆီဖုန်းဆက်​ထားတယ်​​လေ မ​ပြောဘူးလား "
"​ပြောသားပဲ ငါက မင်း​ပြောတာကြားချင်​လို့ ဒါနဲ့ မင်းက ငါ့ဆီမဆက်​ဘဲ ဘာလို့ သူ့ကို​ပြောခိုင်းရတာလဲ "
" မင်းဆီ ဖုန်း​ခေါ်မရလို့ပါကွာ " ကျွန်​​တော်​လည်း လိမ်​ပြီး​ပြောလိုက်​တယ်​ ။
"ထားပါ​တော့ ​ဆေး​သောက်​ပြီးပြီလား မ​သောက်​ရ​သေးရင်​ ​သောက်​​နော်​ "
"​သောက်​ပြီးပါပြီ မနက်​ကတည်းက ​သောက်​ထားတယ်​ "
"မနက်​ဖြန်​​ရော လာနိုင်​ပါ့မလား ငါလာ​ခေါ်ရမလား ​ဆေးထပ်​​သောက်​ဦး​နော်​ နားနား​နေ​နေ ​နေ အလုပ်​​တွေအများကြီး မလုပ်​နဲ့ သိလား "
ငမှူးတစ်​​ကောင်​နဲ့​တော့ ​ဘေးလူကြားရင်​ ရည်​စားဆီဖုန်းဆက်​​နေတယ်​ ထင်​မယ်​ ။ ဘယ်​လို​တောင်​ နုရွ​နေတာလဲ အရင်​ကအဲ့လိုမဟုတ်​ပါဘူး ။ စိတ်​ကိုထိန်းထားရပါတယ်​ဆိုကာမှ အရည်​​ပျော်​​အောင်​ လုပ်​​နေတာပဲ ။
" ငမှူးရယ်​ အဲ့​လောက်​ကြီးမလိုပါဘူးကွ ​သောက်​ပို​တွေ လုပ်​ပြမ​နေနဲ့ "
"ကိုယ်​က အပိုလုပ်​​နေတာ မဟုတ်​ပါဘူး Baby စိတ်​ပူလို့ ဂရုစိုက်​​နေတာပါ 😁😁 "
"တိတ်​စမ်း ရုပ်​ကြမ်းနဲ့နွဲ့မ​နေနဲ့ ဒါပဲ ဖုန်းချလိုက်​ပြီ "
ဖုန်းမြန်​မြန်​ချလိုက်​လို့ မဟုတ်​ရင်​ ငမှူး​ကြောင့်​ ကျွန်​​တော့်​ရင်​​တွေ ​ပေါက်​ကွဲထွက်​​တော့မယ်​ ။ သူက ငါ့ကို စိတ်​ပူတယ်​တဲ့ ။ အဲ့ဒါအမှန်​ပဲလား ။ သူငယ်​ချင်းတစ်​​ယောက်​ အ​နေနဲ့ စိတ်​ပူတာ​နေမှာပါ​လေ ။
နောက်​​နေ့ သင်​တန်းသွား​တော့ ငမှူးက ထူးထူးဆန်းဆန်း ​ရောက်​နှင့်​​နေပြီ ​စောင့်​​နေတယ်​ မြန်​မြန်​ လာဆိုလို့ ​ခေတ်​​နေ အ​ပြေး​လေးသွားမိတယ်​။ ကျွန်​​တော်​ သူ​နောက်​ကျတိုင်း ​စောင့်​​နေတတ်​​ပေမယ့်​ သူ့ကို​တော့ အကြာကြီး မ​စောင့်​​စေချင်​ဘူး ။ သူ့ကို​တွေ့ချင်​​နေတဲ့စိတ်​လည်း ပါတာ​ပေါ့ ။ အ​ဆောင်​​ရှေ့​ရောက်​​တော့ သူ့​ဘေးမှာ သူ့​ကောင်​မ​လေးနဲ့ ။ ​ပျော်​​နေတဲ့အ​ပျော်​​လေး​တွေ အကုန်​​ပျောက်​ကုန်​ပြီ ။ လူက ငိုချင်​သလိုလို မျက်​ရည်​​တွေ ဝဲလာသလား​တောင်​ ထင်​မိတယ်​ ။ မ​ခေါ်ချင်​​ပေမယ့်​လည်း မ​ကောင်းတတ်​​တော့ နှုတ်​ဆက်​လိုက်​ရတယ်​ ။
" သဇင်​ နင်​​ရောက်​​နေတာလား "
"​အေး သက်​တန့်​​ခေါ်ထားတာ​လေ ဒီ​နေ့ Date မလို့ "
ငမှူး သူ့ဘာသာ ​ကောင်​မ​လေးနဲ့ Date တာ ငါ့ကို မြန်​မြန်​လာဖို့ ​ခေါ်​နေရလား ။ သူ​တောင်းစာ ။ ​ခေတ်​​နေ စိတ်​ထဲက ကျိမ်​ဆဲ​နေမိတယ်​ ။ သူတို့ကို ဆက်​မကြည့်​ချင်​​တော့တာနဲ့ဘဲ
" ငါ အတန်းသွားတက်​လိုက်​ဦးမယ်​ ​နောက်​မှ​တွေ့မယ်​​နော်​ "
"ဟာ ​ခေတ်​​နေ ​နေဦး ငါ မင်းကိုပါ လိုက်​ခဲ့ဖို့​ခေါ်​မလို့ "
"ဟာကွာ မင်းတို့ စုံတွဲ Date တာ ငါ ဘာလိုက်​လုပ်​ရမှာလဲ "
" ထားလိုက်​ပါ သက်​တန့်​ရယ်​ သူမလိုက်​ချင်​တာ မ​ခေါ်ပါနဲ့ သူက ရည်းစားမရမယ့်​ FA ပဲဟာကို အ​တွေ့ကြုံ လ်ုက်​ယူလည်းအပိုပဲ 😂😂 "
ငါ့ကိုများ ​စော်​​စော်​ကားကား ​ပြော​နေတာ 😏😏 ။ မျက်​နှာကိုက ​လှောင်​သလို ​ပြောင်​သလို မျက်​ခွက်​နဲ့ ။ တစ်​​နေ့ နင့်​ရည်းစား ငါ့လက်​ထဲ​ရောက်​မှ မငိုနဲ့ ။ ပါးစပ်​က မ​ပြောဖြစ်​တဲ့ စကား​တွေကို စိတ်​ထဲကပဲ ကြုံးဝါးရင်းနဲ့ သူတို့​ရှေ့က ထွက်​လာခဲ့တယ်​ ။ လူက နဂိုကတည်းက ညစ်​လာပါတယ်​ဆို အခန်းထဲ​ရောက်​​တော့ ခုံ​ပေါ်မှာ နာမည်​​တွေ ထပ်​​ရေးထားပြန်​ပြီ ။
" Shit ဘယ်​သူ လက်​ကမြင်းပြန်​ပြီလဲကွာ "
သိန္ခက " ငါ တရားခံ မိပြီ "
"ဘာ တကယ်​လား ဘယ်​သူလုပ်​တာလဲ "
"သိချင်​ရင်​ ကန်​တင်းသွားမယ်​​လေ အလကား​တော့မရဘူး "
" အ​ရေးထဲကွာ မင်းကတမျိုး အရင်​​ပြော ပြီးရင်​ ​ကျွေးမယ်​ "
"ရပါတယ်​ ​ပြောပြမယ်​ ပြီးရင်​​တော့ ကန်​တင်းသွားမယ်​​နော်​ "
" ​အေးဆိုကွာ ​ပြောမှာသာ​ပြော "
"အ​နောက်​က နှစ်​​ယောက်​ ရွှန်းနဲ့မြင့်​မိုရ်​ "
"ဘာ မင်းက​သေချာလို့လား "
"ငါက်ုယ်​တိုင်​မနက်​ကမြင်​တာ မနက်​က အ​စောကြီး​ရောက်​​နေလို့ အခန်းထဲလာ​တော့ သူတို့​ရေး​နေတာ​တွေ့တာ အဲ့ဒါနဲ့ တိတ်​တိတ်​​လေး​ချောင်းကြည့်​​နေလိုက်​တယ်​ သူတို့​ရေးလည်းပြီး​ရော အခန်းထဲက ပြန်​ထွက်​သွားကြတယ်​ ငါ​တောင်​မြင်​မှာဆိုးလို့ အမြန်​ပုန်းတာ ​ချော်​​တောင်​လဲတယ်​ "
" ​သေချာရင်​ ပြီး​ရော ငါစာရင်းရှင်းရမယ်​ "
"ဟာ အချင်းချင်း​တွေ မျက်​နှာပျက်​​အောင်​ မလုပ်​ပါနဲ့ကွာ အရမ်းအကြမ်းကြီး မလုပ်​ပါနဲ့ "
"ငါက ဘာ​ပြော​နေလို့လဲ စာ​ပေးပြီး Warning ​ပေးမလို့ "
"​သြော်​ မသိပါဘူးကွာ စာရင်းရှင်းမယ်​ ဆို​တော့ ပြသနာများရှာ​တော့ မလားလို့ 😕😕"

Fujoshi ရေးတဲ့ဖူးစာ (Complete) Where stories live. Discover now