မှူးသက်တန့် ရှင်က ကျွန်မကို ဘာအကြောင်းနဲ့ဖြတ်ရတာလဲ ။ baby ဆိုတဲ့ တစ်ယောက်ကရော ဘယ်သူလဲ ။ ရှင်ကျွန်မကိုလွယ်လွယ်နဲ့ မထားခဲ့နိုင်ပါဘူး ။
မှူးသက်တန့် အိပ်ရာနိုးလာတဲ့အချိန်မှာ တစ်ခေါင်းလုံး ကိုင်ရိုက်ထားသလို ကိုက်ခဲနေတယ် ။ အိပ်ရာထဲက မထသေးဘဲ ဘေးဘီကိုအရင်ကြည့်လိုက်။ ဒါဘယ်နေရာပါလိမ့်။ ငါ့အိပ်ခန်းလည်း မဟုတ်ပါဘူး ။ ညက ငါ စားသောက်ဆိုင်မှာ သောက်ခဲ့တယ် ။ ပြီးတော့ ပြီးတော့ ဟာ… ဟုတ်တယ် ငါ့ကို baby လာခေါ်သွားတာ ။ baby ဟုတ်ပါတယ် သူအစစ်ပါ ဒါဆို ငါရောက်နေတာ သူ့အခန်းထဲမှာများလား ။ မှူးသက်တန့် ဖြည်းဖြည်းချင်းထလိုက်ပြီး "baby baby" နဲ့ အဆက်မပြတ်ခေါ်နေမိတယ် ။
"ဘယ်လိုဖြစ်တာလဲ သက်တန့် "
မှူးသက်တန့် အသံကြားရာဘက်လှည့်ကြည့်လိုက်တော့ တဘက်လေးပတ်ထားရုံ အနေအထားနဲ့ ရေချိုးခန်းထဲကထွက်လာတဲ့ သဇင် ။
" သဇင် မင်း မင်းက ဘယ်လိုလုပ် ဒီကိုရောက်နေရတာလဲ "
"ဘယ်လိုဖြစ်ရတာတုန်း ကိုကလည်း ညတုန်းက အဲ့လိုမဟုတ်ပါဘူး "
"ဘာတွေပြောနေတာလဲ ညတုန်းက ငါဘာလုပ်ခဲ့လို့လဲ "
"ရှင် တကယ်ပဲမမှတ်မိတော့တာလား သက်တန့် ညတုန်းက ကျတော့ ကျွန်မကို တပေပီတည်းပေပီနေပြီးတော့ အခုမှ အချိုးတွေပြောင်းလို့ရမလား "
"ဟာကွာ မင်းဘာတွေလာပြောနေတာလဲ ငါဘာမှမသိဘူး ငါ့ကိုအရူးလာမလုပ်နဲ့ "
"ရှင်က မယုံကြည်နိုင်ဘူးပေါ့ ရတယ်လေ ကျွန်မက မိန်းကလေးပါ ကိုယ့်ကိုကိုယ်ထိခိုက်ခံပြီး ဒီစကားမျိုးပြောထွက်ပါ့မလား အချိန်တစ်ခုတော့ပေးမယ် ရှင်စဉ်းစားပေါ့ ရှင်ကကျွန်မကို စွန့်ပစ်ခဲ့ရုံတင်အားမရလို့ ကျွန်မဘဝကိုပါ ထပ်ဖျက်စီးပစ်လိုက်တာပဲ "
"တောက် တော်တော့ကွာ မင်းပြောနေတာကို ငါမယုံနိုင်ဘူး ငါသွားမယ် "
မှူးသက်တန့် စိတ်တိုပြီး အခန်းထဲက ပြေးထွက်ခဲ့တယ် ။ ပြီးတော့ ပြန်စဉ်းစားကြည့်တယ် ။ မနေ့ညက ငါ့ကိုလာခေါ်တာ baby လို့ ထင်နေခဲ့တာ ။ ညက baby အထင်နဲ့ တစ်ခုခု များ လုပ်ခဲ့မိလား ။ ခေါင်းတွေပိုနောက်ပြီး ဘာတစ်ခုမှစဉ်းစားလို့မရတော့ဘူး ။ မသိတော့ဘူးကွာ ။ ငါအဲ့လောက်ထိ အဖြစ်မရှိလောက်ပါဘူး 😅😅 ။ ဟုတ်တယ် ငါတို့ ဘာမှဖြစ်ခဲ့မှာ မဟုတ်ပါဘူး ။ baby နဲ့ အရမ်းတွေ့ချင်တာပဲ ။ ဘယ်လိုလုပ်ရပါ့မလဲ ။ လူက အမူးမပြေသေးတာရော ခေါင်းတွေကိုက်နေသေးတာကြောင့်ရော ချာချာလည်နေတာပဲ ။
"အ တောက် ဘယ်လိုလျောက်နေတာလဲ လူတစ်ယောက်လုံးတောင် မမြင်ဘူးလား "
"Sorry ပါဗျာ ကျွန်တော် မမြင်မိလို့ပါ "
"မှူးသက်တန့် နင်မှူးသက်တန့်ပဲ "
"ဟာ မြင့်မိုရ် တောင်းပန်ပါတယ် ငါမူးမပြေသေးလို့ "
"နင့်ပုံက ဘာဖြစ်နေတာလဲ ဘယ်လောက်တောင်သောက်ထားလို့ အမူးကမပြေရသေးတာလဲ "
"Baby ငါ့ကိုထားသွားပြီဟ 😭😭 ငါသူ့ကြောင့် သဇင့်ကိုလည်းဖြတ်လိုက်ပါပြီဟာ ဒါပေမယ့် သူက ငါ့ကို အတွေ့တောင်မခံဘူး ငါလေ baby ကို သိပ်ချစ်တာပါဟာ "
" မှူးသက်တန့် နင်က ဒီလိုလေးဆိုတော့လည်း သနားစရာလေးပါလား အေးပါ ငါနဲ့ရွှန်း ခေတ်နေကို ပြောပြပေးပါ့မယ် ok လား "
"အေးပါဟာ ငါ့ကိုကူညီကြပါ "
မှူးသက်တန့် မျက်နှာငယ်လေးနဲ့ Taxi ပေါ်တက်သွားတာ မြင့်မိုရ် ကြည့်ရင်း စုတ်သပ်မိတယ် ။ မြင့်မိုရ် ဘေးက ယုယမေက
"မမိုရ် သူကဘယ်သူလဲ စောနက မမိုရ် က ခေတ်နေကို ရှင်းပြပေးပါ့မယ်ဆိုတာကရော ဘာလဲ သူနဲ့ခေတ်နေကရော ဘာတွေလဲ "
"ဟာ ဒေါ်ယုယရယ် မေးခွန်းတွေက များလိုက်တာ နင်နဲ့မဆိုင်ဘဲ မသိချင်နဲ့လေ "
"မမိုရ် ယုယ ဟိုကောင်ချောလေး ခေတ်နေကို ချစ်မိနေပြီ သူလည်းယုယကိုချစ်နိင်မယ် ဆိုတာ ယုယသိတယ် သူနဲ့ပတ်သတ်တာတွေ ယုယသိခွင့်ရှိတယ် "
"ယုယ နင်ရူးနေလား သူ့မှာချစ်သူရှိတယ် "
"သူ့ချစ်သူက ဘယ်သူလဲ ခုဏက မှူးသက်တန့် ဆိုတဲ့သူလား "
"အေး ဟုတ်တယ် ခေတ်နေက Gay တစ်ယောက် နင်ချစ်ဖို့မကြိုးစားနဲ့ သူလည်း နင့်ကိုချစ်မှာမဟုတ်ဘူး ယုယ "
"မမိုရ် နင်သိပါတယ် ငါက လိုချင်ပြီဆို မရရအောင် ယူတတ်တယ်ဆိုတာ "
"ယုယ နင်သူ့ကိုတော့ မထိပါနဲ့ဟာ ငါတောင်းပန်ပါတယ် ရွှန်းသိရင်လည်း နင့်ကိုတားမှာပဲ "
"တားကြပေါ့ ယုယက ဘာလုပ်ရမှာလဲ ခေတ်နေကို ယုယပိုင်ဆိုင်စေရမယ် စောင့်ကြည့်နေ "
