Part 8

3.3K 287 4
                                    

"ဟဲ့ ​ခေတ်​​နေ သား​လေး အ​ခြေ​နေဘယ်​လိုရှိလဲ "
ရွှန်းက ​ခေတ်​​နေရဲ့ လည်​ပင်းကို ​နောက်​​ကျောက​နေ သိုင်းဖက်​ရင်း မှူးနဲ့​ခေတ်​​နေတို့ အ​ခြေ​နေကို ​မေး​နေတယ်​ ။
"အာ မိရွှန်း အသက်​ရှူကြပ်​တယ်​ လည်​ပင်းလာညှစ်​​နေတာလား လွှတ်​ဟဲ့ "
"တိုးတိုး​နေစမ်းပါ အခန်း​ရှေ့မှာ နင့်​လင်​ငါ့သမက်​ ​ချောင်း​နေတယ်​ဟ "
"ဘယ်​မှာလဲ " ​ခေတ်​​နေက အပြင်​ကို လှမ်းကြည့်​​တော့ မြင့်​မိုရ်​ က ​ခေတ်​​နေ​ရှေ့ဝင်​ထိုင်​ပြီး
"လှမ်းမကြည့်​နဲ့​လေ င​ခေတ်​ရဲ့ ​ချောင်းပါ​စေ သူသဝန်​တို​နေတာ သိလား "
"​တော်​ပါ အ​မွှေစိန်​တို့ရယ်​ ငါနင်​တို့ကိုလည်း ခပ်​လန့်​လန့်​​နော်​ "
"ငါတို့ကိုမလန့်​နဲ့ နင်​တို့အ​ခြေ​နေကို အရင်​​ပြောပြ "
"အ​ခြေအ​နေက ငါ့ကို​တော်​​တော်​တင်း​နေပုံ​တော့ရတယ်​ဟ ငါစကား​ကောင်း​ကောင်းမ​ပြောဘူးဆိုပြီး ရန်​လုပ်​​နေတယ်​ "
"Daebak ငါတို့လိုချင်​တာ ဒါပဲ​လေ" ရွန်းနဲ့မြင့်​မိုရ်​ လက်​ဝါးချင်းရိုက်​လိုက်​တယ်​ ။
"အဲ့လိုနဲ့ ငါ့ကိုစိတ်​ပျက်​သွားရင်​ ဘယ်​လိုလုပ်​မလဲ "
"အဲ့လိုမဖြစ်​ပါဘူး ဒါကိုသဝန်​တိုတယ်​လို့​ခေါ်တယ်​ ချစ်​ခြင်းရဲ့ အစပျိုးမှု​လေးပါ ငါတို့ကိုယုံ "
မြင့်​မိုရ်​ က ​ခေတ်​​နေပါးကို ဖွဖွ​လေးဆွဲရင်း ​ပြောလိုက်​တယ်​ ။
"​တောက်​ "
ရုတ်​တရက်​ ကျယ်​လွန်းတဲ့ ​တောက်​​ခေါက်​သံ​ကြောင့်​ သုံး​ယောက်​လုံး လန့်​သွားတယ်​ ။ ကြည့်​လိုက်​​တော့ ကိုယ်​​တွေရဲ့​ဘေးမှာ မတ်​တပ်​ရပ်​ပြီး စိုက်​ကြည့်​​နေတဲ့ငမှူး ။ မျက်​​ထောက်​နီနဲ့ ပြူးကြည့်​​နေတာ သရဲဝင်​ပူး​နေသလား​တောင်​ထင်​ရတယ်​ ။ ကြည့်​​နေပုံက ပြာဖြစ်​သွား​လောက်​တယ်​ ။ ​ပေါက်​ကွဲဖို့ စက္ကန့်​ပိုင်း​လောက်​ပဲ လို​တော့တဲ့ Bomb တစ်​လုံးလိုပဲ။ ပြီး​တော့ ​ခေတ်​​နေ လက်​ကို ဆွဲကိုင်​ပြီး
" ငါနဲ့လိုက်​ခဲ့ မင်းကို​ပြောစရာရှိတယ်​ "
" ​ပြောချင်​ရင်​ ဒီမှာ​ပြော ငါမအားဘူး "
"ငါလိုက်​ခဲ့လို့​ပြော​နေတယ်​​နော်​ "
အော်​လိုက်​တဲ့အသံက အရမ်းကျယ်​သွား​တော့ ဆရာ​တွေကြားသွားရင်​ ရန်​ဖြစ်​တယ်​ဆိုပြီး ခံဝန်​ထိုး​နေဦးမယ်​ ။ ရွှန်းလည်း ​ခေတ်​​နေကို လိုက်​သွားလိုက်​ဖို့ ​ခေါင်းညှိမ့်​အချက်​ပြလိုက်​တယ်​ ။
"​ကောင်းပြီ​လေ လိုက်​ခဲ့မယ်​ ဒါ​ပေမယ့်​ ဘယ်​သွားမှာလဲ "
"မရှည်​နဲ့ ငါ​ခေါ်တဲ့​နေရာလိုက်​ခဲ့ "
သူတို့အခန်း​ရှေ့​ရောက်​​တော့မှ ဝင်​လာတဲ့ သိန္ခက
"မင်းတို့လင်​မယားဘယ်​သွားမလို့လဲ 😂😂 "
"ငါ ဒီ​ကောင်​နဲ့ စာရင်းရှင်းမလို့ "
သိန္ခ​တောင်​ လန့်​သွားပုံရတယ်​ ။ ပျာပျာသလဲ နဲ့ ရွှန်းတို့ကိုလာ​မေးတယ်​ ။
"ဟဲ့ ဟိုနှစ်​​ကောင်​ ဘာဖြစ်​သွားတာလဲ "
"ငါတို့လည်းမသိဘူး​လေဟာ ဟဲ့ မြင့်​မိုရ်​ ငါတို့လည်း အပြင်​ခဏထွက်​ရ​အောင်​ "
သ​ဘော​ပေါက်​လွယ်​တဲ့ မြင့်​မိုရ်​ က နှစ်​ခါမ​ခေါ်ရဘဲ ​ရှေ့က​နေဦး​ဆောင်​ပြီး လိုက်​​ချောင်းဖို့အခန်းပြင်​​ရောက်​နှင့်​ပြီ ။
"ရွှန်း မြန်​မြန်​သွားမယ်​ ​တော်​ကြာမျက်​​ခြေပြတ်​သွားဦးမယ်​ "
ကျွန်​မတို့တက်​​တော့ အ​ဆောင်​ရဲ့ ​နောက်​ဖက်​က လူရှင်းတယ်​ ။ လူသွားလူလာနည်းတယ်​ ။ အဲ့ဒါ​ကြောင့်​ထင်​တယ်​ ။ ငမှူးက ​ခေတ်​​နေကို အဲ့ထိဆွဲ​ခေါ်သွားတာ ။
"ငမှူး လွှတ်​​တော့ ငါ့လက်​နာ​နေပြီ "
ခေတ်​​နေ​ပြော​တော့မှ ငမှူးက လွှတ်​လိုက်​ပြီး ဘာမှမ​ပြော​သေးဘဲ ​ဒေါသမျက်​လုံး​တွေနဲ့ ​ခေတ်​​နေကို ကြည့်​​နေတယ်​ ။
"​ဟျောင့်​ ​ပြောစရာ ရှိတာ​ပြော ငါအချိန်​မရဘူး "
"မင်းဘာလ်ု့ ဟိုနှစ်​​ယောက်​နဲ့​ရော​နေရတာလဲ "
"လာပြန်​ပြီ ငမှူး အဲ့ဒါမင်းအလုပ်​လား ငါ​ပေါင်းချင်​တဲ့သူနဲ့​ပေါင်းမယ်​ ​ရောချင်​တဲ့သူနဲ့​ရောမယ်​ မင်းနဲ့ဆိုင်​လား "
" ငါ​မေး​နေတာပဲ​ဖြေ ဘာလို့​ရော​နေတာလဲလ်ု့ "
"တိုးတိုး​ပြောကွ ဒါမင်းဘိုး​အေအိမ်​မဟုတ်​ဘူး ​သောက်​သံကျယ်​လို့ ဆရာဆရာမ​တွေ ကြားကုန်​ရင်​ ရန်​ဖြစ်​တယ်​ထင်​ပြီး ရှင်း​နေရမယ်​ "
"​ခေတ်​​နေ မင်း သူတို့နဲ့ အဲ့လို​တွေမ​နေပါနဲ့ကွာ ပတ်​ဝန်းကျင်​ ဆိုတာ ရှိ​သေးတယ်​​လေ မ​ကောင်းဘူးကွ မင်းကို အပြစ်​​ပြောကြလိမ့်​မယ်​ "
"သူတို့က ဒီ​လောက်​ချစ်​ဖို့​ကောင်းတာ ငါက ဘာလို့​ဝေး​ဝေး​နေရမှာလဲကွ "
"​ခေတ်​​နေ မင်းတကယ်​ သူတို့ကိုကြိုက်​​နေတာလား "
"အဲ့ဒါ​ရော မင်းနဲ့ဆိုင်​လို့လား ပြီး​တော့ ဒီကိစ္စကို အ​ရေးကြီးခွင်​ကျယ်​လုပ်​​နေရတာလဲ "
"ငါစကားအကုန်​​ပြောပြီးပြီ​နော်​ သူတို့နဲ့​ဝေး​ဝေး​နေ "
"ငါ့ကို အမိန့်​လာ​ပေး​နေရ​အောင်​ မင်းက ငါ့အ​ဖေလား ဆရာကြီးစတိုင်​နဲ့ မင်းကိုယ်​တိုင်​ သူတို့ကိုကြိုက်​​နေလို့ မနာလိုဖြစ်​​နေတာလား "
"​တော်​စမ်း ​ခေတ်​​နေ မင်းမဆိုင်​တာ​တွေလာမ​ပြောနဲ့ "
"အဲ့ဒါဆို​ပြော မင်းဘာဖြစ်​​နေတာလဲ ဘာဖြစ်​ချင်​တာလဲ ​ယောကျာ်းချင်းပဲကွာ ငမှူး ပွင့်​ပွင့်​လင်းလင်း ​ပေါ့ "
"မင်းကို သဝန်​တိုလို့ စိတ်​မချလို့ကွာ ရပြီလား "
"ဘာ ... ငမှူး 😂😂 မင်းက ငါ့ကို သဝန်​တိုရ​အောင်​ မင်းငါ့ကိုကြိုက်​​နေလို့လား ဟာသ​တွေ လာ​ပြော​နေတာပဲ "
"ဟုတ်​တယ်​ ငါမင်းကိုချစ်​တယ်​ အရမ်းချစ်​တယ်​​ခေတ်​​နေ ဒါ​ကြောင့်​ စိတ်​မချဘူး "
ရုတ်​တရက်​ ကြားလိုက်​ရ​တော့ ​ခေတ်​​နေ က်ုယ့်​နားကိုယ်​​တောင်​ မယုံချင်​ဘူး ။
"​ခေတ်​​နေ ငါမင်းကိုတကယ်​ချစ်​​နေမိတာပါကွာ မင်း​ရော ငါ့ကိုမချစ်​နိုင်​ဘူးလား ငါတကယ်​​တော့ ဖွင့်​​ပြောဖို့ အစီအစဉ်​ မရှိခဲ့ပါဘူး အခု မင်းတို့လုပ်​ပုံ​တွေမဟုတ်​လို့ ငါစိတ်​မထိန်းနိုင်​​တော့တာ "
ခေတ်​​နေက မျက်​နှာတည်​သွားပြီး ငမှူးကို ​သေချာကြည့်​​နေ​တော့ ငမှူးခဗျာ အ​တော်​​ကြောက်​​နေပုံရတယ်​ ။ ​နောက်​​တော့ အင်္ကျီစက်ု လှမ်းဆွဲပြီး နားနားတိုးတိုး​လေး ကပ်​​ပြောလိုက်​တယ်​ ။
"ဘယ်​သူက စိတ်​ဆိုးတယ်​​ပြောမိလို့လဲ ငါလည်းမင်းကိုချစ်​ပါတယ်​ " ​ပြောပြီး​တော့ ပါး​လေးကို တချက်​နမ်းလိုက်​တယ်​ ။ ပြီး​တော့မှ ​ခေတ်​​နေက
"သွားရ​အောင်​ ငမှူး ဆရာအတန်းဝင်​ခါနီး​နေပြီ "
"ဒီလိုသွားလို့ရမလားကွ "
မှူးသက်​တန့်​ က လင်း​ခေတ်​​နေ လက်​ကို လှမ်းဆွဲရင်း ရင်​ခွင်​ထဲဖက်​ထားလိုက်​တယ်​ ။ ပြီး​တော့ ​ခေတ်​​နေရဲ့ မျက်​နှာ​လေးကိုဆွဲ​မော့ပြီး နှုတ်​ခမ်း​သေး​သေး​လေးကို နမ်းလိုက်​တယ်​။ ​အောက်​နှုတ်​ခမ်း​လေးကို ဆွဲစုပ်​ယူလိုက်​ပြီး သွားနဲ့ဖိကိုက်​ပစ်​လိုက်​တယ်​ ။ ခဏ​တော့ ​ခေတ်​​နေ​ကြောင်​သွားပြီး အသိပြန်​ဝင်​လာ​တော့မှ
"ငမှူးစုတ်​ တခြားသူ​တွေမြင်​ကုန်​ရင်​ ဘယ်​လိုလုပ်​မလဲ သွားမယ်​လာ "
ငမှူးနဲ့ ​ခေတ်​​နေ လူချင်းခွာလိုက်​​တော့မှ ​ချောင်း​ကြည့်​​နေကြတဲ့ ရွှန်းနဲ့မြင့်​မိုရ်​ လည်း သတိပြန်​ဝင်​လာပြီး အမြန်​​ပြေးရတယ်​ ။ ​တော်​ကြာ ဟိုနှစ်​​ကောင်​မြင်​သွားမှ မိန်းမနှာဘူးလို့ အထင်​ခံ​နေရဦးမယ်​ ။ ကိုယ့်​မျက်​နှာကိုယ်​လည်း ပြန်​စမ်းကြည့်​ရ​သေးတယ်​ နှာ​ခေါင်း​တွေများလျှံ​နေသလားလို့ ။ 😂😂

Fujoshi ရေးတဲ့ဖူးစာ (Complete) Where stories live. Discover now