Part 14 (Rated -M)

4K 223 1
                                    

မြင့်မိုရ် ပြောတဲ့ စကားလုံးတွေက ကျွန်တော့်ရင်ကို ဓားနဲ့မွှန်းလိုက်သလိုပဲ ။ သူ တကယ်ပဲ ကျွန်တော့်ကြောင့် သတ်ဖို့အထိလုပ်ခဲ့တာလား ။ ယုယမေပြောသလို မြင့်မိုရ်နဲ့ မှူးသက်တန့် ဇာတ်လမ်းကရော တကယ်လား ။ ခေါင်းတွေ ရှုပ်လာပြီ ။ ကျွန်တော် မှူးသက်တန့် နဲ့ တွေ့ချင်တယ် ။ သူ့ဆီက ပြောလာမယ့် စကားတွေကို နားထောင်ကြည့်ချင်တယ် ။ အမှန်တော့ ရှောင်ပြေးခဲ့တဲ့သူက ကျွန်တော် ကိုယ်တိုင်ပဲ ။ အခုမှ သူ့ရှေ့သွားပြီး အမှန်တရား ကို မေးရမှာ သိပ်တော့မလွယ်လှဘူး ။ အဲ့အချိန်မှာ phone ringtone မြည်လာလို့ ကြည့်လိုက်တော့ ယုယမေ ။ ဟုတ်သားပဲ မြင့်မိုရ်ပြောလိုက်တဲ့စကားတွေကြောင့် အတွေးများပြီး သူ့ကို မစောင့်ဘဲပြန်လာခဲ့တာ ။
"ဟယ်လို "
"ဘာလို့ပြန်သွားတာလဲ မေက တွေ့ချင်လို့ပါဆို "
"ဟုတ်တယ်ကွာ ကိုယ်နည်းနည်း စိတ်ရှုပ်သွားလို့ "
"ဟင် ဘာဖြစ်လို့လဲ မမိုရ်က တစ်ခုခုပြောလိုက်လို့လား "
"ဘာလို့အလန့်တကြားမေးနေတာလဲ မင်းတစ်ခုခု လျို့ဝှက်ထားတာ ရှိလို့လား "
"ဟာ ရှိစရာလားလို့ အခုအိမ်မှာလား မေလာခဲ့မယ်လေ "
"Ok လေ ကိုယ်စောင့်နေမယ် "

ကျွန်တော် ယုယမေနဲ့ စကားတွေ အများကြီး ပြောချင်တယ် ။ ကျွန်တော်ရှုပ်ထွေးနေတဲ့ အဖြေတွေ သူသိနေနိုင်မလား ။ သူမသိရင်တောင် ရင်ဖွင့်လို့တော့ရလောက်ပါရဲ့ ။ သိပ်မကြာခင်မှာပဲ ယုယမေ ရောက်လာတယ် ။
"မျက်နှာကြီးက မသာမယာနဲ့ ဘာဖြစ်လို့လဲ အန်တီရော မရှိဘူးလား "
"အေး အမေက သူ့သူငယ်ချင်းအိမ်မှာ အလှူရှိလို့ သွားတယ် မနက်ဖြန်မှ ပြန်လာမယ်တဲ့ မေ ငါတို့ လုပ်နေတာတွေရပ်လိုက်ရအောင် "
"Wae ဘာပြောတာလဲ အခုမှ အစပဲရှိသေးတာကို "
"မဟုတ်ဘူး ငါတို့ကြားထဲမှာ တစ်ခုခုလွဲနေတယ်လို့ ငါခံစားမိတယ် အဲ့အဖြေကို နင်သိလား "
"ဘာအဖြေလဲ "
"ငါသိချင်တာက နင်ပြောခဲ့သလို မှူးသက်တန့် က မြင့်မိုရ် ကို တကယ် လိုက်ခဲ့တာဟုတ်ရဲ့လား ပြီးတော့ မြင့်မိုရ်နဲ့တွဲနေပြီဆိုတာကရော ဟုတ်ရဲ့လားလို့ "
"ငါ့ကိုလိမ်နေတယ်လို့ ပြောချင်တာလား ခေတ်နေ "
"ငါအဲ့လိုမပြောပါဘူး နင်တစ်ခုခုကို အထင်လွဲနေတာလည်း ဖြစ်နိုင်တာပဲ ငါ မှူးသက်တန့် နဲ့တွေ့ကြည့်မလို့ "
"ဟင့်အင်း နင် ... နင်မတွေ့ရဘူး နင်နဲ့ငါက ချစ်သူတွေလေ "
"ယုယမေ ဒါက ဟန်ဆောင်နေတာလေ ငါ မှူးသက်တန့် ကို အရွဲ့တိုက်ချင်လို့ လုပ်ခဲ့တာ နင်ကိုယ်တိုင်လည်း ဒီလိုလုပ်ဖို့ အကြံပေးခဲ့တာလေ ဒါတွေက အစစ်မှန်မှ မဟုတ်တာ "
"မသိဘူး လင်းခေတ်နေ ငါနင့်ကို အရမ်းချစ်တာပါဟာ ငါ့ကို အဲ့လို မလုပ်ပါနဲ့ ငါ့ကို မထားခဲ့ပါနဲ့ "
"နင်ရူးနေလား နင့်ကို ငါမချစ်ဘူး ယုယမေ ငါ ငမှူး သူ့ကိုပဲ ချစ်တယ် "
"နင် ငါ့ကိုထားခဲ့လို့မရဘူး နင့်ကိုပိုင်ဆိုင်ဖို့ ငါအများကြီးကြိုးစားခဲ့ရတာ ဒီလိုနဲ့တော့ လက်မလွှတ်နိုင်ဘူး "
ယုယမေ ခေတ်နေရဲ့ နှုတ်ခမ်းတွေကို နမ်းလိုက်တယ် ။ သူတို့မသိအောင် ရပ်ကြည့်နေတဲ့ လူတစ်ယောက်ကတော့ အသားတွေပါ တစ်စက်စက်တုန်လာပြီး ဒေါသတကြီးနဲ့အော်လိုက်တယ် ။
"ဒါ ဘာလုပ်တာလဲ "

Fujoshi ရေးတဲ့ဖူးစာ (Complete) Where stories live. Discover now