"နင့် $ပါးစပ် ပိတ်ထား ငါ gay ပါလို့ နင့်ကို ဘယ်မျိုးမစစ်က ပြောတာလဲ 😡😡 "
"ဘယ်သူပြောလဲ ဟုတ်လား နင့်ဘေးနားက နင့်ရဲ့ သူငယ်ချင်းကြီး မှူးသက်တန့် ကိုယ်တိုင်ပြောတာလေ "
" ဘာ...... ဘာ ပြောတယ် မှူး...မှူးသက်တန့် ပြောတာဟုတ်လား "
ငမှူးက ခေါင်းကြီးကို ငုံ့ထားတယ် ။ တိတ်တိတ်နေခြင်းဟာ ဝန်ခံခြင်းတဲ့ ။ ကျွန်တော့်ကို ရင်မဆိုင်ရဲလို့ ခေါင်းငုံ့ပြီးနေတာက သူလုပ်ခဲ့ပါတယ်လို့ ဝန်ခံလိုက်တာပဲ ။ လုပ်ရက်လိုက်တာ ။ အဲ့မိန်းကလေးက Gay လို့ထင်ပြီး ငြင်းလိုက်တာထက် နောက်ကျောက ဓားနဲ့အထိုးခံလိုက်ရတာကို ပိုခံပြင်းတယ် ။
" မှူးသက်တန့် မင်းကွာ "
ကျွန်တော်နဲ့ ငမှူး စခင်လာကြကတည်းက သူ့ကို နာမည်အရင်းအတိုင်း တစ်ခါမှ မခေါ်ဖူးဘူး ။ အဲ့လိုခေါ်တယ်ဆိုတာ စိတ်ဆိုးလွန်းလို့ခေါ်မိတာ ။ ကျွန်တော် ဘာမှဆက်မပြောတော့ဘဲ သူတောင်းပန်လာလေမလားလို့ စောင့်နေပေမယ့် သူ့ဘက်က ဘာမှမတုံ့ပြန်ခဲ့ဘူး ။ နောက်ဆုံးတော့ ကျွန်တော်က်ုယ်တိုင်ပဲ ဖြေရှင်းချက်တောင်းလိုက်တော့တယ် ။
"မင်း ဘာလို့ အဲ့လို လုပ်ရတာလဲ မင်းငါ့ကို အဲ့လောက်တောင် မုန်းနေတာလား "
"မသိဘူးကွာ ဘာကြောင့်လုပ်လည်း လာမမေးနဲ့ မင်းတို့နှစ်ယောက် တွဲမှာမမြင်ချင်လို့ လုပ်တာ "
" Fuck မင်းသူ့ကို ကြိုက်နေတာလား ဒါဆိုလည်း ငါ့ကို ပွင့်ပွင့်လင်းလင်း လိုက်လေ အခုလို လုပ်တာကောင်းလား "
" Good Very Good အရမ်းကောင်းတာပေါ့ I like it "
တောက် ပြောနေတဲ့မျက်နှာပေးကိုက ဖြတ်ရိုက်ချင်စရာ ။ သူ့ကိုယ်သူ ဂုဏ်ယူနေတဲ့ မျက်ခွက်နဲ့ ။
" ငမှူး မင်းငါ့ကို တောင်းပန်သင့်တယ် မထင်ဘူးလား "
" ဘာလို့တောင်းပန်ရမှာလဲ ငါမှမမှားတာ "
" ဒီလောက် ငါ့ကို $ရှက်ခွဲခဲ့တာတောင် ဘာမှ မမှားဘူးတဲ့လား တောင်းပန်ဖို့မလိုဘူးတဲ့လား "
" ဟက် တောင်းပန်စေချင်တယ်လား ဆုတောင်းလေ ဆုတောင်းလိုက် 😂😂 "
ဒီကောင် သူနဲ့မဆိုင်သလို သူအပြစ်မရှိသလ်ုမျက်နှာမျိုးနဲ့ ပြောနေတာ ကျက်သရေတုန်းလိုက်တာ ။
" သြော် ဒါနဲ့ မင်းအခုလိုလုပ်တာ ဟိုကောင်မလေးကိုကြိုက်လို့လား ငါ့ကိုကြိုက်လို့လား "
ကျွန်တော်လည်း တမင်မျက်နှာပြောင်တိုက်ပြီးကို မေးလိုက်တယ် ။ သူအလှည့်ကျတော့ ချက်ချင်းမျက်နှာက ရဲတက်လာပြီး ကျွန်တော့်ကိုအော်တယ် ။
" မင်း ဘာစကားပြောတာလဲ လင်းခေတ်နေ "
"မှန်နေလို့ နာသွားတာလား "
"မင်းသောက်ပါးစပ် ပိတ်ထားစမ်း ဆက်ပြောရင် ငါမင်းကို သတ်မိလိမ့်မယ် "
သူပြောချင်တာပြောပြီး လှည့်ထွက်သွားတဲ့ ငမှူးကို ကျွန်တော် နားမလည်စွာဘဲ ရပ်ကြည့်နေမိတယ် ။ သူက်ုယ်တိုင်ကျတော့ ကျွန်တော့်ကို Gay လုံးလုံး ဖြစ်အောင် ပြောပြီး သူ့ဘက်ကျတော့ ဒီလောက်လေးတောင် အပြောမခံနိုင်ဘူး တဲ့ ။ ဒါလေးပြောရုံနဲ့ ဒီလောက်ထိ ဖြစ်ဖို့ မလိုပါဘူး ။