"ဟုတ်တယ် မှားနေတယ် နင်တို့ကိုယုံစားခဲ့မိတာ ငါမှားတယ် လူတွေကကြောက်ဖို့ကောင်းလိုက်တာ ဟက် 😅 နင်တို့ရဲ့အချစ်ခရီးလမ်းဖြောင့်ဖြူးပါစေလို့ ငါဆုတောင်းပေးလိုက်ပါတယ် "ခေတ်နေ သူတို့ရှေ့မှာ ဆက်ပြီး ရပ်နေဖို့ အင်အားမရှိတော့လို့ အမြန်ပြေးထွက်လာခဲ့တယ် ။
"ခေတ်နေ ခေတ်နေ " နောက်က ရွှန်းရဲ့အော်ခေါ်နေသံကို ကြားနေပေမယ့် ခြေလှမ်းတွေကို မရပ်တန့်ပစ်ခဲ့ဘူး ။" baby ဘာဖြစ်သွားတာလဲ ငါ့ကို ပြောကြပါဦးဟာ "
"ငါဘယ်သိမလဲ "
ရွှန်းကပြောရင်း မြင့်မိုရ် ကို ကြည့်လိုက်တော့ တစ်ခုခု ကို စဉ်းစားနေတဲ့ မြင့်မိုရ်က
"ငါ တရားခံကို သိပြီ "
ဆိုပြီး အိမ်ထဲကို ပြေးဝင်သွားတယ် ။ အိမ်ထဲရောက်တော့ ယုယမေက ပန်းသီတစ်လုံးက်ု မာန်ပါပါနဲ့ ကိုက်စားနေတယ် ။ မျက်နှာက အောင်မြင်သူတစ်ယောက်လို ဝင့်ကြွားနေတဲ့ ပုံစံမျိုး ။ သူ့မျက်လုံးတွေက အရမ်းစိမ်းသက်သက်နိုင်စွာနဲ့ မြင့်မိုရ် ကို ကြည့်နေတယ် ။
"ယုယမေ နင့်လက်ချက်မဟုတ်လား "
"ဘာလဲ မမိုရ် ဘာကိုပြောတာလဲ "
"နင် မသိချင်ယောင်ဆောင်မနေနဲ့ ခေတ်နေကို ဘာသွားပြောလိုက်လဲပြော "
"ငါက လုပ်သင့်တာလေးလုပ်ရုံပဲ နင့်ကို ပြောခဲ့တယ်လေ ငါက လိုချင်ရင်ရအောင်ယူတတ်တယ်လို့ "
"ဘာတွေဖြစ်ကုန်တာလဲ မြင့်မိုရ် ငါ့ကိုပြောပြပါဦး "
"မရွှန်း ငါ ခေတ်နေကို ချစ်တယ် သူ့ကို ငါရအောင်ကြိုးစားမှာ "
"မင်း ဘာစကားပြောတာလဲ လင်းခေတ်နေဆိုတာ ငါ့အတွက်ပဲ ဖြစ်ရမယ် "
"ဟက် မှူးသက်တန့် အခု ရှင့်ကို ခေတ်နေက အတွေ့တောင်ခံလို့လား အခုရှင့်ကို သူတော်တော်မုန်းသွားမှာ ရှင့်ကိုတင်မဟုတ်ဘူးနော် နင်တို့နှစ်ယောက်လည်းပါတယ် "
ယုယမေက ရွှန်းနဲ့မြင့်မိုရ် ကို ကျေနပ်နေတဲ့ အပြုံးနဲ့ ပြောနေတယ် ။
" ယုယ နင်အတော်ယုတ်မာပါလား ခေတ်နေကို ဘာတွေ ဘယ်လောက်ထိ ပြောလိုက်လဲ "
" ပါးပါးလေးပဲ ပုတ်လိုက်တာပါ 😈😈 "အဲ့လိုဖြစ်ပြီးကတည်းက ခေတ်နေက လုံးဝကို ပျောက်နေတာ ။ အိမ်သွားတော့လည်း သူ့အမေက မရှိဘူးပဲ ပြောနေတယ် ။ မတွေ့ချင်လို့ ပုန်းနေတဲ့သူကို ဘယ်လိုရှာရပါ့မလဲ ။ မှူးသက်တန့် ကလည်း အရက်ပုလင်းထဲ ခေါင်းစိုက်ပြီး တစ်ချိန်လုံးမူးနေတာ ။ ကြာရင် အရက်သမားလုံးလုံးဖြစ်တော့မယ် ။ မြင့်မိုရ်နဲ့ရွှန်းလည်း ဘယ်လိုလုပ်ရမလဲ အကြံပဲထုတ်နေကြတယ် ။
" ယုယမေက စောက်လုပ်မဟုတ်တာက်ု လုပ်သွားတာဟာ "
"ပြောမနေပါနဲ့တော့ မြင့်မိုရ် ရယ် ဖြစ်ပြီးတာ ပြီးပြီလေ လက်ရှိကိုပဲ ဘယ်လိုဖြေရှင်းပေးရမလဲ တွေးကြတာပေါ့ ပြီးတော့ သူက နင့်ညီမလေ မခေါ်ချင်လို့သာ.ရမယ် မတော်ချင်လို့မရဘူးဟ "
"ခေတ်နေကလည်း နည်းနည်းပါးပါးတောင် ဖြစ်နိုင်မဖြစ်နိုင် မစဉ်းစားဘူး အခုဆို တစ်လတောင်ပြည့်တော့မယ် သူ့ကိုမှ ပြန်မခေါ်ပေးနိုင်ရင် ဟိုကောင်ငမှူးလည်း ဘဝပျက်တော့မယ် အရက်သမားစစ်စစ်ဖြစ်နေပြီ "
"ယုယမေရော နင့်ကိုမဆက်သွယ်ဘူးလား သူ့ကိုလည်း ခွင့်လွှတ်ပေးလိုက်ပါဟာ အပြစ်ပြောလို့လည်း ဘာမှဖြစ်မလားနိုင်ဘူးလေ "
"ဟိုနေ့ကဖုန်းဆက်တယ်ဟ ငါ့ကိုသူ့ဘဲနဲ့မိတ်ဆက်ပေးမလို့တဲ့ အခုသူက ရည်းစားတောင်ရသွားပြီ ငါတို့OTP လေးကိုကျတော့ ဖျက်ဆီးချင်တိုင်းဖျက်ဆီးသွားတယ် "
"ဟဲ့ အဲ့ဒါကောင်းတာပေါ့ မြင့်မိုရ်ရဲ့ သူရည်းစားရသွားရင် ခေတ်နေကို စိတ်ကုန်သွားလောက်ပြီ အဲ့ဒါဆို သူလုပ်ခဲ့တာတွေ ခေတ်နေကို ပြန်ရှင်းပြခိုင်းရမယ်လေ သူ့ကို တွေ့ဖို့ချိန်းလိုက်လေ "
"အေးဟုတ်တယ်နော် အဲ့ဒါကို မစဉ်းစားမိဘူး အဲ့ဒါဆို ဒီရက်ထဲချိန်းလိုက်မယ် နင်ပါလိုက်ခဲ့နော် "
"Oki မတ်မတ် "
